■ ဖိအားတွေနဲ့စတင်ပြီး ကြယ်တစ်ပွင့်ဖြစ်လာသူ တစ်ယောက်အကြောင်း (၅)

■ ဖိအားတွေနဲ့စတင်ပြီး ကြယ်တစ်ပွင့်ဖြစ်လာသူ တစ်ယောက်အကြောင်း (၅)
Photo : Getty Images
Photo : Getty Images
Published 12 July 2023
Chan Myae

"ကလပ်အသင်းတစ်သင်းအနေနဲ့ ကျွန်တော်တို့အသင်းက တော်တော်လေးရှုပ်ထွေးတဲ့ အခြေအနေကို ရောက်နေတယ်"လို့ မိုက်ကယ်ဝတ်စ်က ပြောတယ်။ "အဝတ်လဲခန်းအတွင်းလို လူတွေ မမြင်ရတဲ့နောက်ကွယ်မှာ ဖြစ်ပျက်နေတာတွေက အများကြီးပဲ။ ရာသီတစ်ခုအတွင်းမှာ ဒီလောက် ကိစ္စပေါင်းစုံ ရှုပ်ထွေးနေတာမျိုးကို ကျွန်တော့်ဘဝမှာ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးဘူး။ ပရိသတ်တွေနဲ့ ကလပ်အသင်းမှာရှိတဲ့ လူတွေက ဂျက်ကတော့ အက်စတွန်ဗီလာအသင်းကို ကယ်တင်နိုင်လိမ့်မယ်လို့ ယူဆနေကြတယ်။ အရမ်းထူးခြားတဲ့ တစ်ခုခုကိုများ သူ လုပ်ပြပြီး အက်စတွန်ဗီလာရဲ့ ရာသီကို ကယ်တင်မလားဆိုတာကို မျှော်လင့်နေကြတယ်။ ဒါပေမဲ့ ဂျက်ဟာ ဘယ်လောက်ပဲ ပါရမီပါလာလာ အခြေအနေကြီးတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ဖို့ဆိုတာက မေးခွန်းထုတ်စရာပါ။ ဂျက်တင်မဟုတ်ဘဲ ကလပ်အသင်းမှာရှိနေတဲ့ တခြားကစားသမား (၂၈)ဦးနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ရမယ့် ကိစ္စလည်းဖြစ်နေတယ်"လို့ သူက ဆိုတယ်။