လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် တွေ့ဆုံခြင်း . . .

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် အဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နှင့် တွေ့ဆုံခြင်း . . .
Published 4 January 2015
သစ်ထွဋ်

မေး ■  ဒီဇင်ဘာလထဲမှာ ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင် ကိစ္စနဲ့ပတ်သက်ပြီး သတင်းတွေမှာလည်း အများကြီး ဖတ်ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေဟာလည်း ဖြစ်ခဲ့တယ်ပေါ့။ ဒီမှာ ကျွန်တော်သိချင်တာက ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ရဲ့ အစီရင်ခံစာ အကြံပြုချက်နဲ့ အကောင်အထည်ရေး ကော်မတီရဲ့ လုပ်ဆောင်ချက်တွေက ကွဲလွဲနေတယ်ဆိုတာက ဘယ်လို အချက်အလက်တွေလည်း ဆိုတာ သိပါရစေ။ဖြေ ■ ကျွန်မတို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာမှာတော့ အချက်ပေါင်း ၉၆ ချက်ရေးသားပြီးတဲ့ အခါမှာ သမ္မတကြီးဆီကို တင်လိုက်တယ်။ သမ္မတကြီးကိုယ်တိုင်လည်း ဒီဟာတွေပေါ်မှာ သဘောတူတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အဲဒီအချိန်တုန်းက ဒေသခံပြည်သူလူထု ကြားထဲမှာလည်း အထင်လွဲမှားမှု ခံရလောက်အောင်ထိအောင် သူ့ဘက်ကနေပြီးတော့ ဒါက ဒေါ်အောင်ဆန်းစုကြည် စကားနဲ့ဆိုရင် ပြေပြေလည်လည် ဖြစ်ဖို့ရာအတွက် နှစ်ဦးနှစ်ဖက် ပြေလည်ဖို့ရာအတွက် အဓိကထားပြီး ဒီအစီရင်ခံစာကို ရေးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ဒီအစီရင်ခံစာ ပေါ်ပေါက်လာပြီးတဲ့ နောက်မှာလည်း သမ္မတကြီးကိုယ်တိုင်ပဲ ဒီအစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီတစ်ရပ်ကို ဦးလှထွန်းဦးဆောင်တဲ့ ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပေးခဲ့တယ်ဆိုတော့ ဒီအစီရင်ခံစာ ထွက်လာတဲ့အချိန်က ဒီနေ့အချိန်ထိဆို ပြောမယ်ဆို နှစ်နှစ်နီးပါးလောက် ကြာသွားခဲ့ပြီ။ ဒီလိုမျိုး နှစ်နှစ်နီးပါး ကြာနေတဲ့အချိန်မျိုးမှာ အဓိက အကျဆုံးက ဒီဒေသနဲ့ပတ်သက်ပြီး အခုဖြစ်ပျက်နေတဲ့ ပြဿနာတွေ နောက်တစ်ခုကကျတော့ ဒီနေ့ဆောင်ရွက်ချက်တွေ အပေါ်မှာ ပြည်သူလူထုရဲ့ လက်ခံနိုင်မှု ရှိမရှိဆိုတဲ့ အချက်တွေအားလုံးက အကောင်အထည်ဖော်ရေး ကော်မတီအပေါ်မှာပဲ လုံးလုံးလျားလျား တာဝန်ရှိနေတယ်လို့ ကျွန်မတို့ဒီလိုပဲ မြင်တယ်။ အဲတော့ ဒီကော်မတီ တာဝန်ဟာလည်း ဘာလုပ်ရမှာလဲဆိုရင် ဒီအစီရင်ခံစာမှာ တင်ပြထားတဲ့ ၉၆ ချက်ကို အကောင်အထည်ဖော်ပေးရမှာ ဖြစ်တယ်။ ကျွန်မတို့ သိရသလောက်တော့ ဒီ ၉၆ ချက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ကော်မတီအနေနဲ့ အားနည်းနေတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဝေဖန်သလို အားလုံးကလည်း စောင့်ကြည့်နေတဲ့ သူတွေကလည်း ဒီဟာအပေါ် ဝေဖန်မှုတွေ ရှိနေတယ်။ အဓိက ဘာကို အားနည်းသလဲဆိုတော့ ၉၆ ချက်လုံးကို ဆောင်ရွက်ရာမှာ အားနည်းနေတယ်လို ကျွန်မတို့ ပြောရမယ်။ ဒီထဲကနေ နမူနာကို ပြောမယ်ဆိုရင် ကော်မရှင် အစီရင်ခံစာထဲမှာ ပါပြီးပြီ။ EIA, SIA ကို အရင်ဆုံး ဆောင်ရွက်ရမယ်လို့ ပြောတယ်။ EIA ဆိုတာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု SIA က လူမှုစီးပွားဆိုင်ရာ ထိခိုက်မှု ဒါတွေကို အရင်ဆုံး သေချာလေ့လာပြီး ဆန်းစစ်ပြီးပြီဆိုတော့မှ လူထုကြားထဲကို ချပြရမယ်။ ပြည်သူလူထုတွေသိအောင် ပြောပြရမယ်။ EIA, SIA ဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ်ချက်တွေက ဒီစီမံကိန်း ဆောင်ရွက်လိုက်ခြင်းအားဖြင့် ဒေသခံတွေကို ဘယ်လိုအကျိုးပြုတာတွေ ရှိမလဲ၊ ဘယ်လိုဆုံးရှုံးမှုတွေ ရှိမလဲ၊ ဘယ်လိုထိခိုက်နစ်နာမှုတွေ ရှိမလဲ၊ ဒါတွေနဲ့ ပတ်သတ်လို့ ဘာတွေဖြစ်လာမလဲဆိုတာ ပြည်သူလူထုသိအောင် ပြောရတဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်တယ်။ အခုဟာက ဒီ EIA,SIA ဆောင်ရွက်ရထားတာတွေ မရှိဘဲနဲ့ ပြည်သူလူထုကြားထဲမှာ နားလည်လက်ခံထားတာတွေ မရှိဘဲနဲ့ ဥပမာဆိုရင် လူမှုစီးပွားပတ်ဝန်းကျင် ထိခိုက်မှုကိစ္စမှာ ပြောရင် လယ်ယာမြေ လျော်ကြေးပေးတဲ့ ကိစ္စလည်း ပါတယ်။ ဒါတွေကိုလည်း ဒေသခံပြည်သူလူထုတွေ နားလည်လာအောင် လက်ခံလာအောင် ဒေသခံလူထုတွေ လိုချင်တာတွေကိုလည်း ဖြည့်ဆည်းပေးနိုင်အောင် ဘာမှဆောင်ရွက်တာတွေ မရှိဘဲနဲ့ စုံစမ်းစစ်ဆေး ရေးကော်မရှင်ကို အကောင်အထည်ဖော်တဲ့ ကော်မတီက စီမံကိန်းကို လုပ်ခွင့်ပြုလိုက်တာကိုက အမှားအယွင်းဖြစ်တယ်။ နောက်တစ်ခုကကျတော့ အစီရင်ခံစာရဲ့ အပုဒ် ၈၃(ဂ)မှာ ပြောထားတာ ရှိတယ်။ ဘယ်လိုပြောထားလဲဆိုရင် ဒေသခံတွေရဲ့ ယုံကြည်ကိုးကွယ်မှုဖြစ်တဲ့ လက်ပံတောင်းများ စေတီပြောင်းရွှေ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ပြောင်းရွှေ့မယ်ဆိုရင် ဒေသခံပြည်သူတွေ သဘောတူ လက်ခံနိုင်မယ့် အခြေအနေမျိုးမှ မူလအခြေအနေ အနေအထားမပျက် ပြောင်းရွေ့ပေးရမယ်လို့ ပြောထားတာရှိတယ်။ ဒီလိုမျိုး ပြောထားပေမယ့်လည်း အခုစေတီ သိမ်ကျောင်းကြီးကို ဖြိုဖျက်လိုက်တယ်။ ဖြိုဖျက်ပြီးမှ အခြား တစ်နေရာကို ပြောင်းရွေ့သွားတာ ရှိတယ်ဆိုတော့ ကျွန်မတို့က
အဲဒီလူတွေကလည်း ပညာတတ်တွေ မဟုတ်တဲ့အတွက် လစာကောင်းကောင်း နေရာမရဘူး။ အများဆုံး ရတဲ့လူဟာ ဒေါ်လာတစ်ရာ့နှစ်ဆယ်ပဲ ရတယ်။ ပြန်တွက်ကြည့်ရင် တစ်သိန်းနှစ်သောင်း သုံးသောင်းလောက်နဲ့ ဒီငွေဟာ မိသားစုငါးဦးရဲ့ ဘဝတွေကို ဘယ်လိုရပ်တည်မလဲ။ သူတို့ရဲ့ပညာရေး၊ ကျန်းမာရေး စားဝတ်နေရေး ဒါတွေအတွက်ကိုလည်း ဖြည့်ဆည်းပေးမယ့် လုံလောက်နိုင်တာတွေ မရှိဘူးဆိုတော့ ပြောချင်တာက အခု လယ်ယာမြေလျော်ကြေး မယူတဲ့ သူတွေဟာ ရှေ့ကလူတွေကို ကြည့်ပြီးတော့ မယူကြတာ . . . . .

