“ပြည်သူလူထုဘက်ကသာ အများကြီး အဆင်ပြေသွားမယ်။ အစိုးရအနေနဲ့ အချိန်ကုန်မယ်၊ အလုပ်ရှုပ်မယ်၊ ဝန်ထုပ်ဝန်ပိုးကြီးပြီးတော့ မထင်ရင်မထင်သလို အခက်အခဲတွေပေါ်လာနိုင်တဲ့လုပ်ငန်းဆိုတော့ မလုပ်တာဖြစ်မယ်” ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းနှင့်တွေ့ဆုံခ

“ပြည်သူလူထုဘက်ကသာ အများကြီး အဆင်ပြေသွားမယ်။ အစိုးရအနေနဲ့ အချိန်ကုန်မယ်၊ အလုပ်ရှုပ်မယ်၊ ဝန်ထုပ်ဝန်ပိုးကြီးပြီးတော့ မထင်ရင်မထင်သလို အခက်အခဲတွေပေါ်လာနိုင်တဲ့လုပ်ငန်းဆိုတော့ မလုပ်တာဖြစ်မယ်” ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းနှင့်တွေ့ဆုံခ
Published 19 January 2015
သစ်ထွဋ်

ရန်ကုန်မြို့တွင် လူနေထိုင်မှု သိပ်သည်းလာခြင်း၊ စရိတ်မြင့်မားလာခြင်း၊ လက်ရှိ တန်ဖိုးနည်းအိမ်ရာများသည် အခြေခံလူတန်းစားများ လက်လှမ်းမမီဖြစ်ရခြင်း၊ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်ရာတွင် အစိုးရအဖွဲ့၏ အခက်အခဲများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လက်ရှိဆောင်ရွက်မှုများအပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
“ပြည်သူလူထုဘက်ကသာ အများကြီး အဆင်ပြေသွားမယ်။ အစိုးရအနေနဲ့ အချိန်ကုန်မယ်၊ အလုပ်ရှုပ်မယ်၊ ဝန်ထုပ်ဝန်ပိုးကြီးပြီးတော့ မထင်ရင် မထင်သလို အခက်အခဲတွေ ပေါ်လာနိုင်တဲ့ လုပ်ငန်းဆိုတော့ မလုပ်တာဖြစ်မယ်”ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းနှင့် တွေ့ဆုံခြင်းမေး။ လက်ရှိ ရန်ကုန်မြို့မှာ လူနေထိုင်မှုတွေက သိပ်သည်းလာတယ်။ နေထိုင်မှု စရိတ်တွေကလည်း တက်လာနေတယ်။ ဒီလို နေထိုင်မှုတွေနဲ့ ပတ်သက်ပြီး အခု တန်ဖိုးနည်းအိမ်ရာတွေလည်း ဆောက်လာတာတွေ ရှိတယ်ပေါ့။ လက်ရှိ တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်ရောင်းချမှု အခြေအနေက ဘယ်လိုရှိပါသလဲ။ဖြေ။ အခု ပြည်ထောင်စုအစိုးရအဖွဲ့ အနေနဲ့ရော တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေ အကောင်အထည်ဖော်နေတာပဲ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီး ရန်ကုန်အပါအဝင် အခုဆိုရ င်နည်းအမျိုးမျိုးနဲ့ ရောင်းချနေတာပေါ့။ ရောင်းချတဲ့ အပိုင်းမှာတော့ ပထမပိုင်းမှာ ကျွန်မတို့ စိုးရိမ်တာက ပွင့်လင်းမြင်သာမှု ရှိပါ့မလား ဆိုပြီးတော့။ အခု စိုးရိမ်သလောက်တော့ ဖြစ်မလာဘူး။ အနည်းငယ်တော့ ပွင့်လင်းမြင်သာမှုတော့ ရှိလာတယ်။ လူရှေ့သူရှေ့မှာ မဲနှိုက်ပြီးတော့ ရောင်းချတာတွေ ဖြစ်လာတယ်။ အဲဒါကိုတော့ ကျွန်မတို့က ကြိုဆိုတယ်။ ဒါပေမဲ့ ပြဿနာက ဘာဖြစ်နေတာလဲဆိုတော့ အဲဒီ တန်ဖိုးနည်းအိမ်ရာတွေက တန်ဖိုးမြင့်နေတယ်ဆိုတော့ ပြည်သူလူထုက လက်လှမ်းမမီဘူးပေါ့။ အဲဒီတော့ အများစုက သွားတော့မဲနှိုက်ကြည့်လိုက်မယ်။ နှိုက်လို့ ပေါက်လို့ရှိရင် ပြန်ရောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်လောက်နဲ့ပဲ သွားပြီးတော့ လျှောက်လွှာတင်နေကြတယ်။ တကယ်တမ်း မဲပေါက်သွားတဲ့ အခါကျတော့ မဲပေါက်သူရဲ့ ရာခိုင်နှုန်း ၃၀ လောက် မပြည့်တဲ့သူကပဲ ငွေတကယ်သွင်းပြီးတော့ ဝယ်နိုင်တာကို တွေ့ရတယ်။ ပျမ်းမျှ ရာခိုင်နှုန်း ၇၀ လောက်ရှိတဲ့ မဲပေါက်သူတွေက ဒီအိမ်ရာတွေကို လက်လှမ်းမမီဘူး။ ပထမဆုံး အဆင့်မှာ သိန်း ၇၀ ကနေ ၈၀ အတွင်း ပေးရတာဆိုတဲ့ အခါကျတော့ အဲဒီသိန်း ၇၀၊ ၈၀ ကိုပေးဖို့ကျတော့ သာမန်ဝင်ငွေရှိတဲ့ လူတန်းစားက မတတ်နိုင်ဘူး။ အခု ဘယ်လိုဖြစ်လဲဆိုတော့ တန်ဖိုးနည်းအိမ်ရာတွေက မဲတော့ပေါက်ထားပါရဲ့ သို့သော် ငွေမသွင်းဘဲနဲ့ ဒီအတိုင်းမဝယ်နိုင်တဲ့ အနေအထားတွေမှာ ရှိနေတယ်။ ပေါက်တဲ့သူတွေက မဝယ်နိုင်ဘူး။ တစ်ချိန်တည်းမှာ မပေါက်တဲ့သူတွေကလည်း ပေါက်တဲ့သူတွေဆီက အမြတ်ပေးပြီးတော့ ၄၀၊ ၅၀ လောက် အမြတ်ပေးပြီးတော့ ပြန်ဝယ်နေကြတာမျိုးလောက်ပဲ ရှိတယ်။မေး။ အခု သတင်းတွေမှာ ဖတ်နေရတာက တန်ဖိုးနည်းအိမ်ရာတွေ များများဖော်ဆောင်ဖို့ဆိုရင် အခက်အခဲတွေ ရှိတယ်လို့ ဖတ်ရတယ်။ ဥပမာ မြေယာလိုပေါ့။ ဒီတော့ လက်လှမ်းမီတဲ့ တန်ဖိုးနည်းအိမ်ရာတွေ များများဖော်ဆောင်ပေးဖို့က ဘာတွေက အခက်အခဲ ဖြစ်နေတာလဲ သိပါရစေ။ဖြေ။ အမှန်တော့ တန်ဖိုးနည်းအိမ်ရာလို့ ပြောပေမယ့် ဈေးကြီးတော့ အများပြည်သူ ငွေမသွင်းနိုင်ဘူးပေါ့။ ငွေမသွင်းနိုင်ဘူးဆိုရင် ငွေသွင်းနိုင်တဲ့ နည်းလမ်းကို စဉ်းစားရမှာပေါ့။ မြေဈေးတွေ ကြီးနေတာလည်း အမှန်ပဲ။ အစိုးရအနေနဲ့ မြေသာထုတ်ပေးမယ်ဆိုရင် သိန်း ၁၀၀ အောက် အိမ်ရာတွေ လုပ်ပေးမယ်။ အခန်း ၁၀၀၀ လောက် လက်ဆောင်ပေးမယ်ဆိုတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေလည်း အခုအများကြီး ပေါ်လာပြီလေ။ ခဏခဏ အစည်းအဝေးတွေမှာ တွေ့နေရတယ်။ သို့သော် ပြဿ နာက အစိုးရက ဒီကုမ္ပဏီတွေကို မြေမပေးနိုင်ဘူး။ တစ်ချိန်တည်းမှာ ဈေးကြီးနေတဲ့ အတွက်ကြောင့် လူတွေက လက်လှမ်းမမီနိုင်တဲ့ အခါမှာ ကျွန်မဆိုရင် လွှတ်တော်မှာ မကြာမကြာ ပြောဖြစ်ပါတယ်။ နှစ် ၂၀ နှစ် ၃၀ စီမံကိန်းနဲ့ ရောင်းပေးဖို့။ ဝယ်ယူသူရဲ့ စီးပွားရေး အနေအထားကို ကြည့်ပြီးတော့ပေါ့။ ဝယ်တဲ့သူက ငယ်ရွယ်တဲ့သူ ဖြစ်သေးတယ်။ ဥပမာအားဖြင့် စုံတွဲတွေဆိုရင် သူတို့နှစ်ဦးစလုံးက ဝင်ငွေရှိနေတယ်။ သူတို့မှာ အလုပ်လုပ်နိုင်စွမ်း ရှိသေးတယ်ဆိုလို့ရှိရင် ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဝယ်တဲ့စနစ်ပေါ့။ အခုလောလောဆယ် ရောင်းနေတာက သုံးနှစ်တို့ လေးနှစ်တို့ အများဆုံးပဲလေ။ အဲဒီတော့ ကျွန်မမကြာခဏ အဆိုပြုဖြစ်တာက နှစ် ၂၀ နှစ် ၃၀ စီမံကိန်းတွေပေါ့။ နှစ် ၂၀ နဲ့ရောင်းမလား။ နှစ် ၃၀ နဲ့ ဒီလူကို ရောင်းမလားဆိုတာက ဘဏ်က သူ့ဘာသာ ဆုံးဖြတ်မှာ။ ဆုံးဖြတ်ပြီးတော့မှ ဝယ်တဲ့သူနဲ့ ဘဏ်နဲ့ စာချုပ်ချုပ်ပြီးတော့ အခန်းကိုဝယ်တဲ့ စနစ်ပေါ့။ မကျေခင်က အိမ်ရာပြီးတာနဲ့ တက်ပြီးနေလို့ရမယ်။ တစ်ခါ တစ်ဖက်ကလည်း သူနေသမျှ ကာလပတ်လုံးမှာ သူဒီအကြွေးကို ဆပ်သွားရင်း ဆပ်သွားရင်းနဲ့ သူကျေသွားမယ်။မေး။ တန်ဖိုးနည်းတိုက်ခန်း ဆောက်လုပ်ပေးဖို့နဲ့ ပတ်သက်ပြီး မြေယာပေးဖို့ အခက်အခဲ ရှိတယ်ဆိုပြီး အကြောင်းပြတာတွေက ကျွန်တော်တို့လည်း ကြားရပါတယ်။ ဒီကိစ္စကို ဘယ်လိုအခြေအနေမျိုးမှာ ရှိပါသလဲ။ဖြေ။ ပထမပိုင်းကတော့ ဟုတ်တယ်ပေ့ါ။ အစိုးရအဖွဲ့သစ် တက်လာပြီး နှစ်နှစ်လောက် ကြာတဲ့အခါမှာ ကျွန်မတို့ သုံးသပ်လေ့လာတဲ့ အခါကျတော့ ရန်ကုန်မြို့မှာ မြေယာမရှိတော့ဘူးလို့ ထင်ရတယ်။ ဒါပေမဲ့လည်း နှစ်နှစ်ကျော် အသေးစိတ် လေ့လာကြည့်လိုက်တဲ့ အခါမှာ အခုဆိုရင် ထင်ထင်ရှားရှား တွေ့ရတာက စက်မှုဇုန်တွေမှာ မြေအလွတ်တွေ အများကြီး ရှိနေတယ်။ ဒီစက်မှုဇုန်တွေမှာ အလုပ်မလုပ်ဘဲ မြေယာတွေကို သိမ်းထားတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများကြီး ရှိနေတာကို တွေ့ရတယ်။ အဲဒီတော့ စက်မှုဇုန်မှာ တကယ်သတ်မှတ်ထားတဲ့ အလုပ်ကို မလုပ်ဘူးဆိုရင် ဥပဒေအရ ဒီမြေတွေကို ပြန်သိမ်းလို့ရတယ်။ ဒီမြေတွေ အများကြီးကို တစ်ဦးတစ်ယောက် ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ပိုင်ဆိုင်ခွင့်ပေးခြင်းဟာ အနာဂတ် ငွေကြေးဈေးကွက်အတွက်လည်း မကောင်းဘူး။ အမှန်ကတော့ ဒီမြေတွေကို ဥပဒေနဲ့အညီ ပြန်သိမ်းရမယ်။ ဘာကြောင့်လဲဆိုတော့ ဒီမြေတွေကို ဒီလုပ်ငန်းရှင်တွေက မလုပ်တဲ့အတွက် ပြန်သိမ်းပြီးတော့ ဒီလိုမြေတွေမှာ တန်ဖိုးနည်းအိမ်ရာတွေ အကောင်အထည်ဖော်ရင်တော့ ရတယ်။ ကျွန်မ ဖြစ်စေချင်တာက တန်ဖိုးနည်းအိမ်ရာက လူတွေ လက်လှမ်းမမီဘူးဆိုရင် လွှတ်တော်မှာလည်း ခဏခဏပြောဖြစ်တဲ့ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းတွေ ဖော်ဆောင်ဖို့ပေါ့။ ကျွန်မတို့ ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးပြီး နောက်ပိုင်းမှာပဲ သမ္မတကြီးလည်း ပြည်သူ့အငှားအိမ်ရာတွေ စီစဉ်ပေးမယ်လို့ သူ့ရဲ့ မိန့်ခွန်းတွေမှာ ပြောသွားတာ တွေ့ရတယ်။ ဒါက မဖြစ်နိုင်စရာ အကြောင်းတော့ မရှိပါဘူး။ လုပ်ရင်တော့ ဖြစ်ပါတယ်။ မြေရပြီဆိုရင် လုပ်ငန်းရှင်နဲ့ လုပ်မလား။ အစိုးရကိုယ်တိုင် လုပ်မလားဆိုတာ ကျွန်မတို့ဘာသာ စဉ်းစားရုံပဲ။မေး။ တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးတာတွေမှာ လက်ရှိအစိုးရဟာ သက်တမ်းတစ်နှစ်ပဲ ကျန်တော့တဲ့အတွက် ခက်ခက်ခဲခဲ လုပ်ရမယ့် အလုပ်တွေကို လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူးလို့ ပြောဆိုတာတွေကို မီဒီယာတွေမှာ ဖတ်ရပါတယ်။ ဒါကရော ဘယ်လိုရှိနေပါသလဲ။ဖြေ။ ကျွန်မတို့ ဘဏ္ဍာနှစ်အတွက်ကို ဘတ်ဂျက်ကိစ္စ ဆွေးနွေးတဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီးမှာ ၇၇ ဘီလျံလောက် လမ်းခင်းဖို့ သုံးမယ်။ အဲဒီထဲက ၁၀ ဘီလျံလောက်ကို ဖယ်ပြီး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းတွေ လုပ်ပေးပါ။ မြေကိုလည်း မြေမရှိဘူးလို့ ပြောတဲ့အတွက် အခု စက်မှုဇုန်မြေကွက်တွေကို ယူပြီးတော့ လုပ်လို့ရပါတယ်လို့ ဘတ်ဂျက်ကို ပြင်ဆင်တဲ့အဆို တင်သွင်းတဲ့အခါမှာ ဒီကိစ္စကို ပြောခဲ့တယ်။ အမှန်ဆိုရင် ဖြစ်တယ်။ ၇၇ ဘီလျံထဲက ၁၀ ဘီလျံကိုဖယ်ပြီး ပြည်သူ့အငှားအိမ်ရာ ဆောက်ဖို့ဆိုတာ ဒါဖြစ်ပါတယ်။ အစိုးရအနေနဲ့ မဖြစ်ဘူးဆိုရင် ဖြစ်အောင်လုပ်မယ့် ပုဂ္ဂလိကတွေ အများကြီးပါ။ ဘဏ်လုပ်ငန်းရှင်တွေဆို ခဏခဏ ကျွန်မတို့ကို မီဒီယာမှာရော၊ အပြင်ဆွေးနွေးပွဲတွေမှာရော သူတို့ ပြောနေတယ်။ ကျွန်တော်တို့ ထုတ်ပေးပါ့မယ်။ ကျွန်တော်တို့ ဒီအိမ်ရာအတွက် လိုအပ်တေဲ့ငွေကို ထုတ်ချေးပါ့မယ်။ အဲဒီတော့ အစိုးရက အကောင်အထည်ဖော်ရုံပဲပေါ့နော်။ လုပ်ငန်းရှင်ဘက်ကလည်း အဆင်သင့်ရှိတယ်။ မြေလည်း ဖန်တီးလို့ရတယ်ဆိုတော့ အကောင်အထည် ဖော်ရုံပဲပေါ့။ သို့သော် ၇၇ ဘီလျံကို လမ်းအတွက်သုံးပြီး ၁၀ ဘီလျံကို အငှားအိမ်ရာတွေအတွက် မလုပ်နိုင်ဘူးဆိုတာ ဘာကြောင့်လဲဆိုတာ မီဒီယာတွေကမေးတော့ ကျွန်မက ဒီလိုပဲ သုံးသပ်ခဲ့တယ်။ ဒါ သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တဲ့အချိန်မှာ ဒီကိစ္စတွေကို အစိုးရအနေနဲ့ လုပ်မယ်ဆိုရင် အချိန်တော်တော် ပေးရမယ်။ တချို့ကိစ္စတွေမှာ ဥပမာ မြေပြန်သိမ်းတဲ့ ကိစ္စတွေမှာဆိုရင် ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက် လိုမယ်။ တစ်ခါ လုပ်ငန်းရှင်တွေနဲ့ ညှိရမယ်။ လုပ်ငန်းရှင်တွေပေါ်မှာ အစိုးရက အာမခံချက် တစ်စုံတစ်ရာ ပေးရမယ်လေ။ နောက်ပြီးတော့ လျှောက်လွှာခေါ်ရမှာတွေ ရှိမယ်။ ဝယ်ယူသူ အမျိုးအစားတွေ ခွဲခြားသတ်မှတ်ရမှာတွေ ရှိတယ်။ အဲဒီတော့ ဒီလို ရှုပ်ရှုပ်ထွေးထွေး လုပ်ငန်းတွေကို အစိုးရအဖွဲ့က လုပ်များမလုပ်ချင်တော့လို့များလားလို့ ကျွန်မက တွေးမိတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရသက်တမ်း တစ်နှစ်အတွင်းမှာ အစိုးရအနေနဲ့ တခြားသော ကိုယ့်အစိုးရအဖွဲ့အတွက် အမြတ်အစွန်းကြီးမယ့်ကိစ္စ တခြားသောကိစ္စများကို ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်မယ်။ ဒီလို ပြည်သူတွေကို အငှားအိမ်ရာ ချထားတဲ့ ကိစ္စကတော့ အစိုးရအနေနဲ့ အမြတ်အစွန်း ကြီးကြီးမားမားကျန်မယ့်ကိစ္စ မဟုတ်ဘူးပေါ့နော်။ ပြည်သူလူထုဘက်ကသာ အများကြီး အဆင်ပြေသွားမယ်။ အစိုးရအနေနဲ့ အချိန်ကုန်မယ်၊ အလုပ်ရှုပ်မယ်၊ ဝန်ထုပ်ဝန်ပိုးကြီးပြီးတော့ မထင်ရင်မထင်သလို အခက်အခဲတွေ ပေါ်လာနိုင်တဲ့ လုပ်ငန်းဆိုတော့ မလုပ်တာဖြစ်မယ်လို့ ကျွန်မက ရိုးရိုးရှင်းရှင်းပဲ သုံးသပ်ခဲ့ပါတယ်။မေး။ တန်ဖိုးနည်းအိမ်ရာတွေနဲ့ ပတ်သက်ပြီး ဖော်ဆောင်ဖို့ အကြောင်းအမျိုးမျိုးပြတာတွေ ရှိနေတယ်ပေါ့။ ပြည်ထောင်စု အစိုးရက အကောင်အထည်ဖော်မှ ရမှာပါလို့ ပြောနေတာတွေ ရှိတယ်။ ကျွန်တော်သိထားတာက တိုင်းဒေသကြီး လွှတ်တော်မှာပဲ မြေဧကများစွာကို အသုံးပြုမယ့် ရန်ကုန်မြို့သစ် စီမံကိန်းကိုတော့ တိုင်းဒေသကြီး အစိုးရက တင်ခဲ့တာ တွေ့ရတယ်။ ဒါက နောက်ပိုင်းမှာတော့ ပျက်သွားတယ်ပေါ့။ ဒါတွေကရော ဘယ်လိုရှိနေပါသလဲ။ဖြေ။ ဒါကတော့ တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ချင်ကိုင်ချင်စိတ်ပေါ်ပဲ မူတည်ပါတယ်။ ဘယ်လောက်ပဲကျန်ကျန် နှစ်လပဲကျန်ကျန်၊ သုံးလပဲကျန်ကျန် ငါတို့ကတော့ ပြည်သူ့အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်သွားမယ်ဆိုတဲ့ ဆန္ဒ ပြင်းပြလို့ရှိရင်တော့ ဘာမဆို ဖြစ်နိုင်တယ်လို့ ကျွန်မယူဆပါတယ်။ မြေဧက သုံးသောင်းကြီးမှာတောင်မှ မြို့သစ်ကြီးတစ်ခုတည်ဖို့ စဉ်းစားသေးတာပဲ။ အငှားအိမ်ရာက မြေဧကသုံးသောင်း မလိုပါဘူး။ ဧက ၁၀၀ လောက်အတွင်းမှာတင် လုပ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ အဲဒါမျိုးကျတော့ မေးခွန်းထုတ်ရမလို ဖြစ်နေတာပေါ့နော်။မေး။ ဟုတ်ကဲ့။ အခုလို တန်ဖိုးနည်းအိမ်ရာတွေလိုပဲ အများပြည်သူတွေအတွက် တိုင်းဒေသကြီး အစိုးရအနေနဲ့ ဆောင်ရွက်ချက်တွေအပေါ် အမြင်ကိုလည်း သိပါရစေ။ဖြေ။ ကျွန်မတို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ပထမနှစ်နှစ်လောက်မှာတော့ ကြည့်ရတာ တက်ခါစဆိုတော့ အားကြိုးမာန်တက်နဲ့လုပ်တာ တွေ့ရပါတယ်။ ဒီနှစ်နှစ်နောက်ပိုင်း ပြီးခဲ့တဲ့နှစ်နှစ်ကာလမှာ ကြည့်ရတာတော့ အားရတာ ကျွန်မ မတွေ့ရပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထု အကျိုးအတွက် လုပ်နိုင်တာတွေ အများကြီး ရှိသေးတယ်။ ဒီထက်ပိုပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနဲ့ လုပ်နိုင်တာတွေ ရှိတယ်။ ဒါပေမဲ့ အခုရလဒ်က မယ်မယ်ရရ အကောင်အထည်ဖော်ပြီးတော့ ပြနိုင်တဲ့ဟာက မရှိသလောက် ရှားနေတာပေါ့နော်။ အဲဒီအတွက် တော်တော်လည်း ဝမ်းနည်းပါတယ်။ ဥပမာအားဖြင့်ဆိုရင် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ လာလို့ရှိရင် သူတို့ မြေတောင်းတယ်။ မြေတောင်းတဲ့အခါမှာ အခု စက်မှုဇုန်အလွတ်တွေလည်း ရှိတယ်။ နှစ်စဉ် တိုင်းဒေသကြီး လွှတ်တော်မှာ အစိုးရက သူ့ရဲ့ဝင်ငွေတွေကို ပြတဲ့အခါမှာ သူတို့မှာ မြေရောင်းရငွေတွေ အမြဲပါတယ်။ ဒီမြေရောင်းရငွေတွေကို ဘယ်လိုရောင်းနေလဲ။ ဘယ်လောက်နဲ့ ရောင်းနေလဲဆိုတာ ပွင့်လင်းမြင်သာမှု အတိုင်းအတာက အင်မတန်ကို နည်းတာကို တွေ့ရတယ်။ တချို့က ပြောကြတဲ့အခါ လက်သိပ်ထိုးပြီးတော့ ရောင်းချင်သလိုဈေးနဲ့ ရောင်းနေကြလား ဆိုပြီးတော့ပေါ့။ ဒါမျိုးတွေက အနည်းနဲ့အများ ရှိတာကို တွေ့နေရတယ်ပေါ့။ နောက်ပြီးတော့ ပြည်သူတွေအတွက် ချန်ထားသင့်တဲ့ နေရာလွတ်တွေ ဥပမာအားဖြင့် ပြည်သူ့ဥယျာဉ်လို နေရာမျိုးတွေက လူထုအတွက် အဖိုးမဖြတ်နိုင်တဲ့ နေရာမျိုးတွေပေါ့။ အဲဒီလို နေရာမျိုးတွေကိုလည်း တင်ဒါခေါ်ယူတာတွေ ကျယ်ကျယ်ပြန့်ပြန့် မရှိဘူးပေါ့။ လုပ်ငန်းရှင် တစ်ဦးတစ်ယောက်ကိုပဲ ဝကွက်ပြီး အပ်လိုက်တယ်။       

Most Read

Most Recent