မက်ဆီကို ဂျော့ချ်မားစ်နဲ့ ဘက်ခမ် ဘယ်လိုကြိုးစားခဲ့သလဲ(၃)

မက်ဆီကို ဂျော့ချ်မားစ်နဲ့ ဘက်ခမ် ဘယ်လိုကြိုးစားခဲ့သလဲ(၃)
Photo : Twitter
Photo : Twitter
Published 24 July 2023
Chan Myae

မက်ဆီလည်း ကမ္ဘာ့ဖလားရ၊ ဟော်ဟေမက်စ်လည်း အမေရိကန်ကို ပြန်။ ရက်သတ္တပတ် နည်းနည်းကြာတော့ မက်ဆီက PSG အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရသွားပြီဆိုတဲ့ သတင်းတွေထွက်လာတယ်။ ဒီတော့ ဟော်ဟေမက်စ်လည်း နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ပါးစပ်ပိတ်ထားတယ်။ သူတို့ဆီမှာ အတွင်းပိုင်းကလာတဲ့ သတင်းတွေရှိတယ်။ ဒီသတင်းတွေက မမှန်ဘူးဆိုတာကိုလည်း သိတယ်။ ဒါပေမဲ့ ဘာဆိုဘာမှ ထွက်မပြောဘူး။ တိတ်တိတ်လေးပဲနေတယ်။ ဒီကိစ္စမျိုးက စိတ်ရှည်ရတယ်ဆိုတာကိုသူသိတယ်။

 

Most Read

Most Recent