ဒီစီမံကိန်းကို ဆောင်ရွက်နေတဲ့ နေရာမှာပဲ ဖြစ်ဖြစ် မြန်မာဝမ်ပေါင်ကုမ္ပဏီပဲ ဖြစ်ဖြစ်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အနေနဲ့ပဲဖြစ်ဖြစ်၊ လက်ရှိ တာဝန်ရှိနေတဲ့ အကောင်အထည်ဖော်တဲ့ ကော်မတီမှာပဲ ဖြစ်ဖြစ်၊ စဉ်းစားရမှာက ဒီလူတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုပဲ ဆောင်ရွက်ပေးမယ်ဆိုတာမျိုး တစ်ခုတည်း မဟုတ်ဘဲ ဒီလူတွေရဲ့ ယဉ်ကျေးမှုအပေါ် စိတ်ခံစားမှုအပေါ် သူတို့တစ်တွေရဲ့ တန်ဖိုးထားမှု အလေးထား တန်ဖိုးထားမှုအပေါ် ဒီဟာတွေဟာလည်း ထည့်သွင်းစဉ်းစားပေးရမယ့် အချက်တွေ ဖြစ်တယ်။ အခု ဒီအချက်ကို လက်ခံမပေးဘူး ဆောင်ရွက်တာလည်း မရှိဘူး။ ဆိုလိုတာက သူတို့တစ်တွေရဲ့ ကိုးကွယ်ယုံကြည်မှု ဖြစ်တယ်။ သူတို့တစ်တွေရဲ့ ယဉ်ကျေးမှုလည်း ရှိတယ်။ သူတို့တတွေရဲ့ စည်းလုံးညီညွတ်မှုလည်း ဖြစ်တယ်။ ဒီလိုမျိုးတွေကို ဖျက်ဆီးလိုက်ရမယ့် အခြေအနေမျိုးမှာ ဒေသခံတွေနဲ့ အကျေအလည် ညှိနှိုင်းသင့်တယ်။ ဒီလို ညှိနှိုင်းဖို့ရာ အတွက်လည်း အကောင်အထည်ဖော်ရေး ကော်မတီအနေနဲ့ သူတို့ ဆောင်ရွက်သင့်ရဲ့သားနဲ့ သူတို့မဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့် အခွင့်ကောင်းတွေ လက်လွတ်ဆုံးရှုံးပြီးတဲ့နောက်မှာ ဒေသခံတွေနဲ့ နောက်ထပ်ပြဿနာတွေ ထိပ်တိုက်တွေ့နေရတဲ့ အခြေအနေမျိုးတွေ ဖြစ်နေရတယ်။ ဆိုလိုတာက ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးတယ်ဆိုတဲ့ နေရာမှာ စီးပွားရေး၊ လူမှုရေးတင် မကဘဲ သူတို့တစ်တွေရဲ့ ယဉ်ကျေးမှု၊ သူတို့တတွေရဲ့ ပညာရေး၊ သူတို့တစ်တွေရဲ့ ဘဝမျှော်လင့်ချက် ဒါတွေကိုလည်း ဆောင်ရွက်ပေးနိုင်မှသာ အောင်မြင်နိုင်မှာ ဖြစ်တယ်။ အခုဟာက တိတိကျကျ ဆောင်ရွက်ပေးနိုင်တာတွေက ဘာမှမရှိဘူးဘဲနဲ့ အပေါ်ယံတွေသာ ဖြစ်တယ်။ ဥပမာ နိုင်ငံတော်ဘတ်ဂျက်နဲ့ ချပေးလိုက်တဲ့ စာသင်ကျောင်းကို မြန်မာဝမ်ပေါင်ကုမ္ပဏီ၊ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်နဲ့ တာဝန်ရှိတဲ့ အကောင်အထည်ဖော်ရေး ကော်မတီတို့က ဖဲကြိုးဖြတ်ပြီး ဖွင့်ပေးနေတာမျိုးတွေ။ ဒါတွေကလည်း အပေါ်ယံဟန်ပြ ဒါကို ဘယ်သူမှ လက်မခံနိုင်ဘူး။ နောက်တစ်ခုကကျပြန်တော့ ဒီဒေသထဲမှာရှိနေတဲ့ ဒေသခံပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင်ပေးမယ်လို့ ပြောတယ်။ ဒါပေမဲ့ ဒီအလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ဖော်ဆောင်ပေးနိုင်မယ့် ဟာတွေကလည်း အခုချိန်ထိ ထိထိရောက်ရောက် မရှိဘူး။ ဥပမာဆိုရင် ဒီလယ်ယာမြေ သိမ်းဆည်းခံထားရတဲ့ မိသားစုတွေထဲက ဘွဲ့ရတဲ့ ပညာတတ်တဲ့ ကလေးတွေကို အလုပ်အကိုင်ပေးမယ် ဆိုပြီးတော့ အော်ပရေတာ သင်တန်းတွေ ပေးတယ်။ ဒါပေမဲ့ သင်တန်းက ဆင်းလာတဲ့ အခါမှာ ကလေးတွေအနေနဲ့ မိသားစုတွေ စားဝတ်နေရေးအတွက် မလုံလောက်လို့ လခလည်း တိုးတောင်းလိုက်ရော ကလေးတွေ အလုပ်ထုတ်ပစ်လိုက်တာမျိုးတွေ၊ နောက်တစ်ခုက တချို့လယ်ယာမြေ ခုနစ်ဧက ရှစ်ဧက သိမ်းခံလိုက်ရပြီးတော့ မိသားစု ငါးယောက်လောက်ရှိတဲ့ အိမ်မှာ မိသားစုတစ်ယောက်ပဲ အလုပ်ရတော့ အဲဒီလူတွေကလည်း ပညာတတ်တွေ မဟုတ်တဲ့အတွက် လစာကောင်းကောင်း နေရာမရဘူး။ အများဆုံး ရတဲ့လူဟာ ဒေါ်လာတစ်ရာ့နှစ်ဆယ်ပဲ ရတယ်။ ပြန်တွက်ကြည့်ရင် တစ်သိန်းနှစ်သောင်း သုံးသောင်းလောက်နဲ့ ဒီငွေဟာ မိသားစုငါးဦးရဲ့ ဘဝတွေကို ဘယ်လိုရပ်တည်မလဲ။ သူတို့ရဲ့ပညာရေး၊ ကျန်းမာရေး စားဝတ်နေရေး ဒါတွေအတွက်ကိုလည်း ဖြည့်ဆည်းပေးမယ့် လုံလောက်နိုင်တာတွေ မရှိဘူးဆိုတော့ ပြောချင်တာက အခု လယ်ယာမြေလျော်ကြေး မယူတဲ့ သူတွေဟာ ရှေ့ကလူတွေကို ကြည့်ပြီးတော့ မယူကြတာ။ ဘာကြောင့်ဆိုတော့ လယ်ယာမြေသာ လက်လွှတ်ဆုံးရှုံးလိုက်ရတယ် ဘဝတွေ တိုးတက်လာတယ်ဆိုတာ မရှိဘူး။ အာမခံချက် အလုပ်တွေလည်း မရခဲ့ဘူး။မေး ■ ဟုတ်ကဲ့။ ဒီတစ်ကျော့ပြန် ပြန်ဖြစ်လာတဲ့ လက်ပံတောင်းပြဿနာနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အခါမှာ ဒေသခံတွေကို နောက်ကနေ သွေးထိုးလှုံ့ဆော်မှုတွေ ရှိနေတယ်လို့ စွပ်စွဲပြောဆိုမှုတွေ ရှိနေတယ်။ ဒါတွေကရော တကယ် ရှိနေပါသလား။ဖြေ ■ ဒီလိုမျိုး ဘေးပယောဂတွေ ရှိနေတယ်လို့ အမြဲတမ်းစွပ်စွဲတယ်။ သွေးထိုးလှုံ့ဆော်တာတွေ ရှိနေတယ်လို့ စွပ်စွဲနေတယ်ဆိုရင် သွေးထိုးလှုံ့ဆော်နေသူတွေက