စပိန်ရဲ့ တစ်ချိန်က သူရဲကောင်း၊ ရီးယဲလ်မက်ဒရစ်ရဲ့ အိမ်ရှေ့စံ ကာဆီးလက်စ် (၁)

စပိန်ရဲ့ တစ်ချိန်က သူရဲကောင်း၊ ရီးယဲလ်မက်ဒရစ်ရဲ့ အိမ်ရှေ့စံ ကာဆီးလက်စ် (၁)
Photos: Getty Images
Photos: Getty Images
Published 18 October 2023
Chan Myae

ကာဆီးလက်စ်လို ကစားပါဆိုတဲ့ စကားမျိုးတွင်တဲ့အထိ ကစားသမားဘဝမှာသူက ထိပ်ဆုံးကို ရောက်ခဲ့ဖူးတယ်။ သူကစားတဲ့နေရာက ဂိုးသမားပါ။ ဒါပေမဲ့ သူဟာ သူ့အသင်းအတွက် အလွန်အရေးပါတဲ့သူဆိုတဲ့ ယုံကြည်မှုမျိုးကို ပြိုင်ဘက်တွေဆီက၊ ပရိသတ်တွေဆီက၊ နည်းပြတွေဆီက ရခဲ့တယ်။ ဒါကြောင့်လည်း သူ့ရဲ့ဘောလုံးသမားဘဝဟာ ရီးယဲလ်မက်ဒရစ်၊ ပေါ်တို၊ စပိန်တို့မှာ နှစ်ပေါင်း ၃၀ နီးပါးလောက်ကစားခဲ့ပြီး၊ ပွဲအရေအတွက် ထောင်ချီကို ကျော်လွန်ခဲ့ခြင်းဖြစ်တယ်။ ကစားသမားဘဝက အနားယူကြောင်းကြေညာတော့  အသက်က ၃၉ နှစ်ဖြစ်နေပြီ။ ဒါတောင် သူက မနားချင်သေးပါဘူး။ ဒါပေမဲ့ ရွေးချယ်စရာလည်းမရှိတော့ဘူး။ ၂၀၁၉ မေလတုန်းက သူက လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းဆင်းနေရင်း ရင်ဘတ်၊ ပါးစပ်နဲ့ လက်မောင်းတို့ဆီက နာကျင်မှုကို ခံစားခဲ့ရတယ်။ အသင်းဆရာဝန်ကို ပြောတော့ ဆေးရုံကို ချက်ချင်းတင်ပို့ခဲ့ပြီး Heart Attack ခံခဲ့ရတယ်ဆိုတာကို သိခဲ့ရတယ်။    သူကတော့ ပြန်သက်သာလာရင် ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့ကျင့်ခန်းပြန်ဆင်းမယ်။ ဘောလုံးပြန်ကစားမယ်လို့ တွေးခဲ့တာပဲ။

 

Most Read

Most Recent