ကမ္ဘာ့ကိုဗစ်၊ ကိုဗစ်အလွန်စီးပွားရေး

ကမ္ဘာ့ကိုဗစ်၊ ကိုဗစ်အလွန်စီးပွားရေး
Published 25 June 2023
ဒေါက်တာလွင်သန့် 

၂၀၂၃ ခုနှစ် ဇွန်လ ၂၃ ရက်အထိ ကမ္ဘာပေါ်မှာကိုဗစ်ဖြစ်ပွားသူ ၆၉၀ ဒသမ ၆) သန်း၊ ကိုဗစ်ကြောင့်သေဆုံးသူ ၆ ဒသမ ၈၉ သန်းရှိခဲ့ပြီး မြန်မာနိုင်ငံမှာကိုဗစ်ဖြစ်ပွားသူ ၆၃၉၇၄၀ ဦး၊ ကိုဗစ်ကြောင့်သေဆုံးသူ ၁၉၄၉၄ ဦးရှိခဲ့ပြီဖြစ်ပါတယ်။

 ကိုဗစ်ကပ်ရောဂါက ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရေးပေါ်အခြေအနေကနေကျော်လွှားနိုင်ခဲ့ပြီလို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကမေလ ၅ ရက်နေ့ကကြေညာခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးအရေးပေါ်ခြိမ်းခြောက်မှုအန္တရာယ်အခြေအနေကနေ အလုံးစုံလွတ်မြောက်ပြီးဆုံးသွားတယ်ဆိုတာမဟုတ်ဘဲ ဗိုင်းရပ်ပိုးကဆက်လက်ပျံ့နှံ့ကူးစက်ဆဲဖြစ်ကာ လူသေဆုံးမှုလည်းရှိနေပါသေးတယ်။ ကူးစက်မှုနဲ့သေဆုံးမှု ဆက်လက်ကျန်ရှိ ကူးစက်နေဆဲဖြစ်ကာ မြန်မာနိုင်ငံ၊ အိန္ဒိယ၊ ထိုင်း၊ကိုရီးယား၊ ဂျပန်တို့မှာ အိတ်ဘီဘီဝမ်းပွိုင့်စစ် (XBB.1.6) အိုမီခရွန်မျိုးကွဲပျံ့နှံ့ကူးစက်လျက်ရှိနေကြောင်း WHO ညွှန်ကြားရေးမှူးချုပ်တက်ဒရိုအခါနွမ်ဂေဘရီယယ်ဆပ်ကပြောကြားခဲ့တယ်။

ပထမဆုံးကိုဗစ်ကူးစက်မှုကို ၂၀၁၉ ခုနှစ်နိုဝင်ဘာလကုန်မှာ တရုတ်နိုင်ငံဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ဇန်နဝါရီ ၃၁ ရက်မှာ ကိုဗစ်ကိုနိုင်ငံတကာစိုးရိမ်ဖွယ်ရာပြည်သူ့ကျန်းမာရေးအရေးပေါ်ကြေညာချက်အဖြစ် WHO ကကြေညာထုတ်ပြန်ခဲ့တဲ့အချိန်ကူးစက်မှု ၁၀၀ အောက်နဲ့တရုတ်နိုင်ငံပြင်ပမှာ ကိုဗစ်နဲ့သေဆုံးမှုမရှိသေးတဲ့အချိန်ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်မတ် ၁၁ ရက်မှာ ကိုဗစ်ကို ကမ္ဘာ့ကပ်ရောဂါလို့ သတ်မှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ၂၀၂၀ ပြည့်နှစ်မတ် ၂၃ ရက်မှာ ပြည်တော်ပြန် နှစ်ဦးထံမှကိုဗစ်ကူးစက်ခြင်းနဲ့စတင်ခဲ့ပါတယ်။ ကိုဗစ်တတိယလှိုင်း (Delta wave) ၂၀၂၁ ခုနှစ်မှာ ပျံ့နှံ့ကူးစက်ခဲ့ရာရောဂါဖြစ်ပွားနှုန်းသေဆုံးနှုန်းအဆမတန်များပြားခဲ့ပြီး မြန်မာနိုင်ငံဆေးရုံများကလည်း လက်မခံနိုင်တဲ့အထိများပြားခဲ့သလို ကူးစက်သေဆုံးမှုများခဲ့ပါတယ်။

ကိုဗစ်ရောဂါမပြင်းထန်တဲ့အခြေအနေကို ကူးစက်ခံရတဲ့တိုင် လပေါင်းများစွာ၊နှစ်ပေါင်းများစွာကြာ တစ်ခါတစ်ရံကျန်းမာရေးပြဿနာများကိုဖြစ်ပေါ်စေတဲ့အခြေအနေကိုဖြစ်စေတဲ့ဒါဇင်နဲ့ချီတဲ့ရောဂါလက္ခဏာများကို နာတာရှည်ကိုဗစ် (Chronic Covid) အဖြစ်သတ်မှတ်ကြောင်း အမေရိကန်အမျိုးသားကျန်းမာရေးဌာနရဲ့အစောပိုင်းတွေ့ရှိချက်မီးမောင်းထိုးဖော်ပြခဲ့ခြင်းပဲဖြစ်ပါယ်။

 ကမ္ဘာတစ်ဝန်း လူသန်းပေါင်းများစွာ ကိုဗစ်တတိယလှိုင်း (Delta wave) မှာ ခံစားခဲ့ရပြီး သေဆုံးမှု၊ကူးစက်ပျံ့နှံ့မှုအထူးများပြားခဲ့ပါတယ်။ ဒါဇင်နဲ့ချီတဲ့လူများဟာပင်ပန်းနွမ်းနယ်မှုနဲ့ အာရုံစူးစိုက်နိုင်စွမ်းလျော့ကျခြင်းအပါအဝင်အမျိုးမျိုးရောဂါလက္ခဏာများကျယ်ကျယ်ပြန့်ပြန့်ခံစားနေရပါတယ်။သိပ္ပံပညာရှင်တို့ကအဆိုပါဖြစ်ရတဲ့အကြောင်းရင်းများအချို့လူတွေမှာ ဘယ်အတွက်ကြောင့်ဘယ်လိုကုသနိုင်ခြင်းစတဲ့အကြောင်းအရာများကိုလက်ရှိအချိန်အထိမသိရှိသေးပါဘူး။ အခြေအနေကိုပိုမိုကောင်းမွန်စွာအဓိပ္ပာယ်သတ်မှတ်ခြင်းဟာ အဖြေများရရှိဖို့ သုတေသနရဲ့သော့ချက်ဖြစ်ပါယ်။ နည်းနည်းပက်ပန်းနေကြတယ်ဆိုပြီး ကြားနေကြရပါတယ်။

အဆိုပါသုတေသနမှာပါဝင်တဲ့ နယူးယောက်လင်ကွန်းကျန်းမာရေး (NYU Langune Health)မှ‌ဒေါက်တာလီယိုရာတောဝစ်ဇ်က"နာတာရှည်ကိုဗစ်ဝေဒနာခံစားနေရတဲ့သူတွေမှာ ကွဲပြားခြားနားချက်တွေရှိနေပြီး ဒါကိုသိရှိဖို့အရေးကြီးတယ်" လို့ဆိုပါတယ်။ မေ ၂၅ ရက်က အမေရိကန်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းရဲ့ဂျာနယ်မှာ ထုတ်ပြန်ထားတဲ့သုတေသနသစ်မှာ ကပ်ရောဂါကာလအတွင်း မတူညီတဲ့နေရာများမှ ကိုဗစ် (COVID-19) ရောဂါကူးစက်ခံရတဲ့အရွယ်ရောက်ပြီးသူ၈၆၀၀ နဲ ့နောက်ထပ်ကိုဗစ်ကူးစက်ခံရခြင်းမရှိသူ ၁၁၀၀၀ ကိုနှိုင်းယှဉ်ခဲ့ကြပါတယ်။

