မက်ဒရစ်မြေကို ရောက်လာတဲ့ တူရကီကြယ် (သို့မဟုတ်) အာဒါဂူလာ

မက်ဒရစ်မြေကို ရောက်လာတဲ့ တူရကီကြယ် (သို့မဟုတ်) အာဒါဂူလာ
Photos: Twitter
Photos: Twitter
Published 12 July 2023
Zay Yar Htun

ပြီးခဲ့တဲ့ရက်ပိုင်းက စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းဟာ ဖီနာဘာချီအသင်းရဲ့ တူရကီဆယ်ကျော်သက်ကြယ်ပွင့် အာဒါဂူလာကို ခေါ်ယူလိုက်တယ်။ ရီးယဲလ်မက်ဒရစ်အသင်းဟာ အာဒါဂူလာအတွက် ယူရို သန်း(၂၀)သုံးစွဲခဲ့ပြီး (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ အာဒါဂူလာကို ခေါ်ယူပြီးနောက် ရီးယဲလ်မက်ဒရစ်ဥက္ကဋ္ဌဖြစ်သူ ဖလော်ရင်တီနိုပီရက်ဇ်က အခုလို ဆိုခဲ့တယ်။ "သူ့့ (အာဒါဂူလာ)အသက်က (၁၈)နှစ်ပဲ ရှိသေးပြီး ဂူလာရဲ့ အကြီးအကျယ်ဆုံးအိပ်မက်တစ်ခု ပြီးမြောက်ခဲ့ပြီလို့ ကျွန်တော်ထင်ပါတယ်။ သူက ချန်ပီယံလိဂ် (ယခင်ဥရောပဖလား)ဖလား (၁၄)လုံးရရှိတဲ့ အသင်းကိုရောက်လာခဲ့တာပါ"လို့ ရီးယဲလ်မက်ဒရစ်နည်းပြ ဖလော်ရင်တီနိုပီရက်ဇ်က အာဒါဂူလာကို ခေါ်ယူအပြီးမှာ ဆိုခဲ့တာပါ။ တကယ်တော့ အာဒါဂူလာကို လိုချင်တဲ့ အသင်းဟာ ရီးယဲလ်မက်ဒရစ်တစ်သင်းတည်း မဟုတ်ခဲ့ပါဘူး။ ဘာစီလိုနာအသင်းကို အာဒါဂူလာ ရောက်ဖို့ အနီးစပ်ဆုံးအခြေအနေတစ်ခု ဖြစ်ခဲ့ပါသေးတယ်။

 

Most Read

Most Recent