ဇန်နဝါရီတွင်ပြုလုပ်မည့် မွန်အမျိုးသားပါတီညီလာခံ၌ ၂၀၁၅ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများရွေးချယ်မည်

ဇန်နဝါရီတွင်ပြုလုပ်မည့် မွန်အမျိုးသားပါတီညီလာခံ၌ ၂၀၁၅ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများရွေးချယ်မည်
Published 24 December 2014

၂၀၁၅ ဇန်နဝါရီ ၂၈ ရက်တွင် မော်လမြိုင်မြို့၌ပြုလုပ်မည့် မွန်အမျိုးသားပါတီညီလာခံတွင် ၂၀၁၅ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကိုရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။  
 
"လောလောဆယ်တော့ ကိုယ်စားလှယ်တွေရွေးချယ်ထားမှုမရှိသေးဘူး။ လာမယ့်ညီလာခံမှာတော့ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်သတ်မှတ်ဖို့လုပ်ထားတယ်။ နောက်ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့တွေနဲ့ ပါတီတွင်းလုပ်ငန်းစဉ်တွေကို ဆွေးနွေးသွားဖို့ရည်ရွယ်ထားတယ်" ဟု မွန်အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးနိုင်သောင်းရှိန်ကပြောကြားသည်။ 
 
မွန်အမျိုးသားပါတီသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌအပါအဝင်ပါတီဝင်အများအပြား လာရောက်ပေါင်းစည်းသောကြောင့် ယခင်မွန်ဒီမိုကရေစီကို အမည်ပြောင်းလဲကာ ပါတီသစ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထို့နောက် ၄၂ ဦးပါ ဗဟိုအလုပ်အမှုဆောင်ကော်မတီအား ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
 
မွန်အမျိုးသားပါတီသည် အမည်မပြောင်းလဲခင်က မွန်ဒီမိုကရေစီပါတီအနေဖြင့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် မဟာမိတ်ပြုထားသောပါတီတစ်ခုဖြစ်ကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံဘဲ ၂၀၁၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မှုမပြုလုပ်ခဲ့သော ပါတီတစ်ခုဖြစ်သည်။ 

Most Read

Most Recent