 တစ်ဖက်မှာဖိုင်ဇာ(Pfizer)ရဲ့ပက်လိုဗက်(Paxlovad)ကိုကိုဗစ်ကုသ‌ဆေးအဖြစ် FDA က အတည်ပြုလိုက်ပါတယ်။ အသက်အရွယ်ပြည့်ပြီးသူတွေမှာ ကိုဗစ်မပြင်းထန်တဲ့အခြေအနေနဲ့အသင့်အတင့်ပြင်းထန်တဲ့အခြေအနေတွေကိုကုသနိုင်တဲ့ပထမဆုံးသောက်ဆေးပက်လိုဗစ်(paxlovid)သုံးစွဲခွင့်ကိုအမေရိကန်(FDA)ကအပြည့်အဝခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ ကပ်ရောဂါရဲ့စိန်ခေါ်မှုတွေကျန်ရှိနေတဲ့ကာလမှာ ကိုဗစ်(COVID-19)ကြောင့်ဘဝမှာထိခိုက်သက်ရောက်မှုတွေကိုအတတ်နိုင်ဆုံး၊ အလျော့နည်းဆုံးဖြစ်အောင်ကြိုးပမ်းခဲ့ကြတာဖြစ်တယ်လို့ FDA ရဲ့ဆေးဝါးစိစစ်ရေးနဲ့သုတေသနစင်တာကဒါရိုက်တာပက်ထရီဇီယာကာဗာဇွန်နီကဆိုပါတယ်။

 ဘေးကင်းစိတ်ချပြီး အကျိုးထိရောက်မှုစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိကာ ကူးစက်ခံရသူတွေအတွက်ထိရောက်တဲ့ကုသမှုအဖြစ်ပြသထားတာဖြစ်တယ်လို့ဆိုပါတယ်။ ထပ်တိုးရောဂါရှုပ်ထွေးမှုရှိနိုင်ခြေရှိတဲ့ အဲဒီဆေးကိုသုံးစွဲကုသမှုကဘေးကင်းမှုနဲ့ အကျိုးထိရောက်မှုရှိစေနိုင်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပြီး ယခင်ကအရေးပေါ်အခြေအနေများသာ သုံးစွဲခွင့်ပြုထားရာမှ သုံးစွဲခွင့်အပြည့်အဝအတည်ပြုချက်ရရှိစေဖို့ဖြစ်ခဲ့တဲ့မတ်လကတည်းက FDA ရဲ့အကြံပြုရေးအဖွဲ့က ဆုံးဖြတ်ခဲ့ကြတာလို့သိရပါတယ်။ နာတာရှည်ကိုဗစ် (Chronic Covid) ရောဂါ ခံစားနေရကြောင်း သိရှိနိုင်ဖို့အထောက်အကူဖြစ်စေမယ့် ရောဂါလက္ခဏာတွေကအာရုံမစူးစိုက်နိုင်ခြင်း၊ မူးဝေခြင်း၊ အစာအိမ်အူလမ်းကြောင်းရောဂါ၊ လိင်ပိုင်းဆိုင်ရာပြဿနာများ၊ အနံ့(သို့မဟုတ်)အရသာပျောက်ခြင်း၊ ရေငတ်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်း၊ရင်ဘတ်နာကျင်ခြင်းတို့ပါဝင်ပါတယ်။ ကိုဗစ်ပြီးနောက်ဆက်တွဲကုသမှုခံယူနေရပါတယ်။

   

 ကမ္ဘာ့စီးပွားရေးအခြေအနေဟာ ၂၀၂၂ ခုနှစ်အထိ အနုတ်လက္ခဏာဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာတော့စီးပွားရေးအခက်အခဲ၊အကျပ်အတည်း၊ဆုတ်ယုတ်ကျဆင်းမှုအကြောင်းသာ အပြောများနေပါတယ်။ စီးပွားရေးအခြေအနေအမျိုးမျိုး၊ကွဲပြားခြားနားလျက်ရှိတဲ့ကမ္ဘာ့နိုင်ငံကြီးငယ်ကြားမှာကျင့်သုံးတဲ့စီးပွားရေးမူဝါဒ၊ထုတ်လုပ်မှုစွမ်းရည်၊ ကမ္ဘာ့ရောင်းလိုအားကွင်းဆက်နဲ့ချိတ်ဆက်မှု၊ စွမ်းအင်နဲ့လောင်စာဆီအသုံးပြုမှု၊ ကိုဗစ်ကပ်ရောဂါကူးစက်မှုနဲ့ရောဂါကာကွယ်နိုင်မှုစတဲ့အကြောင်းအမျိုးမျိုးအောက်မှာ မတူညီတဲ့စီးပွားရဲ့အခက်အခဲများတွေ့ခဲ့ကြရပါတယ်။ ၂၀၂၂ တစ်နှစ်လုံး ကမ္ဘာ့နိုင်ငံများရဲ့စီးပွားရေးအခြေအနေများကိုဖော်ပြတဲ့သတင်းများ၊အစီရင်ခံစာများမှာစီးပွားရေးဆုတ်ယုတ်မှုညွှန်းဆိုတဲ့ရီဆက်ရှင်းစကားလုံးကို ယခင်ကထက်ပိုမိုများပြားစွာတွေ့ခဲ့ကြပါတယ်။

