ဖီအိုရင်တီးနားကို ရှုံးနိမ့်သဖြင့် မီဒီယာများနှင့် မော်ရင်ဟို မတွေ့ဆုံ

ဖီအိုရင်တီးနားကို ရှုံးနိမ့်သဖြင့် မီဒီယာများနှင့် မော်ရင်ဟို မတွေ့ဆုံ
Photo: Getty Images
Photo: Getty Images
Published 29 May 2023

ရိုးမားအသင်းနည်းပြ မော်ရင်ဟိုနှင့် ရိုးမားအသင်းသားများသည် ပြီးခဲ့သည့်စီးရီးအေပွဲစဉ်တွင် ဖီအိုရင်တီးနားအသင်းကို ရှုံးနိမ့်ပြီးနောက် ပွဲအပြီး သတင်းစာရှင်းလင်းပွဲမတက်ရောက်ခဲ့ကြောင်း သိရသည်။

ပထမပိုင်းပွဲချိန် အတွင်း၌ မော်ရင်ဟို၏ ရိုးမားအသင်းမှာ အပိုင်အခွင့်အရေးများရရှိခဲ့သော်လည်း အသုံးမချနိုင်ဘဲ ပွဲအပြီးတွင် (၁-၂)ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

ထို့ပြင် မော်ရင်ဟိုသည် ပွဲချိန်အတွင်း၌ ဒိုင်ဖြစ်သူကို စောဒကတက်ခဲ့သဖြင့် အဝါကတ်ပြသခံခဲ့ရပြီး အဆိုပါအဝါကတ်ပြစ်ဒဏ်မှာ လက်ရှိရာသီတွင် မော်ရင်ဟို၏ (၅) ကြိမ်မြောက်အဝါကတ်ဖြစ်သောကြောင့် လာမည့်ရာသီပိတ် စပီဇီယာအသင်းနှင့် အိမ်ကွင်းပွဲစဉ်၌ ပါဝင်ခွင့်ရတော့မည်မဟုတ်ကြောင်း သိရသည်။

အီတလီ မီဒီယာများကမူ ပွဲအပြီးသတင်းစာရှင်းလင်းပွဲကို မော်ရင်ဟို မတက်ရောက်ခဲ့ ခြင်းမှာ ပွဲရှုံးနိမ့်မှုနှင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရခြင်းတို့ကြောင့် ဖြစ်သလို၊ ရိုးမား ကစားသမားများ မီဒီယာများနှင့် မတွေ့ဆုံခြင်းမှာလည်း မော်ရင်ဟို၏ ညွှန်ကြားချက်ကြောင့်ဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။

Most Read

Most Recent