■  အန်နရီကေးအတွက် ပါရီစိန်ခေါ်သံ

■  အန်နရီကေးအတွက် ပါရီစိန်ခေါ်သံ
Photo : PSG
Photo : PSG
Published 12 July 2023
Phoe Thar

၂၀၁၁ ခုနှစ်မှာ Qatar Sports Investments က ပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် PSG အသင်းဟာလည်း ချယ်လ်ဆီး၊ မန်စီးတီးတို့လို ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံနိုင်တဲ့ အဆင့်အတန်းမျိုးရောက်အောင် ငွေအလုံးအရင်းအသုံးပြုပြီး တိုးဝင်ခဲ့တာပါ။ PSG ရဲ့ ငွေလမ်းခင်းတဲ့ အောင်မြင်မှုခရီးစဉ်ဟာ အစောပိုင်းကာလတွေမှာ ထိုက်သင့်သလောက် ခရီးရောက်ခဲ့သလို၊ ဥရောပရဲ့ထိပ်တန်းအသင်းကြီးတစ်သင်းအဖြစ် သတ်မှတ်ရတဲ့ အဆင့်အတန်းမျိုးအထိဖြစ်လာခဲ့ပါတယ်။ (၂၁)ရာစု အစောပိုင်းဆယ်စုနှစ်မှာ ပြင်သစ်ဘောလုံးလောကရဲ့ သာမန်အဆင့်အသင်းတစ်သင်းဖြစ်ခဲ့တဲ့ PSG ဟာ ကာတာပိုင်ရှင်တွေရဲ့လက်အောက်မှာ အရှင်မွေးနေ့ချင်းကြီးခဲ့ပြီးပြင်သစ်လီဂူးနောက်ဆုံး (၁၀)ရာသီမှာ ချန်ပီယံဆုကို (၉)ကြိမ်ရယူနိုင်တဲ့အထိ ပြည်တွင်းမှာ ပြိုင်ဘက်မဲ့ကိန်းခန်းကြီးမားခဲ့တယ်။ ကျန်ပြည်တွင်းဖလားပြိုင်ပွဲတွေဖြစ်တဲ့ ပြင်သစ်ဖလား၊ ပြင်သစ်လိဂ်ဖလား (၂၀၂၀ တွင်ဖျက်သိမ်း)နဲ့ ပြင်သစ်စူပါဖလားပြိုင်ပွဲတွေမှာလည်း အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နိုင်တဲ့အထိ PSG ဟာ QSI ရဲ့လက်အောက်မှာ ပြင်သစ်ဘောလုံးလောကတစ်ခုလုံးကို  အတိုင်းအဆမဲ့လွှမ်းမိုးနိုင်ခဲ့တာပါ။ ဒါပေမဲ့ ဒီအောင်မြင်မှုတွေဟာ PSG အတွက် ယာယီစိတ်ကျေနပ် မှုသာဖြစ်ခဲ့ပြီး အသင်းရဲ့အိပ်မက်၊ အသင်းရဲ့ပန်းတိုင်ဖြစ်တဲ့ ချန်ပီယံလိဂ်အောင်မြင်မှုနဲ့တော့ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဝေးကွာနေဆဲပါပဲ။ 

 

Most Read

Most Recent