PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးပြီးနောက် ဟော်လန်းက "တန်ဖိုးကြီးမားတဲ့ဆုတစ်ခုဆွတ်ခူးနိုင်တာဖြစ်လို့ ကျွန်တော် ဂုဏ်ယူမိပါတယ်။ ပြိုင်ဘက်ကောင်းတွေကိုကျော်ဖြတ်ပြီးရခဲ့တာကလည်း တကယ်မိုက်ပါတယ်။ ကျွန်တော့်ကို မဲပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အသင်းလိုက်ရော၊ တစ်ဦးချင်းပါ အောင်မြင်ခဲ့တဲ့ မမေ့နိုင်စရာရာသီတစ်ခုပါပဲ။ မန်စီးတီးမှာ သိပ်ပြီးကောင်းမွန်တဲ့ အသင်းဖော်တွေနဲ့ ဖလားသုံးလုံးချန်ပီယံဖြစ်ခဲ့ပြီး အဲဒီလိုအောင်ပွဲမျိုး ကျွန်တော်တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးဘူး။ ပြီးခဲ့တဲ့ရာသီတုန်းကလို ထူးခြားကောင်းမွန်တဲ့အမှတ်တရတွေ ထပ်ပြီးပိုင်ဆိုင်အောင် ကြိုးစားသွားပါမယ်။ လက်ရှိရာသီမှာလည်း ကျွန်တော်တို့ အစကောင်းနေပါပြီ" လို့ ပြောခဲ့တယ်။
ဟော်လန်းအတွက် ထိုက်တန်တဲ့ဆုလာဘ် (Life)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















