အာဆီယံ၏ ပူးတွဲကြေညာချက်ပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အချက်အချို့အပေါ် ပယ်ချကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

အာဆီယံ၏ ပူးတွဲကြေညာချက်ပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အချက်အချို့အပေါ် ပယ်ချကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
■ ပုံစာ -  (၅၆) ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တွေ့ရစဉ်
■ ပုံစာ -  (၅၆) ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တွေ့ရစဉ်
Published 14 July 2023

အာဆီယံ၏ ပူးတွဲကြေညာချက်ပါ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အချက်အချို့အပေါ် ပယ်ချကြောင်းနှင့် ရှေ့လုပ်ငန်းစဉ်ငါးရပ် နှင့်အညီဒီမိုကရေစီပြန်လည်ဖော်ဆောင် ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိရေးတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနကဇူလိုင်၁၄ ရက်၌ထုတ်ပြန်သည်။ 

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ဇူလိုင် ၁၁ ရက်တွင်ပြုလုပ်ခဲ့သည့် (၅၆) ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်ထုတ်ပြန်ခဲ့သည့် ပူးတွဲ ကြေညာချက်တွင် မြန်မာနိုင်ငံကိစ္စနှင့်ပတ် သက်၍ တစ်ဖက်သတ်မမျှမတ ဖော်ပြထား သည့် အချက်အလက်အချို့အတွက် စိတ် ပျက်မိကြောင်း မြန်မာအစိုးရကိုယ်စား ဖော် ပြအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ အာဆီယံ၏ပူးတွဲကြေညာ ချက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုး တက်မှု ခေါင်းစဉ်အောက်၌ သက်ဆိုင်ရာနိုင် ငံ၏ ငြိမ်းချမ်းသောနည်းဖြင့် စစ်မှန်သည့်ဒီမို ကရေစီနိုင်ငံထူထောင်ရေးကြိုးပမ်းနေမှု များ နှင့်  သဘောထားရပ်တည်ချက်များကို ထည့် သွင်းစဉ်းစားခြင်းမရှိဘဲ အာဆီယံအဖွဲ့ဝင်နိုင် ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးအခြေအနေကို ဖော်ပြထားကြောင်း တွေ့ရှိကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန၏ထုတ်ပြန်မှုတွင်ပါရှိသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်အပါအဝင်မည်သည့်   ထုတ်ပြန်ချက်တွင်မဆို နိုင်ငံတစ်နိုင်ငံအားသီး ခြားပစ်မှတ်ထား၍ ယင်း၏ ပြည်တွင်းရေး ကိစ္စအား ဖော်ပြမှုသည် အာဆီယံပဋိညာဉ် စာတမ်းတွင် ပြဋ္ဌာန်းထားသည့်ဝင်ရောက် မစွက်ဖက်ရေးမူနှင့် သွေဖည်နေသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် မည်သည့်အခါက မျှလက်ခံခြင်းမရှိဟု ထပ်မံဖော်ပြအပ် ကြောင်း၊  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ၏ ပူးတွဲကြေညာချက်(မူကြမ်း)အား ညှိနှိုင်း စဉ် က မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်သိစွာဖြင့် ပါဝင် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ သို့ရာတွင် ပူးတွဲ ကြေညာချက်အား အပြီးသတ်ထုတ်ပြန် ကြေ ညာရာတွင် မြန်မာနိုင်ငံမှအဆိုပြုပြင်ဆင် ဖြည့်စွက်ထည့်သွင်းလိုသည့်အချက်များ၊ မြန် မာနိုင်ငံ၏ သဘောထားနှင့် စိုးရိမ်ပူပန်မှုများ ကို လျစ်လျူရှုခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန၏ ထုတ်ပြန်မှုတွင်ဖော်ပြထားသည်။     

သို့ဖြစ်၍အထက်ဖော်ပြပါအချက်များ ကို အခြေခံလျက် အာဆီယံနိုင်ငံခြားရေး ဝန် ကြီး များအစည်းအဝေး၏ ပူးတွဲကြေညာချက် တွင်ပါဝင်သည့် မြန်မာနိုင်ငံကိစ္စနှင့်ပတ်သက် သည့် အချို့အချက်များအပေါ် စိတ် ပျက်မိပြီး ယင်းဖော်ပြချက်များအား ပြတ်သားစွာ ပယ်ချ လျက်ပါဝင်ပတ်သက်မှုမရှိကြောင်း ထပ် လောင်းဖော်ပြအပ်ကြောင်း၊ မြန်မာနိုင်ငံ သည် ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့်အညီ ဒီမိုက ရေ စီပြန်လည် ဖော်ဆောင်ရေး၊ နိုင်ငံတည် ငြိမ်အေးချမ်းမှုရှိရေးတို့ကို ဆောင်ရွက် မည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ဖော်ပြ အပ်ကြောင်း ထုတ်ပြန်မှုတွင် ပါရှိသည်။