တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ နိုင်-၄ မှတ်တမ်း ၅၂ သန်းကျော်နှင့် အိမ် ထောင်စု ၁၃ သန်းကျော်ကို Data Base အ တွင်း ထည့်သွင်းပြီးဖြစ်ကြောင်း လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ပြော ကြားသည်။
စက်တင်ဘာ ၁၄ ရက်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် တာ ဝန်ရှိသူများနှင့်အတူ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်ရှိ ပင်မစစ် လက်နက်ပစ္စည်းတပ် အစည်းအဝေးခန်းမ၌ အသက် ၁၀ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင် ရွက်နေမှု၊ ဓာတ်ပုံရိုက်ခြင်း၊ မျက်လုံး scan ဖတ်ခြင်း၊ လက်ဗွေ scan ဖတ်ခြင်းများ ဆောင် ရွက်နေမှုများကို ကြည့်ရှုခဲ့ကြကြောင်း သိရ သည်။
ယင်းနောက် မဟာအောင်မြေမြို့နယ် ရုံး၌ EID စနစ် ရိုက်သွင်းနေမှု၊ online စနစ် ဖြင့် နိုင်ငံခြားသား ရောက်ရှိတိုင်ကြားမှုလုပ် ငန်း အခြေအနေများကို လှည့်လည်ကြည့်ရှု ခဲ့ပြီး ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းပေါ်ရှိ သူနာပြုတက္ကသိုလ် (မန္တလေး) Multi Purpose Hall ၌ ကျောင်းသား ကျောင်းသူများအား EID စနစ် ရိုက်သွင်းဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံဟောင်း၌ တိုင်း ဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့ နယ်များမှ ဦးစီးမှူးများ၊ ဝန်ထမ်းများနှင့် တာဝန် ရှိသူများအား တွေ့ဆုံ၍ biometric ကောက် ယူသည့်လုပ်ငန်းသည် တိုင်းပြည်အတွက် အလွန်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ နိုင်-၄ မှတ်တမ်း ၅၂ သန်း ကျော်နှင့် အိမ်ထောင်စု ၁၃ သန်းကျော်ကို data base အတွင်း ထည့်သွင်းပြီးဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနကို digital စနစ် ဖြစ်အောင်ဆောင် ရွက်နေသဖြင့် ဝန်ထမ်းများ IT ကျွမ်းကျင် နားလည်ရန် လိုအပ်သကဲ့သို့ cyber security ကိုလည်း ဂရုစိုက်ရန်လိုကြောင်း၊ မိမိတို့ဌာန သည် public services ပေးသည့်ဌာနဖြစ်၍ ဝန်ထမ်းများ အနေဖြင့် ပြည်သူလူထုကို အ ကောင်းဆုံး ဝန်ဆောင်မှုပေးရန်လိုကြောင်း ပြောကြားသည်။