 ရီဆက်ရှင်းခေါ် စီးပွားရေးအခြေအနေဆိုးရွားမှုဆိုတာ စီးပွားရေးအဆောက်အအုံအတွင်းရှိစီးပွားရေးလုပ်ငန်းများအားလုံးအသင့်အတင့်ကြာမြင့်တဲ့အချိန်ကာလအပိုင်းအခြားတစ်ခုအထိနှေးကွေးနေခြင်း၊ ကျဆင်းနေခြင်းလို့ယေဘုယျမှတ်ယူနိုင်ပါတယ်။ မတ်ခရိုစီးပွားရေးဖွင့်ဆိုချက်အရဆိုရင်ပြည်တွင်းထုတ်လုပ်မှု(GDP) သုံးလတာကာလနှစ်ကြိမ်ဆက်တိုက်(ခြောက်လ)ကျဆင်းနေခြင်းဖြစ်တယ်ဆိုပါတယ်။ ရီဆက်ရှင်းနဲ့ပတ်သက်လို့ပညာရှင်များနဲ့သုတေသီများကြားမှာအမြင်အမျိုးမျိုးရှိပါတယ်။ ရီဆက်ရှင်းဖြစ်ပွားနေတဲ့စီးပွားရေးအဆောက်အအုံတစ်ခုကိုကြည့်ရင်အမှန်တကယ်ဝင်ငွေကျဆင်းနေခြင်း၊ ကုန်ထုတ်လုပ်မှုကျဆင်းနေခြင်း၊ စျေးကွက်များမှ အရောင်းအားကျဆင်းနေခြင်းနဲ့ လစဉ်တွက်ချက်ထားတဲ့ဂျီဒီပီကျဆင်းနေခြင်းဆိုတဲ့ အခြေအနေငါးရပ်ကို တွေ့ကြရပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးဟာ ရီဆက်ရှင်းကြုံခဲ့ရခြင်းရှိ၊ မရှိပတ်သက်လို့အမြင်အမျိုးမျိုးနဲ့သုံးသပ်နေကြပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ရီဆက်ရှင်းအခြေအနေမျိုးရင်ဆိုင်ရခြင်းမရှိသေးရင် ၂၀၂၃ ခုနှစ်မှာ သေချာပေါက်ကြုံလာရမယ်လို ့ဟောကိန်းထုတ်ထားတာလည်းရှိလာပြန်ပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ၂၀၂၃ ခုနှစ်မှာ ရီဆက်ရှင်းနဲ့သေချာပေါက်ရင်ဆိုင်ရနိုင်ပါတယ်။ စီးပွားရေးအစီရင်ခံစာတွေမှာ ကမ္ဘာ့စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့အမေရိကန်စီးပွားရေးဟာ၂၀၂၂ ခုနှစ် ပထမခြောက်လအတွင်း လုပ်သားဈေးကွက်တင်းကျပ်မှုနဲ့အတူ ရီဆက်ရှင်းကိုကြုံတွေ့နေရပြီဖြစ်ကြောင်းဖော်ပြထားပါတယ်။ ရှောင်လွှဲဖို့အားထုတ်နိုင်ကြလိမ့်မယ်လို့ အများစုကယုံကြည်မှုရှိကြပေမဲ့ တိတိကျကျမပြောနိုင်ကြပါဘူး။

