မီးလောင်ပေါက်ကွဲသောကားများနှင့် ဒုက္ခရောက်ရသော ဗင်နီဇွဲလားအငှားယာဉ်မောင်းများ

မီးလောင်ပေါက်ကွဲသောကားများနှင့် ဒုက္ခရောက်ရသော ဗင်နီဇွဲလားအငှားယာဉ်မောင်းများ
Photo - AFP
Photo - AFP
Published 21 May 2023
Ref: AFP

ဗင်နီဇွဲလား အငှားကားယာဉ်မောင်း ဟိုဆေးဖာရီယာသည် မီးလောင်ခံထားရသော မျက်နှာနှင့် လက်တို့ကို ပတ်တီးများဖြင့် စည်းထားသည်။ ဗင်နီဇွဲလားနိုင်ငံ မာရာကိုင်ဘို၌ ညံ့ဖျင်းသော လောင်စာအရည်အသွေးကြောင့် ဖြစ်ရသည်ဟု အပြစ်တင်ထားကြသည့် ကြောက်စရာကောင်းသောဖြစ်စဉ်တွင် ကောက်ကာငင်ကာ မီးထလောင်သော ကားတစ်ဒါဇင်ထဲတွင် သူ၏ကားလည်းပါသည်။

“လူတွေက ကြောက်နေကြပါတယ်။ မီးသတ်ဘူး၊ သဲ၊ ရေတို့မရှိဘဲ လူတွေက ကျွန်တော်တို့ကို ကူညီဖို့ ကြိုးစားကြတာတောင် မီးဟာ ဘယ်သူမှ ဘာမှလုပ်လို့မရတဲ့ အနေအထားအထိ တောက်လောင်တာပါ”ဟု ၎င်းကပြောသည်။

ကားအငှားယာဉ် ကုမ္ပဏီဖာရီယာ၏ ကားရပ်နားရာနေရာတွင် မီးကျွမ်းနေသည့် ကားကိုယ်ထည် အကြွင်းအကျန်သာ ရှိတော့သည်။

ဇနီးသည် လေးဒီနှင့်အတူ ကားကို ဓာတ်ဆီဖြည့်ရန် တန်းစီနေခိုက် ကား၏အနောက်ထိုင်ခုံမှ ထူးထူးခြားခြားအသံကို ကြားရသည်ဟု ဖာရီယာက ပြောကြားသည်။ လှည့်ကြည့်လိုက်ချိန်မှာပင် ပေါက်ကွဲခြင်းဖြစ်ရာ သူ့တွင် အရေပြားမီးလောင်ဒဏ်ရာများ ကျန်ရစ်ခဲ့တော့သည်။

“ကျွန်တော်တို့ရဲ့ ကုမ္ပဏီအလုပ်လေး ပျောက်သွားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသက်ရှင်နေတာကိုပဲ ဘုရားကို ကျေးဇူးတင်ရမှာပါ”ဟု သူက ဇနီးသည် လေးဒီကို လှမ်းကြည့်ရင်းပြောသည်။

လေးဒီသည် မပြင်းထန်သော မီးလောင်ဒဏ်ရာများ ရခဲ့သည်။

အနောက်မြောက်ပိုင်း ဇူလီယာပြည်နယ်ရှိ ဗင်နီဇွဲလားရေနံမြို့တော်ဟောင်း မာရာကိုင်ဘိုတွင် မီးလောင်နေသောကားများဗီဒီယိုများကို လူမှုမီဒီယာတွင် တင်နေကြခြင်းနှင့်အတူ ယခုကဲ့သို့ ပေါက်ကွဲမှုများသည် မာရာကိုင်ဘိုတွင် နေ့စဉ်လိုလို ဖြစ်ပွားနေသည်မှာ ယခုဆိုလျှင် သီတင်းပတ်အတန်ကြာရှိပြီဖြစ်သည်။ မီးသတ်ဌာနသည် ကားမီးလောင်သည့်အကြောင်း တစ်ရက်ကို ဖုန်းခေါ်ဆိုမှု လေးကြိမ် လက်ခံရရှိသည်ဟု အလုပ်အကိုင်ဆုံးရှုံးသွားမည်ကို စိုးရိမ်သောကြောင့် အမည်ထုတ်မပြောသော သတင်းအရင်းအမြစ်များက ပြောသည်။

မာရာကိုင်ဘို၏ အရေးပေါ်ဖုန်းလိုင်းသည် အလားတူ ဖုန်းခေါ်ဆိုမှုများကို လက်ခံရရှိထားသည်။

အစိုးရပိုင်ရေနံကုမ္ပဏီ Petro-leos de Venezuela (PDVSA)  က ကားများ မီးလောင်ပေါက်ကွဲသောဖြစ်ရပ်များသည် ဓာတ်ဆီအရည်အသွေးညံ့ဖျင်းမှုနှင့် ဆက်စပ်နေသည်ဆိုခြင်းကို ပယ်ချထားသည်။ “ပါရာဂွါနာ စက်ရုံမှာ ရေနံသန့်စင်မှု ချို့ယွင်းချက်တွေရှိနေပါတယ်” ဟု PDVSA ညွှန်ကြားရေးမှူးဟောင်း ဟူဂိုဟာနန်ဒက်ရာဖယ် လီက အေအက်ဖ်ပီကို ပြောသည်။

အစိုးရ ပြုပြင်ထိန်းသိမ်းမှုအားလုံးသည် ဇူလီယာပြည်နယ်၏ ပင်မ ရေနံစိမ်းမှလောင်စာထုတ်လုပ်မှု၊ ရေနံသန့်စင်မှု၊ ဖြန့်ဖြူးရေးဌာနအဖြစ်လုပ်ဆောင်ပေးနေသော စက်ရုံတွင်သာဖြစ်သည်။

၎င်းသည် ဗင်နီဇွဲလား၏ အကြီးဆုံး ရေနံသန့်စင်စက်ရုံတစ်ခုဖြစ်သည်ဆိုသော်လည်း အစိုးရက မြို့တော်ကရာကက်ကို မျက်နှာသာပေးနေသောကြောင့် ဇူလီယာပြည်နယ်သည် လောင်စာပြတ်လပ်မှုကို နှစ်ပေါင်းများစွာ အဆိုးရွားဆုံး ကြုံတွေ့နေရသော ပြည်နယ်တစ်ခုဖြစ်သည်။

လွန်ခဲ့သောသုံးနှစ်လောက်က လျှော့ချပေးလိုက်သည့် ရက်ရောလှသော လောင်စာထောက်ပံ့မှုဖြစ် သည့် လောင်စာကိုလက်တွေ့အား ဖြင့် အလကားနီးနီးရသည့် ထောက်ပံ့မှုကို အစိုးရက ဆက်လက် ထိန်းထားပေးသည့်တိုင် ကိုလံဘီယာထံ လောင်စာအများအပြား မှောင်ခိုသွင်းခြင်းက လောင်စာရှားပါးမှု ပြဿနာကို ပိုမိုဆိုးရွားစေသည်။

၂၀၁၉ ခုနှစ်တွင် စူပါမားကက်၌ ရောင်းနေသော ကြက်ဥတစ်လုံးသည် ဓာတ်ဆီလီတာသန်း ၉၀ လောက်၏ စရိတ်နှင့်အတူတူဖြစ်နေသည်။

ပြည်တွင်း ရောင်းလိုအားပျက်ကွက်မှုများကြောင့် အီရန်ထံမှ အရည်အသွေးညံ့သော လောင်စာများ တင်သွင်းရန် လိုအပ်လာစေသည်ဟု ရာဖယ်လီက ပြောသည်။

ထိုလောင်စာသည် လောင်စာပိုက်များကို ပျက်စီးစေနိုင်ပြီး မီးလောင်မှုအန္တရာယ်ကို မြင့်တက်စေနိုင်သော ဆာလ်ဖာပါဝင်မှုမြင့်မား သည်ဟု ကျွမ်းကျင်သူများက ပြောသည်။

အသက် ၅၂ နှစ်ရှိ စက်ပြင်ဆရာ အစ်ဘ်ဆင်ချာစင်က နှစ်ပတ်အတွင်း ပျက်စီးနေသော လောင်စာပိုက်များရှိနေသည့် ကား ၂၅ စီးကို တွေ့သည်ဟု ပြောသည်။

တစ်ခါတစ်ခါတွင် ၎င်းသည် သောင်တင်နေသော ကားများနှင့် လမ်းဘေးထိုးရပ်ကာ အကူအညီတောင်းနေသည့် ကာများကို လိုက်မမီနိုင်ဖြစ်ရသည်ဟု အေအက်ဖ်ပီကို ပြောသည်။

မာရီယာအာဒါနီတာဆိုသည့် အမျိုးသမီးကလည်း သုံးပတ်အတွင်း သူ၏ကုန်တင်ကား လောင်စာပိုက်ကို ခုနစ်ကြိမ်လဲထားရသည်ဟု ပြောသည်။

Most Read

Most Recent