ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၆) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 24 September 2023

အာဆင်နယ် - စပါး (တနင်္ဂနွေည ရး၃၀ နာရီ)

အာဆင်နယ်နဲ့ စပါး။ အာဆင်နယ်က ပိုကောင်းနေတယ်လို့ ပြောရင်ရတယ်။ ဒါပေမဲ့ အာဆင်နယ်က အပြတ်အသတ် ပိုကောင်းတာမဟုတ်သလို၊ လွယ်လွယ်လေး နိုင်မယ်လို့လည်း ပြောလို့မရဘူး။ အာဆင်နယ်အသင်းက ပိုကောင်းတဲ့ ကစားသ မား စုဖွဲ့မှုရှိပြီး၊ ခိုင်မာတဲ့ ကစားဟန်ကိုလည်း မြင်လာရတယ်။ ဒါပေမဲ့ ဒီရာသီမှာ တိုက်စစ်ပိုင်းစွမ်းဆာင်ရည်က နည်းနည်း လေးလျော့နေတယ်။ အထူးသဖြင့် တောင်ပံတိုက်စစ်တွေ အခုအချိန်အထိ အသက်မဝင်သေးတာကိုလည်း တွေ့ရတယ်။ ဒါပေ မဲ့ ဂါဘရီယဲလ်ဂျေးဇူးသာ ကစားမယ်ဆိုရင် စပါးရဲ့ ခြေစွမ်းပြနေတဲ့ ခံစစ်အတွဲရဲ့ ကြားထဲမှာ ကောင်းကောင်းဒုက္ခပေးနိုင် လိမ့်မယ်။ အာဆင်နယ်အတွက် ခက်တာက ကြားရက်မှာ ချန်ပီယံလိဂ်ကစားထားရပြီး စပါးကတော့ အင်ပြည့်အားပြည့် ဖြစ် နေတာပဲ။ ဒါပေမဲ့ မနှစ်က အာဆင်နယ်က နှစ်ပွဲစလုံးနိုင်တယ်။ ၂-၁ ဖြစ်နိုင်တယ်။ 

ဘရိုက်တန် - ဘုန်းမောက် (တနင်္ဂနွေည ရး၃၀ နာရီ)

ဘုန်းမောက်ရဲ့ တိုက်စစ်အသားပြုကစားဟန်က ဘရိုက်တန်လို ဆုံးဖြတ်ချက်မှန် ပြီး၊ ထိုးဖောက်ပုံကောင်းတဲ့ အသင်းမျိုးနဲ့ အတွေ့မှာ အခက်တွေ့နိုင်တယ်။ ဘရန့်ဖို့ဒ်၊ ချယ်လ်ဆီးတို့နဲ့ပွဲတွေမှာ ဘုန်းမောက်ရဲ့ ကစားပုံက အသိအမှတ်ပြုချင်စရာပါ။ ဒါပေမဲ့ ဘရိုက်တန်က စနစ်ကျပြီး၊ ဘုန်းမောက်ကို ဘယ်လိုထိုးနှက်ရမလဲဆိုတာ ကောင်းကောင်း သိနေလိမ့်မယ်။ ဒီဇယ်ဘီရဲ့အသင်း နိုင်ပွဲဆက်လိမ့်မယ်။ 

ချယ်လ်ဆီး - အက်စတွန်ဗီလာ (တနင်္ဂနွေည ရး၃၀ နာရီ)

ချယ်လ်ဆီးက ဒီပွဲပြီးရင် ဖူလ်ဟမ်၊ ဘန်လေ၊ အာဆင်နယ်တို့နဲ့ ဆက်ကစားရမယ်။ အက်စတွန်ဗီလာက အသင်းကောင်းတစ်သင်းဖြစ်ပြီး ချယ်လ်ဆီးခံစစ်ကို ထိုးနှက်နိုင်တဲ့ ကစားသမားတွေလည်း ရှိတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအတွက် ဒီပွဲက ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ အတွက် အသင်းကောင်းတစ်သင်းကို အနိုင်ကစားပြီး ခရီးပြန်စရမယ့်ပွဲပါ။ ချယ်လ်ဆီးနိုင်ပွဲရလိမ့်မယ်။ 

လီဗာပူးလ် - ဝက်စ်ဟမ်း (တနင်္ဂနွေည ရး၃၀ နာရီ)

လီဗာပူးလ်က ကြားရက်မှာ ယူရိုပါလိဂ်ကစားထားရသလို၊ ဝက်စ်ဟမ်းကလည်း ယူရိုပါလိဂ်ပွဲစဉ်ကစားထားရတယ်။ လီဗာပူးလ်အသင်းက ရာသီအဖွင့်ပွဲမှာတုန်းက ချယ်လ် ဆီးအသင်းကို ၁-၁ ဂိုးစီ သရေကျပြီးနောက်ပိုင်း ဘုန်းမောက်၊ နယူးကာဆယ်၊ အက်စတွန်ဗီလာ၊ ဝုလ်ဗ်တို့ကို ဆက်တိုက်အနိုင် ရခဲ့တယ်။ ဝက်စ်ဟမ်းကလည်း ရလဒ်ကောင်းတွေနဲ့ ဖြတ်သန်းနေခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့ တယ်။ ဒီပွဲက ဝက်စ်ဟမ်းအတွက် နောက်ထပ် ပွဲကျပ်တစ်ပွဲ၊ ပွဲခက်တစ်ပွဲဖြစ်တယ်။ အန်ဖီးလ်မှာ ကစားရတာက မလွယ်ကူ သလို ပထမဆုံးရှုံးပွဲက သူတို့ကို အနည်းငယ် ယိင်းယိုင်စေလိမ့်မယ်။ မိုဆာလာနဲ့ တွဲဖက်တိုက်စစ်မှူးတွေ ဂိုးရဖို့ ပဲလိုတယ်။ ပုံမှန်အားဖြင့်တော့ ဒီပွဲက ၃-၁ လောက် အထိ ဖြစ်သွားနိုင်တယ်။ 

ရှက်ဖီးယူနိုက်တက် - နယူးကာဆယ် (တနင်္ဂနွေည ၁၀း၀၀ နာရီ)

ရှက်ဖီးယူနိုက်တက်ကလည်း စပါးနဲ့ပွဲမှာ နိုင်ပွဲရလုနီးပါးကနေ သရေနဲ့ ကျေနပ်ရ မယ့် အခြေအနေအထိဖြစ်ခဲ့ပြီး နောက်ဆုံးတော့ ရှုံးပွဲတွေ့ခဲ့တယ်။ ဒီရာသီ ပထမဆုံးနိုင်ပွဲ ရမယ့် အခြေအနေကို လက်လွှတ်ခဲ့ရတယ်။ အသင်းလိုက် ခြေစွမ်းကတော့ ဒါမျိုးထပ်လုပ် နိုင်မယ့် တည်ငြိမ်မှုမျိုး မရှိဘူး။ နယူးကာဆယ်က နောက်ဆုံးပွဲမှာ ဘရန့်ဖို့ဒ်ကိုနိုင်ခဲ့ တယ်။ ဆန်စီရိုကပြန်လာပေမယ့် ရှက်ဖီးကိုအနိုင်ယူဖို့ လုံလောက်တဲ့အနေအထားရှိပါတယ်။

 

Most Read

Most Recent