အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဂျီ-၂၀ ထိပ်သီးညီလာခံ အဖွင့်မိန့်ခွန်းတွင် အိန္ဒိယကို ဘာရတ်ဟု ပြောကြားခဲ့သဖြင့် အိန္ဒိယနိုင်ငံ၏တရားဝင်အမည်ကို ပြောင်းလဲမည်ဟူသော သတင်းများထွက်ပေါ်

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီက ဂျီ-၂၀ ထိပ်သီးညီလာခံ အဖွင့်မိန့်ခွန်းတွင် အိန္ဒိယကို ဘာရတ်ဟု ပြောကြားခဲ့သဖြင့် အိန္ဒိယနိုင်ငံ၏တရားဝင်အမည်ကို ပြောင်းလဲမည်ဟူသော သတင်းများထွက်ပေါ်
စက်တင်ဘာ ၉ ရက်က ဂျီ-၂၀ ထိပ်သီးညီလာခံ၌ အိန္ဒိယဝန်ကြီးချုပ် မိုဒီ အဖွင့် မိန့်ခွန်းပြောကြားနေပုံကို တွေ့ရစဉ်(Photo: AFP)
စက်တင်ဘာ ၉ ရက်က ဂျီ-၂၀ ထိပ်သီးညီလာခံ၌ အိန္ဒိယဝန်ကြီးချုပ် မိုဒီ အဖွင့် မိန့်ခွန်းပြောကြားနေပုံကို တွေ့ရစဉ်(Photo: AFP)
Published 11 September 2023

အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီသည် စက်တင်ဘာ ၉ ရက် ဂျီ-၂၀ ထိပ်သီးညီလာ ခံအဖွင့်မိန့်ခွန်းတွင် ၎င်း၏နိုင်ငံကို ရှေး သက္ကတ ဝေါဟာရဖြစ်သော ဘာရတ်ဟု ပြောကြားခဲ့ရာ အဆိုပါ အမည်သည် အိန္ဒိယ၏ တရားဝင်နာမည်ဖြစ်လာရန် အလားအလာ ရှိနေသည်။

ဂျီ-၂၀ ညီလာခံ ညစာစားပွဲအတွက် ဖိတ်စာများကို“ဘာရတ် သမ္မတ”ဟူသော အမည်ဖြင့် ပေးပို့ခဲ့ခြင်းဖြစ်ရာ အိန္ဒိယ၏တရားဝင် အင်္ဂလိပ်အမည်ကို အသုံးပြုတော့မည်မဟုတ်ဆိုသည့်ကောလာဟလများ ထွက်ပေါ်လာသည်။

မိုဒီကိုယ်တိုင်က အိန္ဒိယကို ဘာရတ်ဟု ပြောကြားခဲ့ခြင်းဖြစ်ပြီး ဘာရတ်သည် ဟိန္ဒူဘာသာရေး အမှတ်သင်္ကေတဖြစ်ကာ ဟိန္ဒူဝေဒကျမ်း မဟာဘာရာတာတွင် ဘုရင် Dushyant နှင့် Shakuntala တို့၏သားတော်ကို ဘာရတ်ဟု ကင်ပွန်းတပ်ခဲ့သည်။ ဘာရတ် အမွေဆက်ခံခဲ့သော ဘုရင့်နိုင်ငံတော်ကို Bharatvarsha ဟု ခေါ်တွင်ခဲ့သည်။

ဟိန္ဒူဘာသာဝင်များသည် အိန္ဒိယ လူဦးရေ ၁ ဒသမ ၄ ဘီလျံ၏ လူများစုဘာသာ ဝင်များဖြစ်သည်။ သို့ရာတွင် မိုဒီက အိန္ဒိယကို ဟိန္ဒူနိုင်ငံအဖြစ် ပြောင်းလဲပစ်ရန် ဆန္ဒရှိနေကြောင်း လူနည်းစု ဘာသာဝင်များဖြစ်သည့် မွတ်စလင် ဘာသာဝင် သန်း ၂၀၀ ကျော်က ပူပန်လျက်ရှိသည်။

လူ့အခွင့်အရေးအုပ်စုဖြစ်သည့် Bharatiya Muslim Mahila Andolan ကို ပူးတွဲတည်ထောင်သည့် အမျိုးသမီး ဇာကီး ယားဆိုမန်က နိုင်ငံအမည်ပြောင်းမည့် အလားအလာသည် အစိုးရက နိုင်ငံရေးကို နှစ် ခြမ်းကွဲသွားအောင်လုပ်ဆောင်မှုအဖြစ် အနံ့ထွက်နေသည်ဟု ပြောကြားသည်။

အိိန္ဒိယပြည်သူများ ရင်ဆိုင်နေရသော လက်တွေ့ပြဿနာများကို ဖယ်ရှားခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

အိန္ဒိယဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အိန္ဒိယနှင့်ဘာရတ်တို့သည့် နိုင်ငံအတွက် တရားဝင်အမည်များဖြစ်ကြပြီး ဥပဒေအပိုဒ် အမှတ်-၁ တွင် အိန္ဒိယဆိုသည်မှာ ဘာရတ် ဖြစ်သည်ဟူသော စကားစုဖြင့် စဖွင့်ထား ကြောင်းတွေ့ရသည်။

မိုဒီသည် စက်တင်ဘာ ၁၀ ရက်တွင် ဂျီ-၂၀ ထိပ်သီးညီလာခံကို အဆုံးသတ်ခဲ့သည်။ အဆိုပါညီလာခံတွင် ယူကရိန်းစစ်ပွဲ ၊ရာသီဥတုပြောင်းလဲမှုတို့နှင့်စပ်လျဉ်း၍ နက်နက်ရှိုင်းရှိုင်းသဘောကွဲလွဲမှုများကို ပျော့ပျောင်းစေခဲ့ပြီး မိုဒီကို သံတမန်ရေး မီးမောင်းအောက်သို့ သိသိသာသာရောက်ရှိသွားစေခဲ့သည်။

ဂျီ-၂၀ နိုင်ငံများသည် လွန်ခဲ့သောနှစ်တွင် ရုရှားကျူးကျော်ပြီးကတည်းက ဖြစ်ပွားနေသာ ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ စိတ်ဝမ်းကွဲနေကြသည်။ သမ္မတဗလာဒီပူတင်သည် နိုင်ငံရေးဆိုင်ရာကဲ့ရဲ့ပြစ်တင်ခံရမှုကို ရှောင်ရန်  ဂျီ-၂၀ ညီလာခံကို တက်ရောက် ခြင်းမရှိပေ။

ရုရှားနှင့်တရုတ်တို့သာမက ယူကရိန်းကို တက်တက်ကြွကြွထောက်ခံသောနိုင်ငံ  အချို့ကို ရင်းနှီးသွားစေသောဂျီ-၂၀ အုပ်စု၏ခေါင်းဆောင်များသည် အထူးသဖြင့် ၁၈ လကြာ ကျူးကျော်မှုနှင့်ပတ်သက်၍ သဘောတူညီမှု များများစားစား မရခဲ့ကြပေ။

သို့ရာတွင် နယ်မြေအသာရရေးအတွက် အင်အားအသုံးပြုခြင်းကို ရှုတ်ချကြောင်း ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံများ သဘောတူခဲ့သည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

Ref: AFP

Most Read

Most Recent