လက်စတာကွင်းလယ်ကစားသမား မတ်ဒီဆန်ကို ခေါ်ယူရန် အာဆင်နယ်အသင်း မျက်စိကျနေ

လက်စတာကွင်းလယ်ကစားသမား မတ်ဒီဆန်ကို ခေါ်ယူရန် အာဆင်နယ်အသင်း မျက်စိကျနေ
Photo: Getty Images
Photo: Getty Images
Published 28 May 2023

 

အာဆင်နယ်အသင်းသည် လက်စတာကွင်းလယ်ကစားသမား မတ်ဒီဆန်အား ခေါ်ယူရန် မျက်စိကျလျက်ရှိကြောင်း သိရှိရသည်။ 

အင်္ဂလန်ကွင်းလယ်ကစားသမား မတ်ဒီဆန်(၂၆ နှစ်)သည် လက်စတာအသင်းနှင့် ၂၀၂၄ ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ 

မတ်ဒီဆန်အ နေဖြင့် လက်စတာအသင်း တန်းမဆင်းရလျှင်ပင် အသင်းမှထွက်ခွာဖွယ် ရှိသည်ဟု သတင်းများထွက်ပေါ်နေသည်။ ထို့ကြောင့် အာဆင်နယ်အသင်းသည် မတ်ဒီဆန်ကိုခေါ်ယူရန် ဆန္ဒရှိ နေခြင်းဖြစ်သည်။ 

အာဆင်နယ် အသင်းသည် မတ်ဒီဆန်ကိုခေါ်ယူရန်အတွက် စမစ်ရိုးအား ရောင်းချကာ ငွေရှာဖွယ်ရှိနေကြောင်း သိရသည်။ 

Most Read

Most Recent