 လက်တွေ့အခြေနေမှာ အမေရိကန်ဗဟိုဘဏ်နဲ့ အခြားနိုင်ငံဗဟိုဘဏ်များဟာ အတိုးနှုန်းများလျင်မြန်စွာမြင့်တက်နေကြပါတယ်။အကျိုးဆက်အနေနဲ့လာမယ့်၂၀၂၃ ခုနှစ်ရီဆက်ရှင်းဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိနေတယ်လို့မှန်းဆနေကြပြီး နောက်ထပ်လာမယ့်နှစ်နှစ်တာကာလအတွင်းရီဆက်ရှင်းဖြစ်နိုင်ခြေမှာ ၇၅ ရာခိုင်နှုန်း အထိရှိနိုင်တယ်လို့နောက်ထပ်ခန့်မှန်းချက်များ ပေါ်ထွက်လာပါတယ်။

 ယူကရိန်း၊ ရုရှားစစ်ပွဲကြောင့်စွမ်းအင်ဈေးနှုန်းမြင့်တက်မှုဒဏ်ကိုအပြင်းအထန်ခံစားနေရတဲ့ဥရောပအခြေနေမှာ ပိုမိုဆိုးရွားဖွယ်ဖြစ်ပါတယ်။ပြည်တွင်းထုတ်လုပ်မှုဂျီဒီပီသုံးလဆက်တိုက်နှစ်ကြိမ်ကျဆင်းမှုဖြစ်နေရင်ရီဆက်ရှင်း(Resection)ဆိုတဲ့အယူအဆနဲ့ကြည့်ကာဥရောပဟာရီဆက်ရှင်းဆီကိုသေချာပေါက်ဦးတည်သွားနေတယ်လို့ခန့်မှန်းကြပါတယ်။

 တရုတ်နိုင်ငံ (စီးပွားရေးအင်အားကြီးနောက်တစ်နိုင်ငံ) ဆိုရင်သည့်ထက်ဆိုးရွားနေပုံရတယ်လို့ရှုမြင်ကြပါတယ်။ ကိုဗစ်ဇီးရိုးပေါ်လစီ (COVID-19 zero policy)ကြောင့်စီးပွားရေးလုပ်ငန်းတွေမှာ အခက်အခဲများဖြစ်ပေါ်ခဲ့ပါယ်။ ယခုလည်း လုံလောက်တဲ့ကာကွယ်ဆေးထိုးမှုတွေတွန်းအားပေးမလုပ်ဖို့၊ စီးပွားရေးပြန်လည်ဖွင့်လှစ်ဖို့ တရုတ်အစိုးရရဲ့ဆုံးဖြတ်ချက်များကို ထောက်ပြဝေဖန်ကြပါတယ်။ အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံကဏ္ဍပြိုလဲသွားခဲ့ပါတယ်။ ရောဂါကူးစက်သူအရေအတွက်ပြန်လည်မြင့်တက်လာလို့ စိုးရိမ်စရာဖြစ်လာပါတယ်။

ကိုဗစ်အလွန်အမေရိကန်က ဘဏ်ကြီးနှစ်ခုဒေဝါလီခံခဲ့ရပြီး အမေရိကန်ဗဟိုဘဏ်ကငွေကြေးဖောင်းပွမှုကိုရည်မှန်းချက်ကို နှစ်- ရာခိုင်နှုန်း သတ်မှတ်ထားလျက်လုပ်ဆောင်နေပါတယ်။ အားထုတ်မှုများဟာ အဆိုပါပစ်မှတ်ကိုထိမှန်နိုင်ခဲ့ရင်ဘယ်လိုဖြစ်နိုင်တယ်ဆိုတာစဉ်းစားနေကြပါတယ်။ ၃၆ နှစ်တာကာလအတွင်းဈေးနှုန်းအဆင့်များန ှစ်ဆတိုးလာမယ့်အင်ဖလေးရှင်း နှစ်-ရာခိုင်နှုန်း ဟာအကောင်းဆုံးအခြေအနေလို့ပြောနိုင်ပါ့မလား။

အမှန်ကပြီးခဲ့တဲ့ ၃၆ နှစ်အတွင်းစျေးနှုန်းများဟာ သုံးဆနှုန်းတက်လာခဲ့ပြီဖြစ်ပါယ်။ ကိုဗစ်အလွန်မှာ ဝင်ငွေတိုးမလာပေမဲ့ စားဝတ်နေရေးအတွက်လူသားတွေကိုဗစ်မဖြစ်ခင်ကထက်ပိုမိုကုန်ကျနေရပါတယ်။ ၁၉၈၇ ခုနှစ်က ၁၁၂ ရာခိုင်နှုန်း ၇ ရှိနေတဲ့စားသုံးသူစျေးဆနှုန်း (consumer price index-CPI)ဟာ ၃၀၃ ရာခိုင်နှုန်း ၄ ကိုမြင့်တက်လာခဲ့ပြီဖြစ်တယ်။ အမေရိကန်ဗဟိုဘဏ်ရဲ့ နှစ်-ရာခိုင်နှုန်း ပစ်မှတ်တစ်ခုတည်းကိုသာအာရုံစိုက်နေခြင်းအပေါ်ဆွေးနွေးမှုများရှိလာပါတယ်။

ငွေကြေးဖောင်းပွမှုနဲ့ပတ်သက်လို့ အပေါင်းလက္ခဏာကိန်းဂဏန်းစံထားသတ်မှတ်ခြင်းဟာ အခြေအနေအရချိန်ဆမှုမလုပ်တော့ဘဲ စျေးနှုန်းများကိုဆွဲချနေတဲ့သဘောဖြစ်ပါတယ်။ အလုပ်သမားတွေဟာ လုပ်ခ၊ လစာအမြင့်ရရှိနေတယ်ဆိုပါယ်။ တကယ်လို့စီးပွားရေးလုပ်ငန်းဟာအလုပ်သမားများကိုသူတို့ပေးနေတဲ့လုပ်ခလစာများဟာအလုပ်သမားများရဲ့လုပ်အားတန်ဖိုးထက်ပိုနေတယ်ယူဆရင်လုပ်ခလစာဖြတ်တောက်မှုများပြုလုပ်နိုင်တယ်။ သို့မဟုတ် အလုပ်သမားလျှော့ချခြင်း၊ အလုပ်ထုတ်ပစ်ခြင်းများရှိလာနိုင်ပါတယ်။ အင်ဖလေးရှင်း (Inflation) နှစ်-ရာခိုင်နှုန်း သတ်မှတ်ခြင်းဟာအမှန်တကယ်လစာ၊ လုပ်ခ(ဝယ်နိုင်အား)ကို နှစ်-ရာခိုင်နှုန်း ဖြတ်တောက်ခြင်းသဘောမျိုးဖြစ်လာပါတယ်။ အခြေအနေဟာ သိသိသာသာလုပ်ခလစာဖြတ်တောက်မှုမပြုလုပ်၊ အလုပ်လက်မဲ့ပြဿနာမဆိုးရွားစေဘဲ လုပ်ခလစာကျဆင်းစေဖို့ချိန်ဆပြုလုပ်မှုဖြစ်စေတယ်ဆိုပါတယ်။

