ထောင်ဒဏ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် နှင့်ထိုင်း နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံခဲ့ဟု သတင်းများထွက်ပေါ်

ထောင်ဒဏ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် နှင့်ထိုင်း နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံခဲ့ဟု သတင်းများထွက်ပေါ်
■ Photo ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ၂၀၁၉ ခုနှစ်က နေပြည်တော်တွင်တွေ့ဆုံစဉ်(ပုံဟောင်း)
■ Photo ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ၂၀၁၉ ခုနှစ်က နေပြည်တော်တွင်တွေ့ဆုံစဉ်(ပုံဟောင်း)
Published 12 July 2023
■ Ref:PanOrient News

ထိုင်း နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သော ဒွန်ပရာမတ်ဝီနိုင်းသည် ဇူလိုင် ၉ ရက်က  ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခဲ့ဟု သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

ထိုသို့ တွေ့ဆုံခဲ့ကြောင်းကို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက အာဆီယံတွင် ထုတ်ဖော်ပြောဆိုသည်ဟု pan orient news နှင့် Kyodo သတင်းဌာနတို့က ၄င်းတို့၏ သံတမန် သတင်းရင်းမြစ်များ၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြထားသည်။

တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိသော တွေ့ဆုံမှုသည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံ အစည်းအဝေး မတိုင်မီ တစ်ရက်အလိုတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသော အာဆီယံအစည်းအဝေးတွင် မြန်မာ့အရေးကို အဓိကထား ဆွေးနွေးလျက်ရှိသည်။  

ဝန်ကြီး ဒွန်ပရာမတ်ဝီနိုင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုက မည်သည့် အကျိုးသက်ရောက်မှုရှိမည် သို့မဟုတ် မြန်မာ့အရေးဖြေရှင်းရေးအတွက် သိသာထင်ရှားသော တိုးတက်မှုရှိနိုင်သည်ဆိုခြင်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရပေ။

ထိုင်းနိုင်ငံသည် ဇွန်လထဲတွင် အလွတ်သဘောငြိမ်းချမ်းရေးဆွေးနွေးပွဲကို လက်ခံကျင်းပခဲ့ရာ ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးသန်းဆွေနှင့်အတူ လာအို၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ တရုတ်တို့က ကိုယ်စားလှယ်များလည်း တက်ရောက်ကြသည်။ အဆိုပါဆွေးနွေးပွဲတွင် မြန်မာ့အရေးကိုဖြေရှင်းရန် နည်းလမ်းများ ရှာခဲ့သည်။