NCA စာချုပ်ကိုKNU ကရင်အမျိုးသား အစည်းအရုံးမှ တရားဝင်ပျက်ပြယ်ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသည့်အပြင် NCA က အခြေခံလျက် ပြည်သူ့အကျိုးရှေးရှု၍ နိုင် ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အ ဖြေရှာလာနိုင်ကြရေးအတွက် ဆောင်ရွက် သွားမည်ဟု KNUတပ်မဟာ(၇)ဘားအံခရိုင် မှ စတင်ဘာ ၁၄ ရက်၊ ရက်စွဲပါ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
NCA ခေါ်တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် သဘောတူချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာနိုင်ရေးသည် KNU ကရင် အမျိုးသားအစည်းအရုံး၏ တစိုက်မတ်မတ် တောင်းဆိုလာရာမှ ပေါ်ပေါက်လာသော စာချုပ်တစ်ရပ်ဖြစ်ကြောင်း၊ NCA စာချုပ်ကို ချုပ်ဆိုင်နိုင်ရန်နှင့် NCA စာချုပ်ခိုင်ခိုင်မာမာ သက်ဝင်ချုပ်ဆိုထားနိုင်ရန် ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများရှေ့တွင် ချုပ် ဆိုထားသော စာချုပ်တစ်ရပ်လည်း ဖြစ် ကြောင်း KNU တပ်မဟာ (၇) က ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
KNU ကရင်အမျိုးသားအစည်းအရုံး နှင့် မြန်မာအစိုးရကြား ဆန့်ကျင်တိုက်ခိုက် လာရသည့် အကြောင်းအရင်းသည် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းအရ အဖြေ မရှာဘဲ စစ်ရေးနည်းဖြင့် အဖြေရှာလာခြင်းမှ ဖြစ်ပေါ်လာရသော ပြဿနာကြီးကြောင့် နှစ် ၇၀ ခန့် စစ်ပွဲအတွေ့အကြုံကို အခြေခံ၍ အဖြေရှာခဲ့ရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းဖြင့် တွေ့ဆုံအဖြေရှာခြင်းသည် အ ကောင်းဆုံးဖြစ်သည့် ဆုံးဖြတ်ချက် တစ်ရပ် ရရှိလာသည့်အပေါ် KNU ကွန်ကရက်မှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးအတွက် လမ်းစဉ် လုပ်ငန်းစဉ် နှင့် ရှေ့လုပ်ငန်းစဉ်တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် အတိအလင်း ဖော်ပြထားပြီးဖြစ်ကြောင်း တပ်မဟာ (၇) က ဆိုထားသည်။
KNU ကရင်အမျိုးသားအစည်းအရုံးမှ မိမိနိုင်ငံရေး ရည်ရွယ်ချက် ရည်မှန်းချက်များ နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်နိုင်ရေးသဘောထားများအား NCA စာချုပ်တွင် အခြေခံအားဖြင့် ထားရှိနိုင်ရေး အတွက် ထည့်သွင်းထားပြီးဖြစ်ကြောင်း တပ် မဟာ (၇) ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့ဖြစ်၍ တပ်မဟာ (၇) ဘားအံခရိုင် အနေဖြင့်NCA စာချုပ်ကို KNU ကရင်အမျိုး သား အစည်းအရုံးမှ တရားဝင် ပျက်ပြယ် ကြောင်း ထုတ်ပြန်ကြေညာခြင်းမရှိသည့် အပြင် နယ်မြေဒေသ တည်ငြိမ်ရေးနှင့် ပြည် တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် NCA ကို အခြေခံလျက် ပြည်သူ့အကျိုးကိုရှေးရှု၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ အဖြေရှာလာနိုင်ကြရေးအတွက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးဖော်ပြအပ်ပါ ကြောင်း KNU တပ်မဟာ (၇) ဘားအံခရိုင် မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။















