၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာသန်း ၂၆၀ ကျော်ရှိပြီး ဒုတိယသုံးလပတ်ထက် ၁၂၅ သန်းကျော်လျော့ကျ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာသန်း ၂၆၀ ကျော်ရှိပြီး ဒုတိယသုံးလပတ်ထက် ၁၂၅ သန်းကျော်လျော့ကျ
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ရာ ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကိုတွေ့ရစဉ်
Published 11 May 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာသန်း ၂၆၀ ကျော်ရှိပြီး ဒုတိယသုံးလပတ်ထက် ဒေါ်လာ ၁၂၅ သန်းကျော်လျော့ကျခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၂၃၅ ဒသမ ၅၉ သန်းရှိသည်။ ဒုတိယသုံးလပတ်အတွင်း ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၃၈၆ ဒသမ ၁၈ သန်း၊ တတိယသုံးလပတ်အတွင်း ဒေါ်လာ၂၆၀ ဒသမ ၃၈ သန်းရှိသည်။ တတိယသုံးလပတ်အတွင်း ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ဒုတိယသုံးလပတ်အတွင်း ပို့ကုန်တင်ပို့မှုထက် ဒေါ်လာ ၁၂၅ ဒသ မ ၈ သန်းလျော့ကျခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာ-ဂျပန် နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ ၁၂၉၆ သန်း ကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု ဒေါ်လာ  ၉၄၄ သန်းကျော်ဖြင့် ကုန်သွယ်မှုအသာစီးရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၉၄၄ ဒသမ ၂၀၄ သန်း တင်ပို့ထားပြီး ဂျပန်ဘက်မှသွင်းကုန်တန်ဖိုး ဒေါ်လာ  ၃၅၂ ဒသမ ၄၆၂ သန်းဖြင့်  နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏဒေါ်လာ  ၁၂၉၆ ဒသမ ၆၆၆ သန်းရရှိထားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၁၄၁၅ ဒသမ ၇၁၁ သန်း၊ ဂျပန်ဘက်မှသွင်းကုန် တန်ဖိုးဒေါ်လာ ၄၈၀ ဒသမ ၅၇၁ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ  ၁၈၉၆ ဒသမ  ၂၈၃ သန်းရရှိခဲ့ကြောင်း သိရသည်။

ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊တရုတ်နှင့် ထိုင်းနိုင်ငံများသို့  တင်ပို့မည့်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှုမြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama က ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက ပြောကြားထားသည်။

ထို့အပြင် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ ကုန်ကြမ်းများတင်သွင်းပြီး ကုန်ချောပြန်လည်ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်းများကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

“အိမ်နီးနားချင်းနိုင်ငံများက ကုန်ကြမ်းကို မြန်မာနိုင်ငံကိုသွင်းပြီး အဲဒီကုန်ကြမ်းကို အသုံးပြုပြီးပစ္စည်းထုတ် အဲဒီပစ္စည်းကို မြန်မာနိုင်ငံပြည်တွင်းစျေးကွက်ကို ရောင်းမယ့် အဲဒီလိုလုပ်ငန်းတွေကို စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်”ဟု H.E Mr. Ichiro Maruyama က ပြောကြားသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၁၁၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

ထို့အပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှပ်နှံထားသည့် လုပ်ငန်း ပေါင်း ၃၉ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန် ဒေါ်လာသန်း ၆၇၀ ကျော်အထိရှိသည်။

Most Read

Most Recent