ငွေကြေးဖောင်းပွမှု နှစ်-ရာခိုင်နှုန်းဟာသူ့သဘောသူဆောင်လျက်ရှိပါတယ်။ လုပ်သားများရဲ့ထုတ်လုပ်မှုစွမ်းအားဟာ နှစ်-ရာခိုင်နှုန်း ထက်ပိုမိုမြင့်တက်လာဖွယ်ရှိပါတယ်။ စီးပွားရေးဘာသာရပ် ဖတ်စာအုပ်တွေထဲမှာ လုပ်သားများရဲ့လုပ်ခလစာဟာ ယင်းတို့ရဲ့အစွန်းထွက်ထုတ်ကုန်နဲ့ဆက်စပ်မှုရှိကြောင်းဖတ်ရပါတယ်။တဖြည်းဖြည်းတိုးမြင့်လာတဲ့ကုန်ထွက်များအရလုပ်ခလစာများဟာတစ်နှစ်ပြီးတစ်နှစ်တိုးလာသင့်ပါတယ်။ လုပ်ခလစာလုံးဝတိုးမြှင့်မှုမရှိခြင်းဟာထုတ်လုပ်မှုတိုးမြှင့်မှုနဲ့လျော်ညီစွာမမီလိုက်လို့မတိုးခြင်းလို့ဖြစ်ကြပါတယ်။ သည်လိုစဉ်းစားရမှာ ကုန်ထုတ်စွမ်းအားတိုးတက်မှုဟာ လုပ်ခလစာအပြောင်းအလဲအခြေအနေကိုဖြစ်စေတယ်ဆိုတဲ့ အယူအဆလည်းဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာတော့လုပ်ခ၊ လစာတိုးမြှင့်ခြင်း မရှိသေးပါဘူး။     စျေးနှုန်းတွေဟာ ဝယ်သူနဲ့ရောင်းသူကိုကုန်စည်နဲ့ဝန်ဆောင်မှုများရဲ့တန်ဖိုးနဲ့ပတ်သက်လို့သတင်းအချက်အလက်ပေးပါတယ်။ ပြောင်းလဲလာတဲ့စီးပွားရေးအခြေအနေများနဲ့အတူသင့်လျော်တဲ့အမြင့်ဆုံးတန်ဖိုးဖြစ်စေဖို့ကုန်စျေးနှုန်းဟာကုန်စည်နှင့်ဝန်ဆောင်မှုများကိုထုတ်လုပ်တဲ့ကုန်ကျစရိတ်နဲ့အချိုးညီစွာအလိုက်သင့်ပြောင်းလဲသင့်ပါတယ်။ လုပ်ခ နှစ်-ရာခိုင်နှုန်း တိုးမြင့်လာရင် ကုန်စျေးနှုန်းတိုးမြင့်မှု နှစ်-ရာခိုင်နှုန်း ကိုအပြစ်မဆိုတော့ပါဘူး။

ငွေကြေးဖောင်းပွမှုအဆက်မပြတ်ဖြစ်နေရင်စျေးနှုန်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်ရရှိရေးမှာအလွန်ခက်ခဲနိုင်ပါတယ်။ အမှန်တကယ်ကုန်ကျစရိတ်အခြေအနေအပြောင်းအလဲများဖြစ်နေတာကြောင့် စျေးနှုန်းဖြစ်ပေါ်မှုလည်းချိန်ဆသတ်မှတ်ဖို့မလွယ်ကူပါဘူး။ အမှန်တကယ်ကုန်ကျစရိတ်ကိုသိရှိဖို့ခက်ခဲတာကြောင့်ဖြစ်ပါတယ်။ ကုန်စည်တစ်ခုချင်းစီရဲ့ဈေးနှုန်းတွေဟာပြတ်တောင်းပြတ်တောင်းပြောင်းလဲတတ်တာကြောင့်လည်းငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာတဲ့အခါတွက်ချက်မှုများပိုမိုခက်ခဲလာနိုင်ပါတယ်။ဥပမာကုန်ပစ္စည်းတစ်ခုရဲ့ ငါး-ရာခိုင်နှုန်း မြင့်တက်လာရင်အဆိုပါမြင့်တက်မှုဟာကုန်ပစ္စည်းထုတ်လုပ်မှုရဲ့အမှတ်တကယ်ကုန်ကျ

စရိတ်မြင့်တက်လာခြင်းကြောင့်လား။ အခြားဆက်စပ်ကုန်ဈေးနှုန်းမြင့်တက်လာမှုကိုငွေကြေးဖောင်းပွမှုအခြေနေကိုလိုက်မီနိုင်သလားစသဖြင့်ယုတ္တိရှိရှိစဉ်းစားရမယ့်အချက်များဖြစ်ပါတယ်။ လက်ရှိထုတ်လုပ်မှုအခြေအနေအရဆိုရင် ငွေကြေးဖောင်းပွမှုရဲ့ပစ်မှတ်မှာ အနုတ်လက္ခဏာဖြစ်သင့်ပါတယ်။

