စပိန်လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

စပိန်လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 1 October 2023

အယ်မယ်ရီယာ - ဂရန်နာဒါ (တနင်္ဂနွေညနေ ၆း၃၀ နာရီ)

အယ်မယ်ရီယာတို့ အိမ်ကွင်းနိုင်ပွဲရအောင်ကစားပြနိုင်ဖို့လိုနေပါပြီ။ တိုက်စစ်ကဂိုးရအောင်ကစားနိုင်သလောက် ခံစစ် အားနည်းလွန်းတာက အယ်မယ်ရီယာအတွက် နိုင်ပွဲရဖို့ခက်နေ စေသလိုဖြစ်နေတယ်။ ဂရန်နာဒါနဲ့ ဂိုးအများပဲ ရွေးထားမယ်။

အလာဗတ်စ် - အိုဆာဆူနာ (တနင်္ဂနွေည ၈း၄၅ နာရီ)

ဆီဗီလာနဲ့ ပွဲနောက်ပိုင်း အလာဗတ်စ်တိုက်စစ်ပျောက် နေတယ်။ ခံစစ်ကစားပုံမဆိုးပေမဲ့ တိုက်စစ်ကဂိုးရအောင် မက စားတတ်သလို ဖြစ်နေတယ်။ ဒီလိုပုံနဲ့တော့ အိမ်ရှင်ဆိုပေမဲ့ အနိုင်ရဖို့မလွယ်ပါဘူး။ အိုဆာဆူနာနဲ့ ဂိုးအနည်းပဲ ရွေးမယ်။

အက်သလက်တီကို - ကာဒစ်ဇ် (တနင်္လာနံနက် ၁း၃၀ နာရီ)

အက်သလက်တီကိုကတော့ အိမ်ကွင်းကစားအားနဲ့ ဂိုး သွင်းနှုန်းအားကောင်းလာနေတာကို ရီးယဲလ်ကိုအနိုင်ရတဲ့ မက် ဒရစ်ဒါဘီပွဲမှာ မြင်လိုက်ရတယ်။ ကာဒစ်ဇ်ဆိုတာကလည်း အက်သလက်တီကိုအတွက် ငယ်နိုင်အသင်းလိုဖြစ်နေတဲ့အပြင် ဒီရာသီကာဒစ်ဇ်ရဲ့ အဝေးကွင်းကစားပုံကလည်း အားနည်းနေ သေးလို့ အက်သလက်တီကိုအတွက် စိုးရိမ်စရာမရှိလောက်တဲ့ ပွဲလို့ပဲ ထင်တယ်။ အက်သလက်တီကိုပဲ ရွေးထားချင်တယ်။ ဂိုးတော့ နည်းမယ်။

ဘက်တစ် - ဗလင်စီယာ (တနင်္လာနံနက် ၁း၃၀ နာရီ)

ဒီရာသီ ဘက်တစ် ခြေစွမ်းက အားရစရာသိပ်မရှိလှသေး ဘူး။ အထူးသဖြင့် တိုက်စစ်ကဂိုးသွင်းအားပုံမှန်မရှိသလို ခံစစ် ကလည်း စိတ်မချရဘူး။ ဗလင်စီယာကတော့ ဒီရာသီကစားပုံ တတ်လာတယ်။ ဒါပေမဲ့ အဝေးကွင်းမှာ ခံစစ်ပိုင်းအားနည်းနေ သလိုပါပဲ။ အိမ်ကွင်းကောင်းတဲ့ ဘက်တစ်နဲ့ ဂိုးအများပဲရွေးမယ်။

 

Most Read

Most Recent