စမ်းချောင်းမြို့နယ် ပြည်လမ်း မဟာမြိုင်မှတ်တိုင်တွင် YBS ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား

စမ်းချောင်းမြို့နယ် ပြည်လမ်း မဟာမြိုင်မှတ်တိုင်တွင် YBS ယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွား
Published 27 July 2023

စမ်းချောင်းမြို့နယ် ပြည်လမ်း မဟာမြိုင်မှတ်တိုင်တွင် YBS ယာဉ်တစ်စီး မီးလောင်မှု ဇူလိုင် ၂၇ ရက်က နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။

ဇူလိုင် ၂၇ ရက် ၊ နံနက် ၉ နာရီခွဲခန့်တွင် စမ်းချောင်းမြို့နယ် ပြည်လမ်းမပေါ်တွင် ယာဉ်တစ်စီးမီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရသဖြင့် မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ သွားရောက်ခဲ့သည်။

YBS 21 ယာဉ် မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးလောင်ရာသို့ ရောက်ရှိခဲ့သည့် ပရဟိတအဖွဲ့များထံမှ သိရသည်။

"မဟာမြိုင်မှတ်တိုင်နားမှာ လောင်တာပါ။လှည်းတန်းဘက်ကို သွားတဲ့ဘက်ခြမ်းပါ။YBS 21 ယာဉ် မီးလောင်တာပါ "ဟု မီးလောင်ရာသို့ ရောက်ရှိခဲ့သည့် အနာဂတ်အလင်းတန်းပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဝါယာရှော့မှတစ်ဆင့် မီးလောင်ကျွမ်းခြင်းဖြစ်သည်ဟု ကနဦးသိရှိရပြီး ယာဉ်အတွင်းပိုင်း မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။

မီးလောင်ကျွမ်းရာသို့ ကျောက်တံတားမြို့နယ်မီးသတ်စခန်းနှင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ပုံ - အနာဂတ်အလင်းတန်းပရဟိတအသင်း

Most Read

Most Recent