ဘယ်သူတွေလဲ။ ဘေးပယောဂတွေကော ဘာတွေလဲ ဒါတွေကိုတော့ စုံစမ်းဖော်ထုတ်သင့်တယ်။ ဒီလို စုံစမ်းဖော်ထုတ်နိုင်မှသာ ဒေသခံတွေရဲ့ သဘောထားအမှန်ကို သိရမယ်လို့ ကျွန်မတို့က ဒီလိုပြောတဲ့။ ဆိုလိုတာက အဓိကကျတာက ဒီလိုမျိုး စွပ်စွဲနေတဲ့ ဒီလို အချက်တွေကိုလည်း တာဝန်ရှိတဲ့ ပုဂ္ဂိုလ်များအနေနဲ့ ဒီစိတ်ကိုလည်း ပြုပြင်ဖို့လိုတယ်။ ကျွန်မတို့ သိရသလောက် ဘေးပယောဂဆိုတာထက် ဒေသခံတွေ ကိုယ်တိုင်ကိုက ခံစားနေရတဲ့ ခံစားချက်တွေကို ကိုယ်တိုင်ဖော်ထုတ်နေတာလို့ ကျွန်မတို့ ပြောချင်တယ်။ ဘာကြောင့်လည်းဆိုတော့ ၂ဝ၁ဝ ကနေ ဆောင်ရွက်လာတာ လေးနှစ်လောက်အတွင်းမှာ ဒေသခံတွေလည်း မအကြတော့ဘူး။ သူတို့လည်း တော်တော်သိလာကြပြီ။ သူတို့ကိုယ်တိုင်လည်း လေ့လာကြပြီ ရွာတွေရွာတွေမှာ ပညာတတ်တဲ့ ကလေးတွေဟာလည်း ရှိနေတော့ ဒီပညတ်တွေတဲ့ လူငယ်တွေ ကိုယ်တိုင်ကလည်း ဒါတွေက တတ်ကျွမ်းအောင် လေ့လာကြပြီ။ သူတို့ကိုယ်တိုင်လည်း ပြန်လည်ဝေမျှကြတယ်။ သူတို့ကိုယ်တိုင်လည်း ခေါင်းဆောင်လာတာတွေ ရှိတယ်။ လူကြီးတွေနဲ့ တွေ့ဆုံပြီး ဦးဆောင်ဆွေးနွေးကြတာတွေ ရှိလာတယ်။ ဒီတော့ ဘေးပယောဂ ဆိုတာတွေက စွပ်စွဲပြစ်တင်ခြင်းတွေသာ ဖြစ်တယ်။ နောက်တစ်ခုက ဘေးပယောဂ ရှိရဲ့သားနဲ့ ဘာကြောင့် မဖြေရှင်းလဲဆိုတော့ အပေါ်မှာ ကျွန်မတို့မြင်တာက တကယ်တမ်းဆိုလို့ရှိရင် ပြဿနာတစ်ရပ် ဖြစ်လာတိုင်း ဖြစ်လာတိုင်း ဒေသခံတွေမှာပဲ ဆုံးရှုံးနစ်နာမှုတွေ များကြတယ်။ အခု နောက်ဆုံးဆိုရင် ဒေါ်ခင်ဝင်းသေဆုံးမှုလို လူသေစေလောက်တဲ့ အခြေအနေမျိုးအထိ ရောက်လာတာဟာ ပြဿနာတစ်ရပ်ကို မီးမွှေးထားတယ်လို့ပဲ ကျွန်မတို့က ဒီလိုပဲ မြင်တယ်။ အဲဒီတော့ လိုရင်လိုတဲ့ အချိန်မျိုးမှာ ရပ်ခတ်လိုက်မယ် ဆိုတာမျိုးတွေ ဖြစ်နေတော့ ဒီဒေသတွေ တ ကယ်တမ်း အေးချမ်းတည်ငြိမ်အောင် ဆောက်ရွက်ချင်ရင်တော့ ပယောဂဆိုတာတွေ ရှင်းထုတ်လိုက်ပါ။ ပြည်သူလူထုရဲ့ ဒေသခံတွေရဲ့ သဘောထား အမှန်တွေကို သိအောင် ကြိုးစားပါလို့ ပြောချင်တယ်။မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ခြံစည်းရိုး တိုးမြှင့်ခတ်မှုကို လက်ပံတောင်းတောင် ဒေသခံများ ဆန္ဒပြနေစဉ်
