ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှေးရိုးစွဲ အတွေးအခေါ်၊ အယူအဆများဖြင့် စဉ်းစားဆောင်ရွက်ရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိအခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ရန် နစကဥက္ကဌပြောကြား

ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှေးရိုးစွဲ အတွေးအခေါ်၊ အယူအဆများဖြင့် စဉ်းစားဆောင်ရွက်ရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိအခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ရန် နစကဥက္ကဌပြောကြား
Published 7 August 2023

ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှေးရိုးစွဲ အတွေးအခေါ်၊ အယူအဆများဖြင့် စဉ်းစားဆောင်ရွက်ရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိအခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

သြဂုတ် ၈ ရက်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ နစကဥက္ကဌက အသစ်ဖွဲ့စည်းထားသည့် နစကအဖွဲ့ဝင်များအား တွေ့ဆုံအမှာစကားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဌက တိုင်းရင်းသားများ၏အခွင့်အရေးနှင့်ပတ်သက်၍ အခြေခံဥပဒေ၌ တူညီသည့် အခွင့်အရေးများ ပေးထားပြီးဖြစ်သကဲ့သို့ မိမိတို့အနေဖြင့်လည်း တိုင်းရင်းသားဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် တိုင်းရင်းသားဒေသများ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် NCA ပါသဘောတူညီချက်များအတိုင်း အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း အလေးထား လိုက်နာဆောင်ရွက် ရန်လိုကြောင်း၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှေးရိုးစွဲကျသည့် အတွေး အခေါ်၊ အယူအဆများဖြင့် စဉ်းစားဆောင်ရွက်နေရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိ အခြေအနေများနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ပြင်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ကို မထိခိုက်စေရန်လည်း အထူး သတိပြု ဆောင်ရွက်ရန်လိုကြောင်း၊ သမာသမတ်ကျသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများ ကို အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့် ဘက်မှ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှုရှိစေရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ပါ သဘောတူညီချက်များအတိုင်း အားလုံးက လုပ်ဆောင်ရမည်ဖြစ်ကြောင်း.ပြောကြားသည်။

 ထို့ပြင် PDF များအနေဖြင့် EAO အဖွဲ့အချို့၏ ကူညီအား ပေးမှုနှင့်အထောက်အပံ့များကိုရယူ၍ လက်နက်ကိုင်အကြမ်းဖက်မှုများကို လုပ်ဆောင် ခဲ့ကြကြောင်း၊ တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိစေရေး ယခင်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ယင်းတို့ကို NCA အပေါ်တွင် အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် အချို့ သော EAO အဖွဲ့များအနေဖြင့် NCA သဘောတူညီချက်များကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ဆောင်ရွက်ခြင်းကြောင့် PDF  အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ ထိုကဲ့သို့သော လုပ်ရပ်များကြောင့် အချို့သောဒေသများတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ ကြောင်း နစက္ကဌက ပြောကြားသည်။

ထို့အတူ မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဆက်လက်ဆောင်ရွက်ပြီး ရည်မှန်းချက်တာဝန်များ အောင်မြင်အောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရ မည် ဖြစ်ကြောင်း၊ PDF နှင့် အချို့သော EAO အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည့် အပြင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခွင့်အရေးများ များစွာ ဆုံးရှုံးထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ထို့ပြင် ဒေသခံပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများ ဆုံးရှုံး၍ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာစေလျက်ရှိသကဲ့သို့ တိုင်းပြည်၏ အနာဂတ်အတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင် ဖြစ် ကြောင်း၊ ထို့ကြောင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း တည်ငြိမ် အေးချမ်းမှုရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဌက ပြောကြားသည်။

Most Read

Most Recent