နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ၂၀၁၄ ခုနှစ်အတွင်း ဖမ်းဆီးရန် ကျန်ရှိနေသည့် တရားခံပြေး စုစုပေါင်း ၁၁၇၀၈ ဦးရှိပြီး ရန်ကုန်တိုင်းတွင် အများဆုံးဖမ်းဆီးရန် ကျန်

နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ၂၀၁၄ ခုနှစ်အတွင်း ဖမ်းဆီးရန် ကျန်ရှိနေသည့် တရားခံပြေး စုစုပေါင်း ၁၁၇၀၈ ဦးရှိပြီး ရန်ကုန်တိုင်းတွင် အများဆုံးဖမ်းဆီးရန် ကျန်
Published 20 January 2015

နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ၂၀၁၄ ခုနှစ်အတွင်း ဖမ်းဆီးရန် ကျန်ရှိနေသည့် တရားခံပြေး စုစုပေါင်း ၁၁၇၀၈ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖမ်းဆီးရန် ကျန်ရှိနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၏ ပြောပြချက်အရ သိရသည်။ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က နေပြည်တော်တွင် ဇန်ဝါရီ ၂၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏ မေးခွန်းအား ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က “ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးများကို ဖမ်းဆီးရမိရန် မည်သို့ဆောင်ရွက်လျက် ရှိခြင်းနှင့် တရားခံပြေးများ စာရင်းကို ဖော်ပြပေးနိုင်ခြင်း ရှိမရှိ” ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။“ဖမ်းဆီးရန်ကျန်ရှိသော တရားခံပြေးများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရေးဆွဲထားသော စီမံချက်နှင့်အညီ တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့မှူးများ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ခရိုင်၊ မြို့နယ်များတွင် တရားခံပြေးဖမ်းဆီးရေး အထူးအဖွဲ့များဖွဲ့စည်း၍ Hot Spot Area များ သတ်မှတ်ဆောင်ရွက်လျက် ရှိပါတယ်” ဟု ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ပြောကြားသည်။တရားခံပြေးများကို ဖော်ထုတ်ဖမ်းဆီးလျက် ရှိရာတွင် ၂၀၁၁ ခုနှစ်၌ တရားခံပြေး ၁၅၂၀၊ ၂၀၁၂ ခုနှစ်တွင် ၁၅၁၉ ဦး၊ ၂၀၁၃ ခုနှစ်တွင် ၁၅၂၀ နှင့် ၂၀၁၄ ခုနှစ်တွင် ၁၈၈၄ ဦး စုစုပေါင်း ၆၄၃၄ ဦးတို့အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆိုသည်။နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ၂၀၁၄ ခုနှစ်အတွင်း ဖမ်းဆီးရန် ကျန်ရှိနေသည့် တရားခံပြေး စုစုပေါင်း ၁၁၇၀၈ ဦးကျန်ရှိနေပြီး နေပြည်တော်တွင် တရားခံပြေး ၅၂၄ ဦး၊ ကချင်ပြည်နယ်တွင် ၇၀၉ ဦး၊ ကယားပြည်နယ်တွင် ၃၈ ဦး၊ ကရင်ပြည်နယ်တွင် ၃၅၄ ဦး၊ ချင်းပြည်နယ်တွင် ၂၁၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၉၀၀၊ တနင်္သာရီတိုင်းဒေသကြီး ၂၃၅ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၇၇၀၊ မကွေးတိုင်းဒေသကြီးတွင် ၁၇၉ ဦး၊ မွန်ပြည်နယ်တွင် ၇၂၀ ဦး၊ ရှမ်းပြည်နယ်တွင် ၃၃၈ ဦးတို့အား ဖမ်းဆီးရန် ကျန်နေကြောင်း ၎င်းကဆိုသည်။ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ဖမ်းဆီးရန် ကျန်ရှိနေသည့် တရားခံပြေး ၂၄၃၆ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၅၀၉ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် ၆၂၅ ဦးတို့ရှိကြောင်း ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ဆက်လက်ပြောကြားသည်။ပြစ်မှုကျူးလွန်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးများသည် ၎င်းတို့ဘ၀ ရပ်တည်ရှင်သန်ရေးအတွက် ပြစ်မှုများ ထပ်မံကျူးလွန်လေ့ ရှိသည့်အတွက် တရားခံပြေး ဖမ်းဆီးရမိရေးမှာ အရေးကြီးသည့် တာဝန်တစ်ရပ် အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆိုသည်။

Most Read

Most Recent