၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၉၈ ရာခိုင်နှုန်းအထိ  မြင့်တက်ခဲ့

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၉၈ ရာခိုင်နှုန်းအထိ  မြင့်တက်ခဲ့
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များရောင်းချရာ စျေးတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ အခြေခံစားသောက်ကုန်များရောင်းချရာ စျေးတစ်ခုကို တွေ့ရစဉ်
Published 6 May 2023

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဇူလိုင်မှ စက် တင်ဘာအထိ ဒုတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၂၇ ဒသမ ၉၈ ရာခိုင်နှုန်းအထိ  မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလ ပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၁၈ ဒသမ ၄၅ ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၈ ဒသမ ၄၆ ရာခိုင်နှုန်းဖြစ်သည်။ ဒုတိယသုံးလပတ်အတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၂၇ ဒသမ ၉၈ ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၂၈ ဒသမ ၀၄ ရာခိုင်နှုန်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်း ပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၁ ဒသမ ၃၉ ရာခိုင်နှုန်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဇန်နဝါရီမှ မတ်လအထိ ဒုတိယသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၁၅ ဒသမ ၀၅ ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation)မှာ ၁၅ ဒသမ ၀၆ ရာခိုင်နှုန်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ပျမ်းမျှငွေ ကြေးဖောင်းပွမှုနှုန်းအနေဖြင့် ၂၀၂၀ ပြည့် နှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပထမသုံးလပတ်အတွင်း ပျမ်းမျှ ငွေကြေးဖောင်းပွမှုနှုန်း  ၁ ဒသမ ၀၈ ရာခိုင်နှုန်း၊  ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ ဒုတိယသုံးလပတ်အတွင်း ၁ ဒသမ ၆၃ ရာခိုင်နှုန်း၊ဧပြီ ၁ ရက်မှ ဇွန် ၃၀ ရက် အထိ တတိယသုံးလပတ်အတွင်း ၅ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ဇူလိုင် ၁ ရက်မှ စက်တင် ဘာ ၃၀ ရက်အထိ စတုတ္ထသုံးလပတ်အတွင်း ၆ ဒသမ ၈၃ ရာခိုင်နှုန်းရှိခဲ့သည်။

လအလိုက် ဖြစ်ပေါ်ခဲ့သော မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ မတ်တွင် ၂ ဒသမ ၂၈ ရာခိုင်နှုန်း၊ ဧပြီတွင် ၂ ဒသမ ၁ရရာခိုင်နှုန်း၊ မေတွင် ၂ ဒသမ ၂၇ ရာခိုင်နှုန်း၊ ဇွန်တွင် ၂ ဒသမ ၄၀ ရာခိုင်နှုန်း၊ ဇူလိုင်တွင် ၂ ဒသမ ၈၀ ရာခိုင်နှုန်း၊ သြဂုတ်တွင် ၃ ဒသမ ၂ဝရာခိုင်နှုန်း၊ စက်တင်ဘာတွင် ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ အောက်တိုဘာတွင် ၄ ဒသမ ၃၄ ရာခိုင်နှုန်း၊ နိုဝင်ဘာတွင် ၅ ဒသမ ၂၃ ရာခိုင်နှုန်း၊ ဒီဇင်ဘာတွင် ၆ ဒသ မ ၂၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ၇ ဒသမ ၃ဝရာခိုင်နှုန်း၊ ဖေဖော်ဝါရီတွင် ၈ ဒသမ ၃၅ ရာခိုင်နှုန်း၊ မတ်တွင် ၉ ဒသမ ၅၇ ရာခိုင်နှုန်း၊ ဧပြီတွင်  ၁၀ ဒသမ ၇၂ ရာခိုင်နှုန်း၊ မေတွင် ၁၁ ဒသမ ၇၉ ရာခိုင်နှုန်း၊ ဇွန်လတွင် ၁၂ ဒသမ ၉၃ ရာခိုင်နှုန်းအထိ  ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

သို့သော်လည်း တတိယသုံးလပတ်၏ ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေကိုမူ ၂၀၁၇ ခုနှစ် အခြေခံနှစ်ဖြင့် ပြောင်းလဲ တွက်ချက်မည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်ရန် ဆောင်ရွက်လျက်ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

စားသုံးသူစျေးဆနှုန်း (CPI) ကို အချိန်ကာလအလျောက် စျေးနှုန်းပြောင်းလဲမှုနှင့် စားသုံးသူပုံစံပြောင်းလဲမှုကို တိုင်းတာနိုင်ရန် တွက်ချက်ထုတ်ပြန်ခြင်းဖြစ်ပြီး နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း တွက်ချက်ရာတွင် အဓိကအသုံးပြုသည်။

Most Read

Most Recent