KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်တွင် မေ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ဦးရေ ၂၂၀၀၀ ကျော်ရှိနေ

KNU ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်တွင် မေ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ဘေးရှောင်ဦးရေ ၂၂၀၀၀ ကျော်ရှိနေ
Published 27 June 2023

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးပလာယာခရိုင်တွင် မေ ၁ ရက်မှ ၃၁ ရက်အထိ တပ်မတော်နှင့် KNU အကြား တိုက်ပွဲပေါင်း ၃၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

၂၀၂၃ ခုနှစ် မေ ၁ ရက်မှ ၃၁ ရက်အထိ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးပလာယာခရိုင် တပ်မဟာ (၆) တွင် တပ်မတော်နှင့် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ လက်အောက်ခံပူးပေါင်းစစ်ကြောင်းများအကြား တိုက်ပွဲ ၃၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒူးပလာယာခရိုင်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် မေ ၁ ရက်မှ ၃၁ ရက်အထိ ဒေသခံသုံးဦး သေဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဒူးပလာယာခရိုင်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် မေ ၁ ရက်မှ ၃၁ ရက်အထိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း၊ နေအိမ် ၂၂ လုံး ပျက်စီးခဲ့ပြီး ဒေသခံများ စိုက်ပျိုးထားသည့် ခြံစိုက်သီနှံပင်များလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ ဒူးပလာယာခရိုင်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် မေလအတွင်း စစ်ဘေးရှောင်ဦးရေ ၂၂၅၂၃ ဦးရှိလာကြောင်း ဒူးပလာယာခရိုင် Committee for Internally Displaced Karen People CIDKP ၏ လစဉ်စာရင်းအရ သိရသည်။

မိုးရာသီဖြစ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် နေရာထိုင်ခင်း လုံလောက်မှုမရှိခြင်း၊ စားနပ်ရိက္ခာလုံလောက်မှုမရှိခြင်း၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးများနှင့် ကုသမှုများ လုံလုံလောက်လောက် မရှိခြင်းစသည့် အခက်အခဲဒုက္ခများနှင့် ရင်ဆိုင်နေရကြောင်း KNU ဗဟိုက ဆိုသည်။

Most Read

Most Recent