မြန်မာလုပ်သား သိန်းနှင့်ချီနေထိုင် အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံ၊ စမွတ် စခေါင်ပြည်နယ်၊ (မဟာချိုင်)ထစိုင်ရပ်တွင် စက်တင်ဘာ ၆ ရက် နံနက်ပိုင်းက မြန်မာ အချင်းချင်း မာဖီးယားဂိုဏ်းဆန်ဆန် သေနတ် ပစ်ဖောက် ခြိမ်းခြောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြန်မာလုပ်သားများ နေထိုင်သော အဆောင်ရှေ့သို့ သေနတ်ကိုင်ဆောင်သူ ရောက်လာပြီးနောက် သေနတ်ပစ်ဖောက် ခြိမ်းခြောက်ကြောင်း၊ အတူလိုက်ပါလာသော အခြားသူငယ်ချင်းဖြစ်သူကလည်း အော်ဟစ်ဆဲဆိုခြင်းကြောင့် ခြိမ်းခြောက်ခံရသူ မြန်မာလုပ်သားမှာ အသိမိတ်ဆွေ၏အဆောင်ထဲသို့ ဝင်ရောက်ပုန်းခိုခဲ့ရကြောင်း၊ အဆောင် ပိုင်ရှင်ဖြစ်သူက စမွတ်စခေါင်ရဲစခန်းသို့ အ ကြောင်းကြားခဲ့ရပြီး အဆောင်ရှိ မှန်နှင့် တံခါးအချို့ သေနတ်ထိမှန်ကာ ကွဲအက် သွားကြောင်း၊ တာဝန်ရှိရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးပြီး မြန်မာသေနတ် သမားအဖွဲ့အား လိုက်လံဖမ်းဆီးတရားစွဲဆို မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။
“ဒီဖြစ်စဉ်က ဘန်ကောက်မြို့အနီး မဟာရှိုင်မှာဖြစ်တာပါ။ မြန်မာတွေ သိန်းနဲ့ချီ ရှိတဲ့ အဲဒီမြို့မှာ မြန်မာအချင်းချင်း မာဖီး ယားဂိုဏ်းဆန်ဆန် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး အော်ဟစ်ဆဲဆိုသောင်းကျန်း တယ်ဆိုတာက မြန်မာနိုင်ငံမှာလည်း မလုပ် သင့်ဘူး။ မိမိက ဧည့်သည်ဖြစ်တယ်၊ ပို တောင်မလုပ်သင့်ဘူး။ သိန်းနဲ့ချီရှိနေတဲ့ မြန်မာတွေရဲ့မျက်နှာကို ထောက်ထားပြီး ပိုလို့တောင် မလုပ်သင့်ဘူး။ ဒီကာလမှာ နယ်စပ်တွေဆိုရင် ပြည်တွင်းမှာဖြစ်နေတဲ့ ဂယက်ကြောင့် စစ်ဆေးဖမ်းဆီးတာတွေ ခုနောက်ပိုင်း လက်နက်ခဲယမ်းတွေ့တယ် ဆိုတဲ့ အကြောင်းမျိုးစုံနဲ့ ငွေညှစ်တာတွေ လည်းရှိတယ်။ တနင်္ဂနွေနေ့တွေမှာ လုတာ၊ ခါးပိုက်နှိုက်တာတွေလည်းရှိတယ်။ မြန်မာတွေ အမျိုးမျိုးခံနေရချိန်မှာ ခုလို သေနတ်တွေဘာတွေ ပစ်ဖောက်လောက်အောင် ကိုယ့်နိုင်ငံမှာတောင် မလုပ်သင့်တာ၊ မိမိက ဧည့်သည်ဆိုတာ မေ့လျော့ပြီး ထင်တိုင်းကြဲ နေတာ၊ ရမ်းကားချင်တိုင်း မာဖီးယားဂိုဏ်း ဆန်ဆန် လုပ်နေတာမျိုးကို ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအရ အမျိုးသားကာကွယ်ရေးက လုံးဝခွင့်လွှတ်မှာမဟုတ်ပါဘူး” ဟု မြန်မာ ပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော် မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြော ကြားသည်။