နိုင်ငံရေးနယ်ပယ်မှ ဖြစ်စဉ်များ

နိုင်ငံရေးနယ်ပယ်မှ ဖြစ်စဉ်များ
Published 28 December 2014

ဇန်နဝါရီဇန်နဝါရီ ၂    ■ သမ္မတရုံးက အမိန့်အမှတ် ၁/၂၀၁၄ ဖြင့် သေဒဏ်၊ ထောင်ဒဏ် နှစ် ၄၀ အထက်နှင့် နှစ် ၄၀ အောက်တို့၏ ပြစ်ဒဏ်ကို လျှော့ပေါ့ကျခံရန်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု။ဇန်နဝါရီ ၂    ■ တရားဥပဒေစိုးမိုးရေး စင်တာများ တည်ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရန်ကုန်မြို့ လွှတ်တော်ရုံးခွဲ၌ တွေ့ဆုံ။ဇန်နဝါရီ ၄    ■ (၆၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ သမ္မတဦးသိန်းစိန် သဝဏ်လွှာပေးပို့။ဇန်နဝါရီ ၄    ■ သမ္မတဦးသိန်းစိန် နေပြည်တော်၌ အသစ်တည်ဆောက်ပြီးစီးသည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်။ဇန်နဝါရီ ၅    ■ သမ္မတရုံးက အမိန့်အမှတ် ၁/၂၀၁၄ ဖြင့် ဇန်နဝါရီ ၃ ရက်အထိ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိသူ ၁၃၂၇၄ ဦးရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်။ဇန်နဝါရီ ၆    ■ သမ္မတဦးသိန်းစိန် သမ္မတရုံး အစည်းအဝေးခန်းမ၌ ကျင်းပသော ပဉ္စမအကြိမ်မြောက် စီမံကိန်းကော်မရှင် အစည်းအဝေးနှင့် နိုင်ငံခြားအကူအညီ အထောက်အပံ့ ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက်။ဇန်နဝါရီ ၇    ■ အမျိုးသားဒီမိုကရေစီချုပ်ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ကလေးမြို့၌ လူထုတွေ့ဆုံပွဲပြုလုပ်။ဇန်နဝါရီ ၉    ■ ပြည်ထောင်စုလွှတ်တော်တွင် ပထမဆုံးအကြိမ်အဖြစ် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အမျိုးသမီးတပ်မတော်သား နှစ်ဦးအား အစားထိုး လဲလှယ်ကြောင်း ထုတ်ပြန်။ဇန်နဝါရီ ၁၀    ■ ၂၀၁၄ ခုနှစ်တွင် ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေး အခင်းအကျင်းသစ်နှင့် စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် နိုင်ငံရေး စကားစစ်ထိုးပွဲ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်။ဇန်နဝါရီ ၁၃    ■ ကချင်ဒီမိုကရက်တစ်ပါတီအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ၃/၂၁၀၄ ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု။ဇန်နဝါရီ ၁၃    ■ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နဝမပုံမှန် အစည်းအဝေး ပထမနေ့ ကျင်းပ။ဇန်နဝါရီ ၂၀    ■ ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် တိုင်းရင်းသားလက်နက်ကိုင်များ ဒုတိယအကြိမ် ညီလာခံ စတင်ကျင်းပခဲ့ပြီး ခြောက်ရက်ကြာ ပြုလုပ်ခဲ့။ဇန်နဝါရီ ၂၂    ■ (၇၅)နှစ်မြောက် ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတုပွဲ အခမ်းအနားကို ရန်ကုန်မြို့ MCC ခန်းမ၌ နိုင်ငံရေးအင်အားစုများ ကျင်းပ။ဇန်နဝါရီ ၂၅    ■ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း။ဇန်နဝါရီ ၂၆    ■ အမျိုးသားဒီမိုကရေစီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ လူထုတွေ့ဆုံပွဲ ပြုလုပ်။ဇန်နဝါရီ ၃၁    ■  ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း။ဖေဖော်ဝါရီဖေဖော်ဝါရီ ၁ ■ တပ်မတော်နှင့် ကေအိုင်အေတို့အကြား ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ဦး သေဆုံး။ဖေဖော်ဝါရီ ၂ ■ ဝှိုက်ကတ် ကိုင်ဆောင်ထားသူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ရွေးချယ်ခံပိုင်ခွင့်၊ မဲပေးပိုင်ခွင့်ပေးခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစေသည်ဟု ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) မှ ထုတ်ပြန်။ဖေဖော်ဝါရီ ၃ ■ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁၄ ဦး၊ တပ်မတော်သား ခုနစ်ဦး၊ NLD ပါတီဝင်နှစ်ဦး အပါအဝင် စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်း။ဖေဖော်ဝါရီ ၅ ■ မလေးရှားနိုင်ငံတွင် ရခိုင်တိုင်းရင်းသားနိုင်ငံရေး ခေါင်းဆောင်များဖြစ်သည့် ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်နှင့် ဦးလှမြင့်တို့ စီးနင်းလာသည့်ကားအား သေနတ်ဖြင့် လိုက်လံပစ်ခတ်။ဖေဖော်ဝါရီ ၁၂ ■ (၆၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ကျင်းပ။ဖေဖော်ဝါရီ ၁၆ ■ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲထုတ်ပြန်။ဖေဖော်ဝါရီ ၁၇ ■ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း စတင်ဖွဲ့စည်း တည်ထောင်သူ တစ်ဦးဖြစ်သူ ဦးသန်းတင် ကွယ်လွန်။ဖေဖော်ဝါရီ ၁၈ ■ သမ္မတဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ် တပ်မတော် ကြည်းတပ်ဦးစီးချုပ်အား လက်ခံတွေ့ဆုံ။ဖေဖော်ဝါရီ ၂၂ ■ သမ္မတဦးသိန်းစိန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များအား တွေ့ဆုံ။ဖေဖော်ဝါရီ ၂၅ ■ နိုင်ငံတော်သမ္မတရုံး (၆/၂၀၁၄)ဖြင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင် ဖွဲ့စည်း။ဖေဖော်ဝါရီ ၂၅ ■ နေပြည်တော် ဥတ္တရသီရိမြို့နယ် NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ၎င်း၏ Facebook စာမျက်နှာတွင် သံဃာအချို့နှင့် ပတ်သက်၍ ရေးသားခဲ့ခြင်းအပေါ် ရှင်းလင်းတောင်းပန်။ဖေဖော်ဝါရီ ၂၆ ■ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် တိုင်းရင်းသားလူမှု အဖွဲ့အစည်းများမှ ပုဂ္ဂိုလ် ၂၄ ဦးတို့ နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး လူမျိုးသတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ သန်းခေါင်စာရင်း ကောက်ယူပြီးမှ ဖြေရှင်းရန် သဘောတူ။မတ်မတ် ၂ ■ သမ္မတဦးသိန်းစိန် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် (၉၀)ပြည့် အထိမ်းအမှတ် ဘွဲ့နှင်းသဘင်ခန်းမ ဖွင့်ပွဲနှင့် တောင်သူလယ်သမားနေ့ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်။မတ် ၃ ■ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း “ဝ” အထူးဒေသ (၂)၊ မိုင်းလားအထူးဒေသ (၄) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ကိုယ်စားလှယ်အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ။မတ် ၄ ■ နေပြည်တော် MICC ၌ ပြုလုပ်သည့် တတိယအကြိမ် ဘင်းမ်စတက်ထိပ်သီး အစည်းအဝေးသို့ သမ္မတဦးသိန်းစိန် တက်ရောက်ဆွေးနွေး။မတ် ၅ ■ သမ္မတဦးသိန်းစိန် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအား လက်ခံတွေ့ဆုံ။မတ် ၇ ■ သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၁၉/၂၀၁၄) ဖြင့် ဥပဒေကြမ်းရေးဆွဲရေး ကော်မရှင် ဖွဲ့စည်းတာဝန်ပေး။မတ် ၉ ■ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ သမ္မတလယ်တောအိမ်၌ ပဉ္စမအကြိမ်မြောက် တွေ့ဆုံ။မတ် ၁၁ ■ NCCT နှင့် ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဖော်ဆောင်ရေးကော်မတီတို့ ရန်ကုန်မြို့၌ တွေ့ဆုံ။မတ် ၁၂ ■ UNA နှင့် NBF အဖွဲ့တို့ NCCT အဖွဲ့အား ရန်ကုန်မြို့၌ သီးခြားစီတွေ့ဆုံ။မတ် ၁၃ ■ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် အဖွဲ့အစည်းများ ရန်ကုန်မြို့၌ တွေ့ဆုံ။မတ် ၁၃ ■ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ ကျဆုံးခြင်း (၂၆) နှစ်ပြည့် အထိမ်းအမှတ်ပွဲ ရန်ကုန်မြို့ အင်းလျားကန်ပေါင်တွင် ပြုလုပ်။မတ် ၁၆ ■ သမ္မတဦးသိန်းစိန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သွားရောက်။မတ် ၁၆ ■ (၂၆) နှစ်မြောက် တံတားနီနေ့ နှစ်ပတ်လည် အခမ်းအနား ရန်ကုန်မြို့ အင်းလျားကန်ပေါင်တွင် ပြုလုပ်။မတ် ၁၉ ■ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်သို့ လာရောက်လေ့လာသည့် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ။မတ် ၂၀ ■ လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြည်သူ့လွှတ်တော်တွင် ပြောကြား။မတ် ၂၁ ■ အာဆီယံပြည်သူ့ဖိုရမ် ညီလာခံ (၂၀၁၄) ရန်ကုန်မြို့၌ ကျင်းပ။မတ် ၂၂ ■ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်များ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ တွေ့ဆုံ။မတ် ၂၂ ■ ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့၌ လူထုတွေ့ဆုံပွဲ ပြုလုပ်။မတ် ၂၃ ■ ဒေါ်အောင်ဆန်းစုကြည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် မန္တလေးမြို့မှ စာရေးဆရာများအား တွေ့ဆုံ။မတ် ၂၄ ■ သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့ The Elders အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့အား သီးခြားစီ လက်ခံတွေ့ဆုံ။မတ် ၂၆ ■ သမ္မတဦးသိန်းစိန် သမ္မတသက်တမ်းတာဝန် ထမ်းဆောင်မှု သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား။မတ် ၂၆ ■ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွှတ်တော်တွင် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်။မတ် ၂၇ ■ (၆၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား။မတ် ၂၇ ■ (၆၉) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနား NLD ရုံးချုပ်၌ ကျင်းပ။ဧပြီဧပြီ ၂    ■ ကေအိုင်အိုအဖွဲ့ဌာနချုပ် တည်ရှိရာ လိုင်ဇာသို့ ကုလသမဂ္ဂကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယား သွားရောက်။ဧပြီ ၃    ■ တရားဥပဒေစိုးမိုးရေး စင်တာများ တည်ဆောက်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေး။ဧပြီ ၄    ■ သမ္မတဦးသိန်းစိန် အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများအား လက်ခံတွေ့ဆုံ။ဧပြီ ၄    ■ ကချင်ပြည်နယ် မန်စီမြို့နယ် မန့်မွန်းကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးသွားသည့် ဗိုလ်မှူးတစ်ဦး သေနတ်ထိမှန် သေဆုံး။ဧပြီ ၅    ■ အစိုးရနှင့် NCCT တို့ ဧပြီ ၅ ရက်မှ ဧပြီ ၈ ရက်အထိ ဆွေးနွေးပွဲ ပြုလုပ်။ဧပြီ ၆    ■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် UWSA ‘ဝ’ အဖွဲ့၊ (SSA) ဝမ်ဟိုင်းအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့ ၂၇ ဖွဲ့မှ ခေါင်းဆောင်များအား အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တွင် တွေ့ဆုံ။ဧပြီ ၉    ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနှင့် ပြင်သစ်နိုင်ငံသို့ သွားရောက်။ဧပြီ ၁၀ ■ သမ္မတဦးသိန်းစိန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီးအား လက်ခံတွေ့ဆုံ။
ဧပြီ ၁၀ ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမနီဝန်ကြီးချုပ် အိန်ဂျာလာမာကယ်တို့ ဂျာမနီနိုင်ငံ၌ တွေ့ဆုံ။ဧပြီ ၁၁ ■ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တရုတ်သမ္မတ ရှီကျင်းပင်နှင့် တရုတ်နိုင်ငံ၌ တွေ့ဆုံ။ဧပြီ ၁၁ ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဂျာမနီနိုင်ငံ၌ ဝီလီဘရန့်ဆု လက်ခံရယူ။ဧပြီ ၁၂ ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းတို့ ပြင်သစ်နိုင်ငံ၌ တွေ့ဆုံ။ဧပြီ ၁၆ ■ မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု အရေးယူ ဒဏ်ခတ်ထားမှု ဥရောပသမဂ္ဂက သက်တမ်းတိုး။ဧပြီ ၂၁ ■ NLD သဘာပတိအဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင် ကွယ်လွန်။ဧပြီ ၂၅ ■ သမ္မတရုံး အမိန့်အမှတ် (၈/၂၀၁၄)ဖြင့် တိုင်းရင်းသားရေးရာ ဝန်ကြီးများအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ အဖွဲ့ဝင်အဖြစ် သတ်မှတ်။မေမေ ၁ ■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဇလွန်မြို့တွင် ဆန္ဒထုတ်ဖော်။မေ ၃ ■ ၂၀၁၄ ခုနှစ် နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးစွမ်းဆောင်ရည်ဆု ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခြင်းအခမ်းအနား၊ သမ္မတ၏ နိုင်ငံရေး စွမ်းဆောင်ရည်ဆု ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်ခြင်း အခမ်းအနားနှင့် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနား သမ္မတအိမ်တော်၌ ကျင်းပ။မေ ၅ ■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် NLD နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ဗဟိုပူးပေါင်းကော်မတီ ဖွဲ့စည်းကြောင်း NLD ထုတ်ပြန်။မေ ၁၁ ■ ဒေါ်အောင်ဆန်းစုကြည် ဟောပြောသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒရယူပွဲကို မအူပင်မြို့၌ ပြုလုပ်။မေ ၁၁ ■ ၂၄ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်၌ပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်မိန့်ခွန်းပြောကြား။မေ ၁၃ ■ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် KIO အဖွဲ့တို့ မြစ်ကြီးနားမြို့၌ တွေ့ဆုံဆွေးနွေး။မေ ၁၅ ■ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်။မေ ၁၆ ■ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ ရန်ကုန်မြို့၌ တွေ့ဆုံ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ငပုတောမြို့၌ ဆန္ဒထုတ်ဖော်။မေ ၁၇ ■ NLD နှင့် ၈၈ မျိုးဆက်တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ ရန်ကုန်မြို့၌ ပြုလုပ်။မေ ၁၈ ■ NLD နှင့် ၈၈ မျိုးဆက်တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ ဟောပြောပွဲ မန္တလေးမြို့၌ ပြုလုပ်။မေ ၂၁ ■ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီခေါင်းဆောင် ဒေါက်တာသန်းညိမ်း အသည်းကင်ဆာရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်။မေ ၂၂ ■ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဟောပြောမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်အား သတိပေးစာ ပေးပို့။မေ ၂၃ ■ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ရုပ်ရှင်၊ ဂီတ အနုပညာရှင်များ စုပေါင်းလက်မှတ်ရေးထိုးပွဲ ရန်ကုန်မြို့၌ ပြုလုပ်။မေ ၂၅ ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်တို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲကို ဧရာဝတီတိုင်း ဟင်္သာတမြို့၌ ပြုလုပ်။မေ ၂၇ ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ်ရေးထိုး လှုပ်ရှားမှုကို နိုင်ငံအနှံ့တွင် စတင်ပြုလုပ်။မေ ၂၈ ■ ဒသမအကြိမ် လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပ။ဇွန်ဇွန် ၁    ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောမှုများကို ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့များတွင် ပြုလုပ်။ဇွန် ၄ ■ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေး။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးတို့ နေပြည်တော်၌ တွေ့ဆုံ။ဇွန် ၆    ■ ၁၉၇၄ အလုပ်သမားအရေးအခင်း နှစ် ၄၀ ပြည့် နှစ်ပတ်လည်နေ့နှင့် ကျောင်းသားလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့၌ ပြုလုပ်။ ၁၉၈၃ ခုနှစ် အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲမှုတွင် သေဆုံးခဲ့သော တောင်ကိုရီးယား နိုင်ငံသားများအတွက် ဗိမာန်အနီး ရွှေတိဂုံစေတီတော် မြောက်ဘက်မုခ်ရှေ့တွင် အထိမ်းအမှတ် ကျောက်တိုင်စိုက်ထူမှု ဖွင့်ပွဲအခမ်းအနား ပြုလုပ်။ဇွန် ၇    ■ ကချင်ပြည်နယ် တစ်ကျော့ပြန်စစ်ပွဲများ သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်တွင်းစစ်ရပ်တန့်ရန် ငြိမ်းချမ်းရေးဆုတောင်းပွဲများ ရန်ကုန်မြို့၌ ပြုလုပ်။ဇွန် ၈    ■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ထားဝယ်မြို့တွင် ပြုလုပ်။ဇွန် ၉    ■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ မကွေးမြို့၌ ပြုလုပ်။ဇွန် ၁၀ ■ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ မုံရွာမြို့၌ ပြုလုပ်။ဇွန် ၁၁ ■ ဒေါ်အောင်ဆန်းစုကြည်နှင့် မျိုးစောင့်ဥပဒေ ဆန့်ကျင်သည့် အဖွဲ့များ နေပြည်တော်၌ တွေ့ဆုံ။ဇွန် ၁၂ ■ ပုဒ်မ ၅၉ (ဃ၊ စ) နှင့် ပုဒ်မ ၄၃၆ တို့အား မပြင်ဆင်ရေး ရခိုင်ပြည်နယ် စစ်တွေ၌ ဆန္ဒပြ။ဇွန် ၁၅ ■ လက်ရှိ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး အခြေအနေများနှင့် များစွာကွာခြားမှု ရှိနေသော အမေရိကန်အစိုးရ ကျောထောက်နောက်ခံပြု (IRI) စစ်တမ်းအပေါ် တန်ပြန်တုံ့ပြန်ပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ရန်ကုန်၌ ပြုလုပ်။ဇွန် ၁၆ ■ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီက ကိုယ်စားလှယ်များ တရုတ်နိုင်ငံသို့ သွားရောက်။ဇွန် ၁၇ ■ ဒေါ်အောင်ဆန်းစုကြည်၏ (၆၉) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် သုံးရောင်ခြယ်မိသားစုမှ မိတ်ဆုံစားပွဲ ပြုလုပ်။ဇွန် ၁၈ ■ နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့ သုံးခုကို တိုးချဲ့ဖွဲ့စည်းပြီး သာသနာရေး အကြံပေးအဖွဲ့ဝင် နှစ်ဦး၊ ပညာရေး အကြံပေးအဖွဲ့ဝင် နှစ်ဦး၊ ကျန်းမာရေးအကြံပေးနှင့် စီးပွားရေးအကြံပေး အဖွဲ့ဝင် တစ်ဦးစီ ခန့်အပ်။ဇွန် ၁၉ ■ ဒေါ်အောင်ဆန်းစုကြည်၏ (၆၉) နှစ်မြောက် မွေးနေ့ပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ကျင်းပ။ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား တာဝန်မှ ရပ်စဲကြောင်း ကြေညာ။ဇွန် ၂၇ ■ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူငါးရပ် နှစ် ၆၀ ပြည့် အခမ်းအနား တက်ရောက်ရန် သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံသို့ ရောက်ရှိစဉ် မြန်မာ-တရုတ် သဘောတူညီချက်စာချုပ်များ လက်မှတ်ရေးထိုး။ဇွန် ၃၀ ■ ငြိမ်းချမ်းရေးကို အောင်မြင်သည်အထိ ဆက်လက်အကောင်အထည်ဖော်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို အမျိုးသားလွှတ်တော်တွင် ဆွေးနွေး။ဇူလိုင်ဇူလိုင် ၁ ■ အစိုးရက ဘတ်ဂျက်စာရင်းတွင် ထည့်သွင်းမဖော်ပြဘဲ သုံးစွဲနေသည့် ငွေကျပ်ဘီလျံပေါင်းသိန်းချီကို စစ်ဆေးနိုင်မည့် စာရင်းစစ်ချုပ်ဥပဒေအား မင်းလှမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တိုးက ပြည်သူ့လွှတ်တော်သို့ တင်သွင်း။ဇူလိုင် ၂ ■ အစိုးရနှင့် တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေဧက စုစုပေါင်း ၄၇၀၀၀၀ ကျော်အနက် ဧက ၃၅၀၀၀၀ ကျော်အား အသုံးပြုရန် လိုအပ်၍ စွန့်လွှတ်မည်မဟုတ်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကထံ နိုင်ငံတော်သမ္မတ သဝဏ်လွှာပေးပို့။ဇူလိုင် ၄ ■ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု။ဇူလိုင် ၅ ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံ ရန်ကုန်မြို့၌ ပြုလုပ်။ဇူလိုင် ၇ ■ မန္တလေးပဋိပက္ခနှင့် ပတ်သက်၍ ပြည်သူလူထုသို့ သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြား။ဇူလိုင် ၁၂ ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပခုက္ကူမြို့၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်။ဇူလိုင် ၁၈ ■    အာဇာနည်နေ့အကြို ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများအား အမျိုးသားလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ပထမဆုံးအကြိမ် ဖွင့်။ဇူလိုင် ၂၃ ■ သတင်းမီဒီယာအချို့၏ ဖြစ်စဉ်များနှင့် ပတ်သက်၍ တရားမျှတမှု ရှိစေရေး ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် စဉ်းစားဆောင်ရွက်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတထံ သဝဏ်လွှာပေးပို့။ဇူလိုင် ၂၄ ■    ရွေးကောက်ပွဲ စနစ်တစ်ခုဖြစ်သည့် အချိုးကျကိုယ်စားပြု (PR) စနစ်အား ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ဆုံးဖြတ်။ဇူလိုင် ၂၅ ■ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ၏ အစည်းအဝေးကို ကချင်ပြည်နယ် လိုင်ဇာတွင် စတင်ကျင်းပ။ဇူလိုင် ၂၉ ■ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်တို့အား တာဝန်မှ အနားပေး။ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကျင့်သုံးရေးဆိုင်ရာ အဆို ပြည်သူ့လွှတ်တော်၌ အတည်ပြု။သြဂုတ်သြဂုတ် ၁ ■    ပထမအကြိမ် လွှတ်တော် ဒသမပုံမှန် အစည်းအဝေးများ ပြီးဆုံး။ သမ္မတဦးသိန်းစိန်နှင့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းတို့အား ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးအဖွဲ့ သီးခြားစီတွေ့ဆုံ။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) တို့ နေပြည်တော်၌တွေ့ဆုံ။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးရဲထွဋ်အား ခန့်အပ်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာသန်းအောင်အား ခန့်အပ်။သြဂုတ် ၅ ■ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ကော်မရှင်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖြစ် အမည်ပြောင်းလဲ သတ်မှတ်။ နိုင်ငံသားလျှောက်ထားသည့် မြေပုံမြို့နယ်မှ ဘင်္ဂါလီများအား ၁၉၈၂ နိုင်ငံသား ဥပဒေနှင့်အညီ စတင်စိစစ်။သြဂုတ် ၉ ■ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ နေပြည်တော်၌ တွေ့ဆုံ။သြဂုတ် ၁၀ ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ ရန်ကုန်မြို့၌ တွေ့ဆုံ။သြဂုတ် ၁၃ ■ NLD နှင့် ၈၈ မျိုးဆက် ဗဟိုပူးပေါင်းကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုထောက်ခံလက်မှတ် ငါးသန်းခန့် လွှတ်တော်သို့ ပေးပို့။သြဂုတ် ၁၈ ■ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့ ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်တွေ့ဆုံမှုကို ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာများ ဆွေးနွေး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် KIO၊ NMSP၊ PNLO၊ ANC စသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှ ခေါင်းဆောင်များ ရန်ကုန်မြို့၌ တွေ့ဆုံ။သြဂုတ် ၂၀ ■ ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေး နေပြည်တော်၌ ပြုလုပ်။သြဂုတ် ၃၀ ■ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က သန်းခေါင်စာရင်း ရှေ့ပြေးရလဒ် နိုင်ငံအတွင်း လူဦးရေ ၅၁ ဒသမ ၄ သန်းကျော်ရှိကြောင်း ထုတ်ပြန်။စက်တင်ဘာစက်တင်ဘာ ၁ ■ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တတိယအကြိမ် ဥရောပခရီးစဉ်အဖြစ် ဂျာမနီ၊ ဆွစ်ဇာလန်၊ နယ်သာလန် နိုင်ငံများသို့ သွားရောက်။စက်တင်ဘာ ၆ ■ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဆွစ်ဇာလန်နိုင်ငံ သမ္မတ Mr. Didier Burkhalter တို့ ဆွန်ဇာလန်သမ္မတ အိမ်တော်၌ တွေ့ဆုံဆွေးနွေး။စက်တင်ဘာ ၇ ■ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်တော့မည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရ သိရ။စက်တင်ဘာ ၂၁ ■ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား ရန်ကုန်မြို့၌ ပြုလုပ်။
စက်တင်ဘာ ၂၇ ■ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ရန်ကုန်မြို့တွင် ပြုလုပ်။ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် နိုင်ငံရေးပါတီတို့၏ ဒုတိယအကြိမ်မြောက် သုံးပွင့်ဆိုင်တွေ့ဆုံမှု ရန်ကုန်မြို့၌ ပြုလုပ်။စက်တင်ဘာ ၂၉ ■ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တောင်ကိုရီးယားသမ္မတ မဒမ်ပတ်ဂွမ်ဟီးတို့ ကိုရီးယားသမ္မတအိမ်တော်၌ တွေ့ဆုံဆွေးနွေး။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီက ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အစီရင်ခံစာ တင်သွင်း။စက်တင်ဘာ ၃၀ ■ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ ပြဋ္ဌာန်း။အောက်တိုဘာအောက်တိုဘာ ၆ ■ သမ္မတလုပ်ပိုင်ခွင့်တွင် ရွေးကောက်ပွဲအား ရွှေ့ဆိုင်းနိုင်ခွင့် ရှိသော်လည်း ရပ်ဆိုင်းပိုင်ခွင့် မရှိကြောင်းနှင့် လာမည့်ရွေးကောက်ပွဲကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံရာတွင် ပြောကြား။အောက်တိုဘာ ၇ ■ သမ္မတက ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့သည့် အကျဉ်းသား၊ အကျဉ်းသူ ၃၀၁၅ ဦးတွင် ထောက်လှမ်းရေး အရာရှိဟောင်းများနှင့် နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ထားသူအချို့ ပါဝင်။ ထောင်ဒဏ်ကျခံနေရသော မီဒီယာသမားများနှင့် လယ်သမားများ ပါရှိသည်ဟု သတင်းမရသေး။အောက်တိုဘာ ၉ ■ ထိုင်းအာဏာသိမ်းခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ပထမဆုံး ပြည်ပခရီးအဖြစ် မြန်မာနိုင်ငံသို့ လာရောက်။အောက်တိုဘာ ၉ ■ ခိုထောင်ကျွန်း(လိပ်ကျွန်း)ကိစ္စ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ပြောကြား။အောက်တိုဘာ ၁၀ ■ သမ္မတဦးသိန်းစိန်နှင့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့ နေပြည်တော်တွင် တွေ့ဆုံ။အောက်တိုဘာ ၁၀ ■ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲတို့ ရန်ကုန်မြို့တွင် တွေ့ဆုံ။အောက်တိုဘာ ၁၄ ■ ကာကွယ်ရေးဦးစီးချုပ်နှင့် စာနယ်ဇင်းကောင်စီတို့ တွေ့ဆုံ၍ တပ်မတော်နှင့် မီဒီယာများအကြား သတင်းရယူရေး၊ ဆက်ဆံရေး ကိစ္စရပ်များ နေပြည်တော်တွင် ဆွေးနွေး။အောက်တိုဘာ ၁၅ ■ အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် သမ္မတဦးသိန်းစိန် အီတလီနိုင်ငံသို့ ထွက်ခွာ။အောက်တိုဘာ ၁၇ ■ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးနှင့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခံရ။အောက်တိုဘာ ၂၄ ■ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ စီမံကိန်းသစ်ဖြစ်သည့် ကျပ်သန်း ၆၄၀၀ ကျော်ကုန်ကျမည့် နေပြည်တော်ရှိ ဗိုလ်ရှုခံစင်မြင့် အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းကို တင်ဒါခေါ်ယူခြင်း မရှိဘဲ ACE  ကုမ္ပဏီအား ပေးအပ်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ ဝေဖန်။အောက်တိုဘာ ၂၅ ■ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေကြမ်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်မှုဆိုင်ရာ မီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်သော အကြံပြုချက်များကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ရေးရာ ကော်မတီက မီဒီယာသမားများထံမှ တောင်းခံ။အောက်တိုဘာ ၂၆ ■ အလွတ်တန်းသတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုကို စုံစမ်းပေးရန် သမ္မတနှင့် ကာချုပ်တွင် တာဝန်ရှိကြောင်းနှင့် စုံစမ်းရေးကော်မရှင် ဖွဲ့ပေးရန် နယ်ပယ်အသီးသီးမှ ပြည်သူထောင်ဂဏန်းခန့် ဆန္ဒပြတောင်းဆို။အောက်တိုဘာ ၃၁ ■ နေပြည်တော် သမ္မတအိမ်တော်ရှိ ငုရွှေဝါခန်းမတွင် သမ္မတ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံရေးပါတီများ၏ ကိုယ်စားပြု ခေါင်းဆောင်များ ပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ။နိုဝင်ဘာနိုဝင်ဘာ ၂ ■ အလွတ်တန်းသတင်းထောက် ကိုပါကြီးကဲ့သို့ သေဆုံးမှုမျိုး ထပ်မံမဖြစ်ပွားရေးနှင့် သတင်းသမားများ မတရားသဖြင့် အရေးယူ မခံရရေးအတွက် ဂျာနယ်လစ်များနှင့် တက်ကြွလှုပ်ရှားသူများ ရန်ကုန်၌ ဆုတောင်းမှုများ ပြုလုပ်။နိုဝင်ဘာ ၅ ■ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်ကိုမျှ ရန်ဘက်အနေဖြင့် မသတ်မှတ်ကြောင်းနှင့် ကလဲ့စားချေချင်သည်ဆိုသည့် စိတ်ဓာတ်မျိုးဖြင့် ဆက်သွားမည်မဟုတ်ဟု သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား။နိုဝင်ဘာ ၇ ■ ရန်ကုန်မြို့တော် ကော်မရှင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့် ကိုယ်စားလှယ်လောင်း အသိအမှတ်ပြုလွှာများ ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်။နိုဝင်ဘာ ၈ ■ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၊ နိုင်ငံတော်ကောင်စီဝင် ဝန်ကြီးချုပ် မစ္စတာလီခချန်းတို့နှင့် တွေ့ဆုံဆွေးနွေး။နိုဝင်ဘာ ၁၀ ■ အမေရိကန်နိုင်ငံက ဦးအောင်သောင်းအား အရေးယူခြင်း ကိစ္စသည် NLD နှင့် လုံးဝမဆိုင်ဘဲ အမျိုးသားရင်ကြားစေ့ရေးကိုသာ ဆက်လက်ဦးစားပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် မီဒီယာများ၏ မေးမြန်းမှုအပေါ် ပြောကြား။နိုဝင်ဘာ ၁၀ ■  ဦးအောင်သောင်းအပေါ် အမေရိကန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုနှင့် ပတ်သက်၍ ရှုတ်ချပေးပါရန် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုအား လွှတ်တော်မှ ကန့်ကွက်သူမရှိ အတည်ပြု။နိုဝင်ဘာ ၁၂ ■ စစ်ဆင်ရေး အသုံးစရိတ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ တောင်းခံသည့် ကျပ်သန်း ၁၀၀ ကို ခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု။နိုဝင်ဘာ ၁၂ ■ အမေရိကန်သမ္မတ ဘားရက်အိုဘားမား နိုဝင်ဘာ ၁၂ ရက် ညပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး အာဆီယံဆွေးနွေးဖက် နိုင်ငံများ၏ ညစာစားပွဲ တက်ရောက်။နိုဝင်ဘာ ၁၂ ■ ၂၀၁၅ ခုနှစ်အလွန် ရင်ဆိုင်ကြုံတွေ့ရမည့် ကိစ္စရပ်များမှာ စိန်ခေါ်မှုအဖြစ် ရှိနေကြောင်း (၂၅) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ အဖွင့်တွင် သမ္မတဦးသိန်းစိန် ပြောကြား။နိုဝင်ဘာ ၁၃ ■ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ နောက်ကြောင်းပြန်မလှည့်ရေး အိုဘားမား သတိပေးခဲ့။နိုဝင်ဘာ ၁၃ ■ မြန်မာ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် လွှတ်တော်၏ အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အမေရိကန်သမ္မတ ဘားရက်အိုဘားမား တွေ့ဆုံဆွေးနွေး။နိုဝင်ဘာ ၁၃ ■ ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတရေး ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း ဆွေးနွေး။နိုဝင်ဘာ ၁၃ ■ ပုဒ်မ ၄၃၆၊ ပုဒ်မ ၅၉(စ) အပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအများစု မပြင်ဆင်သင့်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တွင် ဆွေးနွေး။နိုဝင်ဘာ ၁၃ ■ နေပြည်တော် အာဆီယံထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း သမ္မတဦးသိန်းစိန်နှင့် ရုရှားဝန်ကြီးချုပ်တို့ နေပြည်တော်၌ သီးခြားတွေ့ဆုံပြီး ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ အပါအဝင် အချက် ၁၀ ချက် ဆွေးနွေး။နိုဝင်ဘာ ၁၄ ■ အစိုးရတစ်ရပ် အနေဖြင့် ဂျာနယ်လစ်များကို ထိန်းချုပ်မည်ဆိုပါက အစိုးရ၏ တာဝန်ခံမှုကို ဆုပ်ကိုင်ရန်အတွက် တိုင်းသူပြည်သားများ အခက်အခဲ ရှိလာမည်ဖြစ်ကြောင်း အိုဘားမား ပြောကြား။နိုဝင်ဘာ ၁၄ ■ အချိုးကျကိုယ်စားပြုစနစ် (PR) သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု မရှိသည့်အတွက် ကျင့်သုံးတော့မည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဆုံးဖြတ်ခဲ့။နိုဝင်ဘာ ၁၄ ■ အမေရိကန်သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ အရှေ့တောင်အာရှ လူငယ်ခေါင်းဆောင်များ အစည်းအရုံးမှ လူငယ်ခေါင်းဆောင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ။နိုဝင်ဘာ ၁၅ ■ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် သြစတြေးလျနိုင်ငံတွင် ကျင်းပသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ဆွေးနွေး။နိုဝင်ဘာ ၁၉ ■ လိုင်ဇာမြို့အနီး ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းရှိ သင်တန်းသားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၍ ၂၂ ဦးသေဆုံးပြီး ၁၄ ဦး ပြင်းထန်စွာ ဒဏ်ရာရ။နိုဝင်ဘာ ၂၇ ■ NLD က ဖိတ်ကြားသော နေပြည်တော်တွေ့ဆုံပွဲသို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မတက်ရောက်နိုင်ခဲ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် NLD အမြင်ကွဲလွဲနေခြင်းကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အဖြေရှာသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြား။နိုဝင်ဘာ ၂၈ ■ လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြှင့်ငွေအား ကျပ် ၁၀ သိန်း ခံစားခွင့်ပြုရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု။ဒီဇင်ဘာဒီဇင်ဘာ ၁ ■ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံ ပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားဆွန်ယာတို့အား နေပြည်တော်တွင် တွေ့ဆုံဒီဇင်ဘာ ၁ ■ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နော်ဝေပဉ္စမမြောက် ဟာရယ်ဘုရင်နှင့် မိဖုရားဆွန်ယာတို့ တွေ့ဆုံ။ဒီဇင်ဘာ ၂ ■ ကိုပါကြီးသေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်သင့်ပြီး နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ကြောင်း အမျိုးသားလူ့အခွင့်အရေး  ကော်မရှင် ထုတ်ပြန်။ဒီဇင်ဘာ ၇ ■ အာဏာရှင်ဟောင်း ဦးနေဝင်း၏ မြေးများလည်း တက်ရောက်သည့် ကျဆုံးစစ်သည်များအား ဂုဏ်ပြုအခမ်းအနား ရန်ကုန်မြို့ရှိ သူရဲကောင်း စစ်သည်ဗိမာန်တွင် ကျင်းပ။ဒီဇင်ဘာ ၉ ■ ခြောက်ပွင့်ဆိုင်အစား ၁၂ ပွင့်ဆိုင် တွေ့ဆုံရန် ရန်ကုန်တိုင်းအစိုးရက ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အရေးကြီးအဆို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်း။ဒီဇင်ဘာ ၁၁ ■ (၂၅) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်သည့် သမ္မတဦးသိန်းစိန် တောင်ကိုရီးယားသမ္မတ ပက်ကွမ်းဟီးနှင့် တွေ့ဆုံ။ဒီဇင်ဘာ ၁၁ ■ သမ္မတဦးသိန်းစိန်အား ဘူဆန်နိုင်ငံခြားဘာသာ တက္ကသိုလ်က နိုင်ငံရေးဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ပေးအပ်။ဒီဇင်ဘာ ၁၃    ■ ဗန်းပြဆွေးနွေးပွဲများ မလိုချင်ကြောင်း၊ စစ်မှန်သည့်တွေ့ဆုံ ဆွေးနွေးပွဲများနှင့် အမျိုးသားရင်ကြားစေ့ရေးမူများကို ဆက်လက်ကိုင်စွဲသွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအစည်းအဝေးတွင် တက်ရောက်ပြောကြား။ဒီဇင်ဘာ ၁၄    ■ ကိုယ်စားလှယ်ရောဂါ မထကြရန်နှင့် ပြည်သူ့အပေါ် တာဝန်ကျေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ရေး ကူညီပံ့ပိုးပေးရန် ပါတီဝင်များအား ဒေါ်အောင်ဆန်းစုကြည် ပြောကြား။ဒီဇင်ဘာ ၁၅    ■ စစ်ရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ ပါဝင်သရုပ်ပြခဲ့သည့် (၆၇) နှစ်မြောက် တပ်မတော် (လေ) နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်။ဒီဇင်ဘာ ၁၆    ■ လွှတ်တော်အတွင်း စစ်တပ် ၂၅ ရာခိုင်နှုန်းသည် အာဏာပြန်မသိမ်းဖြစ်ရန် ပါဝင်ခဲ့ခြင်းဖြစ်သော်လည်း တိုင်းပြည် မတည်ငြိမ် မအေးချမ်းပါက စစ်တပ်မှ အာဏာသိမ်းရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ရုပ်ရှင်၊ ဂီတအနုပညာရှင်များနှင့် တွေ့ဆုံရာတွင် ပြောကြား။

Most Read

Most Recent