၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီခုနစ်ခု၏ ရှယ်ယာစုစုပေါင်း ၁ ဒသမ ၇၅ သန်း၊ တန်ဖိုး ကျပ် ၇ ဒသမ ၅ ဘီလျံအရောင်းအဝယ်ဖြစ်ခဲ့ပြီး စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် ၆၄၃ ဒသမ ၄၇ ဘီလျံရှိ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီခုနစ်ခု၏ ရှယ်ယာစုစုပေါင်း ၁ ဒသမ ၇၅ သန်း၊ တန်ဖိုး ကျပ် ၇ ဒသမ ၅ ဘီလျံအရောင်းအဝယ်ဖြစ်ခဲ့ပြီး စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကျပ် ၆၄၃ ဒသမ ၄၇ ဘီလျံရှိ
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အစည်းအဝေးကို တွေ့ရစဉ်
မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အစည်းအဝေးကို တွေ့ရစဉ်
Published 7 June 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီခုနစ်ခု၏ ရှယ်ယာစုစုပေါင်း ၁ ဒသမ ၇၅ သန်း၊  တန်ဖိုးကျပ် ၇ ဒသမ ၅ ဘီလျံအရောင်း အဝယ်ဖြစ်ခဲ့ကာ စျေးကွက်ရင်းနှီးမြှုပ်နှံမှု တန်ဖိုးမှာ ကျပ် ၆၄၃ ဒသမ ၄၇ ဘီလျံရှိကြောင်း မြန်မာနိုင်ငံ ငွေချေးသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ (၅/ ၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ဇွန် ၃ ရက် ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းရှိ ငွေ ချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်ခဲ့သည်။

ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးက မိမိတို့ကော်မရှင်အနေဖြင့် အရင်းအနှီးစျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေ၊ နည်းဥပဒေများအရ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် ရန်ကုန်စတော့အိပ် ချိန်းတည်ထောင်ဖွင့်လှစ်ခြင်း၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများအား လိုင်စင်ခွင့်ပြုခြင်း၊ စံသတ်မှတ်ချက်နှင့်ကိုက်ညီသည့် အများပိုင်ကုမ္ပဏီများအား ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ခွင့် ပြုခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး အရင်းအနှီး စျေးကွက်ကို စတင်ခဲ့ရာ ယခုအခါ ရှစ်နှစ် ကျော်ကာလအတွင်းသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ပြောကြားသည်။

ကော်မရှင်အနေဖြင့် အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အစု ရှယ်ယာစျေးကွက်သာမက ငွေချေးစာချုပ်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အလေးပေးဆောင်ရွက်လျက်ရှိရာ ငွေချေးစာချုပ်ဆင့်ပွားစျေးကွက် (Secondary Bond Market)တွင် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ က အစိုးရငွေတိုက်စာချုပ် (Government Bond)နှင့် အစိုးရငွေတိုက်လက်မှတ် (Government Bill)များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ငွေတိုက်ဦးစီးဌာနတို့က ပြုလုပ်သောပထမစျေးကွက်  (Primary Market Option) တွင် လေလံဆွဲဝယ်ယူပြီး တစ်ဦးချင်းရင်းနှီးမြှုပ်နှံသူများ နှင့် အဖွဲ့အစည်းအလိုက်ရင်းနှီး မြှုပ်နှံသူများ (Institutionl Investors)ကို ဝယ်ယူရောင်းချနိုင်သည့် ဒုတိယစျေးကွက်  (Sencodary Market) ကိုလည်း ဖော်ဆောင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အရင်းအနှီးစျေးကွက်သည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ပြီး အရင်းအနှီး လိုအပ်သည့် စီးပွားရေးလုပ်ငန်းကြီးများနှင့် ရင်းနှီးမြှုပ်နှံသူများအကြား ပေါင်းကူးဆက်သွယ် ပေးခြင်းဖြစ်ကြောင်း၊ အရင်းအနှီးစျေးကွက်ကို ကောင်းစွာအသုံးချနိုင်ပါက စီးပွားရေးလုပ်ငန်းများတိုးချဲ့ရန် လိုအပ်သည့် အရင်းအနှီးများကို အရင်းအနှီးစျေးကွက်မှ ရယူနိုင်သကဲ့သို့ ပြည်သူလူထုအနေဖြင့် မိမိတို့၏စု ဆောင်းငွေများကို အရင်းအနှီးစျေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးကျေးဇူးများရရှိ လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်ရင်းနှီးမြှုပ်နှံသူများတိုးပွားလာစေရန် ပြည်သူလူထုအတွင်း စျေးကွက်ဆိုင်ရာ အသိအမြင်၊ ဗဟုသုတ၊ သတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိစေရေးမှာ အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်၍ ကော်မရှင်အနေဖြင့် စျေးကွက်ဆိုင်ရာအသိအမြင်ပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ကော်မရှင်သည် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စျေးကွက်ကို နေ့စဉ်စောင့်ကြည့်ပြီး ကြပ်မတ်ကွပ်ကဲလျက်ရှိသည့်အပြင်  ရင်းနှီးမြှုပ်နှံသူများကိုလည်း ဥပဒေနှင့်အညီအကာအကွယ်ပေးမှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းစသည်ဖြင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီခုနစ်ခု၏ ရှယ်ယာများကို နေ့စဉ်ရောင်းဝယ်လျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံသူဦးရေ(၄၅၂၈၄)ဦးရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း စာ ရင်းဝင်ကုမ္ပဏီခုနစ်ခု၏ ရှယ်ယာစုစုပေါင်း (၁ ဒသမ ၇၅) သန်း၊ တန်ဖိုးကျပ် (ရဒသမ၅) ဘီလျံအရောင်းအဝယ်ဖြစ်ခဲ့ကာ စျေးကွက်ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ ကျပ် ၆၄၃ ဒသမ ၄၇ ဘီလျံရှိကြောင်း သိရသည်။

 

 

Most Read

Most Recent