နိုင်ငံတကာရက်သတ္တပတ်ကြောင့် လိဂ်ပြိုင်ပွဲတွေရဲ့ဝေးရာ ခဏရောက်သွားခဲ့ရတဲ့ ပရိသတ်တွေကို ပရီးမီးယားလိဂ်ကတော့ ချက်ချင်းပြန် စုစည်းယူဖို့ စီစဉ်ထားပါတယ်။ ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ် (၉) မှာ လန်ဒန်ဒါဘီ၊ မာဆေးဆိုက်ဒ်ဒါဘီလို ပွဲကောင်းတွေ ပါဝင်နေခြင်းပါပဲ။ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးနေရာက ဆင်းပေးလိုက်ရတဲ့ မန်စီးတီးအသင်းကလည်း ဘရိုက်တန်နဲ့ ပွဲကျပ်ကစားရဖို့ရှိနေပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံး ပွဲကြီးပွဲကောင်းက ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့ လန်ဒန်ဒါဘီ ပွဲဖြစ်နေပေမဲ့ လက်ရှိအမှတ်ပေးဇယားရပ်တည်မှု အနေအထားကြောင့် စပါး-ဖူလ်ဟမ်ပွဲကလည်း ရင်ခုန်စရာပါပဲ။ ဒီရာသီ ပရီးမီးယားလိဂ်က အရင်ရာသီတွေထက်များ အကြိတ်အနယ်ရှိနေမလားဆိုတာက ပရိသတ်တွေအတွက် ရာသီတိုင်းတွေးနေကျလိုဖြစ်လာတာတော့ အမှန်ပါပဲ။ ပရီးမီးယားလိဂ်ကလည်း အဲဒီလိုထင်ရလောက်တဲ့အခြေ အနေတွေ အမြဲဖန်တီးပေးတတ်ပါတယ်။
■ လန်ဒန်နှစ်သင်းရဲ့ ချန်ပီယံပြေးလမ်း
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















