နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များ နေပြည်တော်တွင် ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေး

နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့မှ ကိုယ်စားလှယ်များ နေပြည်တော်တွင် ဒုတိယနေ့အဖြစ် တွေ့ဆုံဆွေးနွေး
Published 27 June 2023

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့ (ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO)မှ ကိုယ်စားလှယ်များ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့ကို ဇွန် ၂၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်နှင့် ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)မှ စစ်ရေးချုပ်စောစိန်ဝင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဒုတိယဥက္ကဋ္ဌ ကျာဖူး၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဖြားတန်ခွန်ဥက္ကာတို့ ဦးဆောင်သည့်  ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် NCA-S EAO အဖွဲ့များအကြား ဆွေးနွေးသဘောတူထားသော ဘုံသဘောတူညီချက်များကိစ္စ၊ ဖက်ဒရယ်အခြေခံမူများကိစ္စ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးကိစ္စ၊ UWSP၊  NDAA၊ SSPP အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအပေါ် NCA-S EAO များ၏ သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက မိမိတို့၏ သဘောထားများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ဆွေးနွေးပွဲ ပထမနေ့တွင် ဆွေးနွေးညှိနှိုင်းခဲ့ကြသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) မှ ပြင်ဆင်လိုသောအချက်များ၊ ယခင်ဆွေးနွေးပွဲများ၌ သဘောတူထားသည့်အချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စ၊ ဒေသတည်ငြိမ်ရေးကိစ္စနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စများ၊ ဆွေးနွေးပွဲဒုတိယနေ့တွင် ဆွေးနွေးညှိုနှိုင်းခဲ့ကြသည့် NCA-S EAO အဖွဲ့များအကြား ဆွေးနွေးသဘောတူထားသော ဘုံသဘောတူညီချက်များကိစ္စ၊ ဖက်ဒရယ်အခြေခံမူများကိစ္စ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စ၊ UWSP၊  NDAA၊ SSPP အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးအပေါ် NCA-S EAO များ၏ သဘောထားများ စသည့် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ သဘောတူညီချက်ရယူနိုင်ရန်မူကြမ်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို ရပ်နားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့ (ALP၊ DKBA၊ KNU/KNLA-PC၊ LDU၊ PNLO)မှ ကိုယ်စားလှယ်များတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တတိယနေ့ကို ဇွန် ၂၈ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး နှစ်ဖက်တူညီသည့် သဘောထားများကို သဘောတူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent