တနင်္သာရီတိုင်းဒေသကြီး နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမင်းမင်းလတ်အား အစားထိုး ခန့်အပ်

တနင်္သာရီတိုင်းဒေသကြီး နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမင်းမင်းလတ်အား အစားထိုး ခန့်အပ်
Published 15 August 2023

တနင်္သာရီတိုင်းဒေသကြီး အစိုးအရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးမင်းမင်းလတ်အား အစားထိုး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သြဂုတ် ၁၅ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တနင်္သာရီတိုင်းဒေသကြီး အစိုးအရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးထားသည့် ကြည်း ၂၇၁၂၀ ဗိုလ်မှူးကြီးသိန်းလင်းအစား ကြည်း ၃၁၃၇၅ ဗိုလ်မှူးကြီးမင်းမင်းလတ်အား အစားထိုး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအမိန့်စာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။