    အနှုတ်လက္ခဏာငွေကြေးဖောင်းပွမှုကိုဆန့်ကျင်တဲ့ဆွေးနွေးငြင်းခုံချက်များအဆက်မပြတ်ကျဆင်းနေရင်နောက်ပိုင်းကာလမှာလည်းဈေးနှုန်းများဆက်လက်ကျဆင်းသွားမယ်လို့မျှော်လင့်ချက်များနဲ့စားသုံးမှုများရဲ့ကုန်ပစ္စည်းဝယ်ယူမှုများကျဆင်းလာခြင်း၊ရပ်တန့်သွားခြင်းဖြစ်လာလိမ့်မယ်လို့တွေ့ရပါတယ်။လက်တွေ့မှာမူဖြစ်မလာပါဘူး။ ဆယ်စုနှစ်များစွာကုန်စျေးနှုန်းကျဆင်းခဲ့တဲ့ကွန်ပျူတာလုပ်ငန်းထုတ်ကုန်များဟာစျေးနှုန်းကျဆင်းမှုများကြုံခဲ့ရပါတယ်။ သည်လိုကြုံဆုံရပေမဲ့စျေးနှုန်းကျဆင်းမှုရဲ့ဒဏ်ကိုထိခိုက်ပုံမပေါ်ခဲ့ပါဘူး။ အမေရိကန်မှာဖက်ဒရယ်စနစ်စတင်ခဲ့တဲ့အချိန် ၁၈၇၀ ပြည့်နှစ်မှ ၁၉၁၃ ခုနှစ်အထိကာလတွေမှာဈေးနှုန်းသိသိသာသာကျဆင်းခဲ့ပါတယ်။ ခိုင်မာတဲ့စီးပွားရေးတိုးတက်မှုရရှိနေချိန်ဖြစ်ကာဈေးနှုန်းကျဆင်းလျက်ငွေကျုံ့မှုဖြစ်ခဲ့ပေမဲ့ စီးပွားရေးကိုထိခိုက်တဲ့ပုံမပေါ်ခဲ့ပါဘူး။

     အင်ဖလေးရှင်းငွေကြေးဖောင်းပွမှုနှုန်းကို နှစ်-ရာခိုင်နှုန်းပစ်မှတ်ထားခြင်းထက်ဒီဖလေးရှင်းငွေကျုံ့ခြင်း နှစ်-ရာခိုင်နှုန်း ကိုအချေအတင်ဆွေးနွေးစရာတစ်ခုအဖြစ်ရှုမြင်နိုင်ပါတယ်။အမေရိကန်စီစဉ်ရေးဆွဲတဲ့အင်ဖလေးရှင်းပစ်မှတ်ဟာဒေါ်လာရဲ့အားနည်းညံ့ဖျင်းတဲ့အလုပ်ကိုကိုယ်စားပြုနေတဲ့ညွန်းကိန်းတစ်ခုသာဖြစ်တယ်လို့ဝေဖန်မှုများလည်းရှိပါတယ်။

    ကိုဗစ်ကြီးက ကမ္ဘာမြေပေါ်ကမထွက်သေးပဲ(၄-၅)နှစ်ကြာနေဦးမှာဖြစ်လို့ကိုဗစ်နဲ့အတူယှဉ်တွဲနေထိုင်ရေးပုံမှန်ဘဝသစ်အတိုင်းနေထိုင်ကာကိုဗစ်ဆေးနှစ်ကြိမ်၊ထပ်ဆင့်မြှင့်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခြင်း၊နှာခေါင်းစည်းတပ်ခြင်း၊တစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊လူစုလူဝေးရှောင်ခြင်း၊လေဝင်လေထွက်ကောင်းအောင်ဆောင်ရွက်ခြင်းတို့လိုအပ်မှာဖြစ်ပါယ်။ ကိုဗစ်ကာလမှာအီးပညာရေး (e education)၊ အီးကျန်းမာရေး(e health)၊ အီးဂါးဗားမင့်(e government)၊ အွန်လိုင်းမီတင်း(online meeting) တို့ထွန်းကားလာသလို အွန်လိုင်းရောင်းဝယ်မှုနဲ့ဖြန့်ချိရေးများအားကောင်းလာပါတယ်။ ဆင်းရဲတဲ့နိုင်ငံများ ကျန်ရစ်နေခဲ့ပါတယ်။ 

Most Read

Most Recent