မေး ■ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကော ရှိနိုင်ပါသလား။ ဒေသခံတွေအတွက် ပြေလည်နိုင်မယ့် နည်းလမ်း ဘာတွေရှိနိုင်မလဲ။ အကောင်အထည်ဖော်ရေး ကော်မတီကကော ကော်မရှင်ရဲ့ အကြံပြုချက်တွေကို ဘယ်လိုလိုက်နာပြီး လက်ရှိဖြစ်ပွားနေတဲ့ ပြဿနာ တွေကို ဖြေရှင်းနိုင်မယ့် လမ်းစက ဘာဖြစ်နိုင်မလဲ။ဖြေ ■ အဓိကကျတာကတော့ ဒီနေ့တာဝန်အရှိဆုံးကတော့ အစီရင်ခံစာကို အကောင်အထည်ဖော်တဲ့ ကော်မတီပေါ့လေ။ အဲဒီကော်မတီက အစီရင်ခံစာမှာပါတဲ့ ၉၆ ချက်စလုံးကို လိုက်နာလိုက်ရင် ပြေလည်သွားမှာပါ။ နောက်တစ်ခုက ဒီလိုပြဿနာဖြစ်တိုင်းဖြစ်တိုင်း ဒေသခံ ပြည်သူလူထုကို လက်နက်နဲ့ ဖြေရှင်းတာမျိုးတွေကလည်း ကျွန်မတို့က မလုပ်စေချင်တဲ့ ကိစ္စတွေပဲ။ တရားမျှတမှု မရှိဘူးလို့ ယုံကြည်နေတဲ့ ကာလပတ်လုံး ဒီလို ဆန္ဒဖော်ထုတ်မှုတွေက ရှိနေမှာပဲ။ ဆန္ဒဖော်ထုတ်တိုင်း ဒီလိုအကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ဖြေရှင်းနေမယ်ဆိုရင်လည်း ပဋိပက္ခတွေကလည်း ကြီးထွားလာမှာပဲ။ ဒီဒေသရဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ အေးချမ်းတည်ငြိမ်ရေးကို ပြန်ကြည့်မယ်ဆိုရင် တိုင်းဒေသကြီး အစိုးရမှာလည်း တာဝန်ရှိတယ်။ တိုင်းဒေသကြီး အစိုးရရဲ့ ကိုင်တွယ်ပုံကိုင်တွယ်နည်းတွေကလည်း မှားယွင်းနေတယ်။ မြန်မာဝမ်ပေါင် ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုတွေကလည်း မှားယွင်းနေတယ်။ အကောင်အထည်ဖော်တဲ့ ကော်မတီရဲ့ လုပ်ပုံလုပ်နည်းတွေကလည်း အစီရင်ခံစာအတိုင်း မလုပ်တဲ့အတွက်ကြောင့် ဒါတွေကလည်း လွဲနေတယ်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အနေနဲ့လည်း တာဝန်ယူ တာဝန်ခံမှု မရှိဘူး။ ဒေသခံတွေ အနေနဲ့ကလည်း တဖြည်းဖြည်း စီးပွားရေးတွေ ကျပ်တည်းလာပြီးတဲ့အခါ ဖိနှိပ်မှုတွေ များလာပြီး မတရားမှုတွေ များလာတယ်လို့ ခံစားနေရတယ်ဆိုတော့ ဒီလိုမျိုး စိတ်အခြေအနေတွေ ရှိနေတဲ့အချိန်မှာ ညှိနှိုင်းနိုင်မှသာ အဆင်ပြေသွားမယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေစေဖို့ ညှိနှိုင်းဆောင်ရွက်တဲ့ အဆင့်မှာတော့ မရတော့ဘူးလို့ လက်ရှိအခြေအနေမှာတော့ ကျွန်မတို့ ဒီလိုပဲမြင်တယ်။ ကျွန်မဆိုရင် အကောင်အထည်ဖော်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးလှထွန်းဆီကို လိပ်မူပြီးတော့ စာတစ်စောင် ပို့ပေးခဲ့တယ်။ ဒီထဲမှာ အကြံပြုချက်တွေ အများကြီး ပါတယ်။ သတ္တုတွင်းဝန်ကြီး ဦးမြင့်အောင်ကိုတွေ့ပြီးတော့ သဘောထားအမြင်တွေ ပူးပေါင်းဆောင်ရွက်ပါရစေ ဆိုပြီးတော့ ကူညီပါရစေဆိုပြီးတော့ တောင်းဆိုခဲ့ပါတယ်။ ဒါတွေလည်း ကျွန်မတို့ဘက်ကို ဘာမှ အကြောင်းမပြန်ဘူး။ နောက်ပြီးတော့ လွှတ်တော်မှာလည်း အကောင်အထည်ဖော်တဲ့ ကော်မတီရဲ့ ဆောင်ရွက်ချက်တွေဟာ အားနည်းနေတဲ့အတွက် သမ္မတကြီးကိုယ်တိုင် ထိန်းကျောင်းတည့်မတ်ပေးဖို့ ၁ဝ ကြိမ်မြောက်လွှတ်တော်မှာ အဆိုတစ်ခု တင်ခဲ့ပြီးပြီ။ ကျွန်မတို့ရဲ့ အကြံပေးချက်တွေ ဆောင်ရွက်ချက်တွေ အပေါ်မှာလည်း အရေးတယူ ဆောင်ရွက်တာ မရှိဘူး။ ဒီတော့ အထွေထွေ အကျပ်အတည်းတွေ ရှိနေတဲ့ ကာလပတ်လုံး ဘယ်တော့မှ ပြေလည်မှာ မဟုတ်ဘူး။ ကျွန်မတို့ ကြည့်လိုက်တော့ မြန်မာဝမ်ပေါင်ကုမ္ပဏီဟာ ဒီလိုမျိုးကြီးမားတဲ့ International Project တစ်ခုလုံးကို ကိုင်တွယ်နိုင်တဲ့ အရည်အချင်း မရှိဘူးလို့ ကျွန်မတို့ သုံးသပ်တယ်။ လောလောဆယ်မှာ။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကလည်း အကျိုးအမြတ်သာ ယူထားတယ် ဘာမှ ဒီအပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ မရှိဘူး။ လုပ်နေတဲ့ အလုပ်တွေဟာလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ကျွန်မတို့လို လွှတ်တော်ကိုယ်စားလှယ်တွေတောင်မှ စီမံကိန်းထဲ ဝင်ကြည့်ခွင့် မပြုဘူးဆိုတဲ့ အခြေအနေမျိုးမှာ ဒေသခံ ပြည်သူလူထုကို ကျေနပ်အောင် လုပ်ပေးပါမယ်ဆိုတာ ကျွန်မတို့ ယုံနိုင်စရာ ဘာအကြောင်းမှ မရှိဘူး။ အဲဒါကြောင့်မို့ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် မြန်မာဝမ်ပေါင်ကုမ္ပဏီက ဒီစီမံကိန်းကို ဆက်ပြီးမလုပ်သင့်တော့ဘူးလို့ ကျွန်မတို့ ဒီလိုပဲ ယူဆတယ်။

Most Read

Most Recent