အယ်လ်အာလီအသင်း၏ ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းမှုကို မာကိုဆေးလ်ဗား ပယ်ချ

အယ်လ်အာလီအသင်း၏ ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းမှုကို မာကိုဆေးလ်ဗား ပယ်ချ
Photo: Getty Images
Photo: Getty Images
Published 24 July 2023

ဖူလ်ဟမ်အသင်း၏ နည်းပြ မာကိုဆေးလ်ဗားသည် ဆော်ဒီကလပ် အယ်လ်အာလီအသင်း၏ (၂)နှစ်စာချုပ်အတွက် ပေါင်သန်း(၄၀)ဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်းသိရသည်။

ပေါ်တူဂီနည်းပြ မာကိုဆေးလ်ဗားသည် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းက ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်း၏ တစ်နှစ်ပေါင်(၁၇)သန်းဖြင့်ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပြီး ယခု အယ်လ်အာလီအသင်း၏ ကမ်းလှမ်းမှုကို ထပ်မံပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မာကိုဆေးလ်ဗားသည် ဖူလ်ဟမ်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး လျော်ကြေး ပေါင်(၆)သန်းဖြင့် ထွက်ခွာနိုင်သည့်သဘောတူညီချက်ပါဝင်သောကြောင့် ဆော်ဒီကလပ်များက ၎င်းအားခေါ်ယူရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent