လူစာရင်းတန်ဖိုးအများဆုံးအသင်းအဖြစ် မန်စီးတီးကို ကျော်ဖြတ်၍ အာဆင်နယ်ရပ်တည်

လူစာရင်းတန်ဖိုးအများဆုံးအသင်းအဖြစ် မန်စီးတီးကို ကျော်ဖြတ်၍ အာဆင်နယ်ရပ်တည်
Photo: Livescore
Photo: Livescore
Published 19 July 2023

 

အာဆင်နယ်အသင်းသည် ဘောလုံးလောကတွင် လူစာရင်းတန်ဖိုးအများဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ 

ယခုနွေရာသီအပြောင်းအရွှေ့မတိုင်မီတွင် မန်စီးတီးအသင်းက လူစာရင်းတန်ဖိုးအများဆုံးအသင်းအဖြစ် ရပ်တည်နေခဲ့သော်လည်း အာဆင်နယ်အသင်းက ကစားသမားသစ်(၃)ဦးအတွက် ယူရိုသန်း(၂၃၀)ကျော် သုံးစွဲခဲ့ပြီးနောက် မန်စီးတီးအသင်းကို ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ကစားသမား(၃၃)ဦးရှိနေသည့် အာဆင်နယ်အသင်း၏ လူစာရင်းတန်ဖိုးမှာ ယူရို(၁.၂၁)ဘီလီယံရှိနေပြီး ကစားသမား (၂၇)ဦးရှိနေသည့် မန်စီးတီးအသင်း၏ လူစာရင်းတန်ဖိုးမှာ ယူရို(၁.၁၉)ဘီလီယံရှိနေသည်ဟု သိရသည်။ လူစာရင်းတန်ဖိုးအများဆုံး(၁၀)သင်းစာရင်းတွင် ပရီးမီးယားလိဂ်မှ (၆)သင်းအထိပါဝင်ကာ အများဆုံးဖြစ်ခဲ့ပြီး လာလီဂါမှ နှစ်သင်း၊ ပြင် သစ်လိဂ်နှင့် ဘွန်ဒစ်လီဂါမှ တစ်သင်းစီ ပါဝင်ခဲ့သည်။ 

အာဆင်နယ်အသင်းသည် နည်းပြ အာတီတာ စတင်ကိုင်တွယ်ချိန်က လူစာရင်းတန်ဖိုးမှာ ယူရို(၆၆၈)သန်းသာရှိခဲ့ရာမှ (၅၂၈)သန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အာဆင်နယ်အသင်းသည် အာတီတာလက်ထက်တွင် ကစားသမားသစ် ခေါ်ယူမှုအတွက် ယူရို (၆၈၅)သန်းသုံးစွဲခဲ့ပြီး ကစားသမားရောင်းချမှုမှ ယူရို(၁၀၄)သန်းသာ ပြန်ရခဲ့ပြီး အသားတင်အသုံးစရိတ်အများဆုံးအဖြစ်လည်း ရပ်တည်နေကြောင်း Transfermarkt က ဖော်ပြခဲ့သည်။

Most Read

Most Recent