လက်ရှိဘဏ္ဍာနှစ် တစ်လနီးပါးအတွင်း ပြည်ပသို့ လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၃၉ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၉၁ သန်းကျော် လျော့ကျ

လက်ရှိဘဏ္ဍာနှစ် တစ်လနီးပါးအတွင်း ပြည်ပသို့ လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၃၉ သန်းကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၉၁ သန်းကျော် လျော့ကျ
Published 6 May 2023

လက်ရှိဘဏ္ဍာနှစ် တစ်လနီးပါးအတွင်း ပြည်ပသို့ လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၂၃၉ သန်းကျော်ရရှိပြီး ယခင်နှစ်ကာ လတူထက် ဝင်ငွေဒေါ်လာ ၉၁ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ၁ ရက်မှ ၂၈ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၃၉ ဒသမရ၂၅ သန်းရရှိသည်။ ယခင်နှစ်ကာလတူက ဒေါ်လာ ၃၃၁ ဒသမ၅၃၈ သန်းရရှိသည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက လက်ရှိဘဏ္ဍာနှစ် တစ်လနီးပါးအတွင်း ပြည်ပသို့ လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ ဝင်ငွေမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာ၉၁ ဒသမ ၈၁၃  သန်းလျော့ကျခဲ့သည်။

ဘဏ္ဍာနှစ်အလိုက် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်းတင်ပို့မှုမှ ရငွေအနေဖြင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ၂၃၇၂ ဒသမ ၅၆၁ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၆၉၆ ဒသမ ၇၃၆ သန်း၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ၂၆၆၁ ဒသမ ၀၁၁ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၉၁၉ ဒသမ ၆၅၈ သန်း၊၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၆၁၅ ဒသမ ၇၇၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂၉၂၈ ဒသမ ၁၀၁ သန်း၊ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၀၈၇ ဒသမ ၁၂၃ သန်း၊၂၀၁၈ (Mini Budget) အတွင်း  ဒေါ်လာ ၁၂၇၈ ဒသမ ၇၅၉ သန်း၊၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် ၃၂၆၁ ဒသမ ၅၉၁ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၇၂၅ ဒသမ ၆၉၈ သန်း၊၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၆၂၄ ဒသမ ၁၂၆ သန်းရရှိခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ တစ်ရာခိုင်နှုန်းအောက်သာရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်းထွက် ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော (CMP) နှင့် အခြားသောကုန်ပစ္စည်းများကို တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

သွင်းကုန်တင်သွင်းမှုတွင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်းပစ္စည်းများကို အဓိကတင်သွင်းလျက်ရှိသည်။

မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏ အဓိက ဦးစားပေးကဏ္ဍများတွင် လယ်ယာထွက်ကုန်ပစ္စည်း အခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ ၊ တီထွင်ဆန်းသစ်မှုနှင့်စွန့် ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ပါဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent