ဂွန်ဒိုဂန်လည်း ဆော်ဒီကလပ်အသင်းတစ်သင်းထံမှ ကမ်းလှမ်းမှု ရရှိထား

ဂွန်ဒိုဂန်လည်း ဆော်ဒီကလပ်အသင်းတစ်သင်းထံမှ ကမ်းလှမ်းမှု ရရှိထား
Photo: Getty Images
Photo: Getty Images
Published 12 June 2023

ဥရောပမှ နာမည်ကျော်ကစားသမားများကို ခေါ်ယူနိုင်ရန် ကြိုးပမ်းနေသော ဆော်ဒီလိဂ်သည် မန်စီးတီးအသင်းနှင့် လမ်းခွဲရန် စီစဉ်နေသည့် ဂျာမန်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ကိုလည်း ပစ်မှတ်ထားနေပြီး ကမ်းလှမ်းမှုပြုလုပ်ထားကြောင်း Foot Mercato က ဖော်ပြခဲ့သည်။

ဂွန်ဒိုဂန်(၃၂ နှစ်)သည် ယခုဇွန်လအကုန်တွင် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နည်းပြ ဂွါဒီယိုလာက ဆက်ရှိစေလိုသည်ဟု ပြောကြားခဲ့သော်လည်း လမ်းခွဲရန် အလွန်နီးစပ်သည့်အခြေအနေတွင် ရှိနေသည်။

ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် ဂွန်ဒိုဂန်ကို ခေါ်ယူလိုသည့်အသင်းများစွာ ရှိနေသည့်အနက် ဘာစီလိုနာအသင်းက အလားအလာအကောင်းဆုံးဖြစ်နေကြောင်း ထင်ကြေးပေးမှုများလည်း ရှိနေသည်။

Foot Mercato ကမူ ဂွန်ဒိုဂန်သည် ဆော်ဒီကလပ်အသင်းတစ်သင်းထံမှ ကမ်းလှမ်းမှုရရှိထားသောကြောင့် အချိန်ယူစဉ်းစားနေခြင်းဖြစ်ဖွယ်ရှိကြောင်း သုံးသပ်ခဲ့သည်။

ဂွန်ဒိုဂန်ကို ခေါ်ယူလိုသည့်အသင်းများထဲတွင် ဘာစီလိုနာနှင့်အတူ PSG နှင့် အာဆင်နယ်အသင်းတို့လည်း ပါဝင်နေပြီး အာဆင်နယ်အကယ်ဒမီအသင်းကို ကိုင်တွယ်နေသည့် ဂျာမန်နောက်ခံလူဟောင်း မာတီဆက်ကာက မိမိတို့အနေဖြင့် ဂွန်ဒိုဂန်ကို ခေါ်ယူနိုင်ရန် အခွင့်အရေးရှိကြောင်း ပြောကြားခဲ့သည်။

မာတီဆက်ကာက ဂွန်ဒိုဂန်နှင့် အာဆင်နယ်နည်းပြ အာတီတာတို့ ကြားမှ ဆက်ဆံရေးကောင်းမွန်မှုက အဓိကကျကြောင်း ထောက်ပြခဲ့သည်။

ဂွန်ဒိုဂန်ကမူ အနာဂတ်အတွက် နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်ရခြင်းမရှိသေးဟု ပြောကြားထားသည်။

Most Read

Most Recent