အပစ်ရပ်စဲမှုပျက်ပြားသွားသောကြောင့် ဆူဒန်ကို ပိတ်ဆို့မှုအသစ်များချမှတ်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ခြိမ်းခြောက်

အပစ်ရပ်စဲမှုပျက်ပြားသွားသောကြောင့် ဆူဒန်ကို ပိတ်ဆို့မှုအသစ်များချမှတ်ရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ခြိမ်းခြောက်
အီဂျစ်နယ်စပ်အနီးရှိ ဆူဒန်မြို့ဝါလ်ဒီဟာဖာမှ ခရီးဆောင်အိတ်ထမ်းလာသူများကို မေလ ၄ ရက်ကတွေ့ရစဉ် (Photo – AFP)
အီဂျစ်နယ်စပ်အနီးရှိ ဆူဒန်မြို့ဝါလ်ဒီဟာဖာမှ ခရီးဆောင်အိတ်ထမ်းလာသူများကို မေလ ၄ ရက်ကတွေ့ရစဉ် (Photo – AFP)
Published 5 May 2023
Ref: AFP

သေနတ်သံများနှင့် ပေါက်ကွဲမှုများက ခါတွန်မြို့ကို ရက်ပေါင်း ၂၀ ဆက်တိုက်တုန် လှုပ်စေခဲ့ချိန်တွင်  တိုက်ပွဲရပ်ရမည်ဟု ပြောကြားလျက် ဆူဒန်၏ ပဋိပက္ခနှင့်ပတ်သက်၍ အရေးယူပိတ်ဆို့မှုအသစ်များချမှတ်ရန် မေလ ၄ ရက်တွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ခြိမ်းခြောက်လိုက်သည်။

ခြေလျင်အကူလက်ရုံးတပ် (RSF) ကို အမြဲတမ်းစစ်တပ်နှင့်ပေါင်းစည်းရန်စီစဉ်သည့်ကိစ္စနှင့်စပ်လျဉ်း၍ ဆူဒန်စစ်တပ်အကြီးအကဲအဗ္ဗဒယ်ဖတာ့အယ်လ်ဘာဟန် နှင့် RSF ကိုကွပ်ကဲနေသူလည်းဖြစ်ဆူဒန် စစ်တပ်ဒုတိယအကြီးအကဲလည်းဖြစ်သူ မိုဟာမက် ဟမ်ဒမ်ဒါဂလိုတို့ သီတင်းပတ်ပေါင်းများစွာ အာဏာအားပြိုင်မှုများဖြစ်ခဲ့ပြီးနောက် ဆူဒန်စစ်တပ်နှင့် RSF တို့ ဧပြီ ၁၅ ရက်တွင် တိုက်ပွဲများ စတင်ဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲများကြောင့် ဆူဒန်နိုင်ငံ တစ်ဝန်းတွင်လူ ရဝဝခန့် သေဆုံးထားသည်။ သေဆုံးသူအများစုမှာ ခါတွန်နှင့် အနောက်ပိုင်း ဒါဖာဒေသတို့ကဖြစ်သည်ဟု Armed Conflict Location and Event Data Project ၏ ထုတ်ပြန်ချက်အရ သိရသည်။

တတိယ သီတင်းပတ်ထဲဝင်ရောက်လာပြီဖြစ်သော ဝရုန်းသုန်းကားအခြေအနေများနှင့် သေကျေဒဏ်ရာရမှုတို့ကြောင့် ဆူဒန်ပြည်သူထောင်ပေါင်းများစွာသည် ဆူဒန်၏ အိမ်နီးချင်းနိုင်ငံများထံ ထွက်ပြေးတိမ်ရှောင် လျက်ရှိသည်။

နောက်ဆုံးအပစ်ရပ်စဲမှုသည် မေလ ၄ ရက်သန်းခေါင်ယံတွင် သက်တမ်းကုန်သွားသောကြောင့် ခုနစ်ရက်ကြာ အပစ်ရပ်စဲရေး သဘောတူညီချက်အသစ်ကို မိမိတို့လိုက်နာရန်အသင့်ဖြစ်နေသည်ဟုဆူဒန်စစ်တပ်က ပြောကြားခဲ့သော်လည်း ဆူဒန်စစ်တပ်၏ ရန်သူဖြစ်သော RSF ဘက်မှ အပစ်ရပ်စဲမှုအသစ်အကြောင်း တစ်ခွန်းမျှ ပြောကြားခြင်းမရှိပေ။

ဆူဒန်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးတို့ကိုခြိမ်းခြောက်ခြင်းအတွက် တာဝန်ရှိသူများကို ပိတ်ဆို့မှုများချမှတ်ရန် လုပ်ပိုင်ခွင့်အာဏာကို ကျယ်ပြန့်စေသော သမ္မတအမိန့်ကို မေလ ၄ ရက်တွင်ဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့သည်ဟု ပိတ်ဆို့အရေးယူနိုင်သူများကို အမည်ဖော်ပြခြင်းမရှိဘဲ ထုတ်ပြန်ချက်တွင်ဘိုင်ဒင်က ဖော်ပြထားသည်။

“ဆူဒန်မှာ ဖြစ်ပွားနေတဲ့ ရက်စက်ကြမ်းကြုတ်မှုဟာ အဖြစ်ဆိုးတစ်ခုဖြစ်ပါတယ်။ ဒါဟာ အရပ်သားအစိုးရနဲ့ ဒီမိုကရေစီထံအသွင် ကူးပြောင်းရေးအတွက် ဆူဒန်ပြည်သူတွေရဲ့ ရှင်းလင်းတဲ့ တောင်းဆိုမှုကို သစ္စာဖောက်မှု တစ်ရပ်ဖြစ်ပါတယ်။ အကြမ်းဖက်မှု အဆုံးသတ်ရမယ်”ဟု ဘိုင်ဒင်က ဖော်ပြထားသည်။

နောက်ဆုံးရရှိထားသည်ဟု ယူဆရသောအပစ်ရပ်စဲမှု အသက်ဝင်လာပြီး နာရီပိုင်းအတွင်းတွင် ပြည်သူငါးသန်းနေထိုင်ရာ ခါတွန်ရှိလမ်းများတွင် အရုဏ်တက်ချိန်နှင့် နေ့ခင်းဘက်တို့တွင် ပေါက်ကွဲသံများနှင့် အပြန်အလှန်ပစ်ခတ်သံများကို ကြားရသည်ဟု မျက်မြင်ကြုံရသူများကပြောကြားသည်။

အိန္ဒိယသံရုံးနှင့် အခြားကယ်ဆယ်ခံရသော သံတမန်အဖွဲ့များကို တိုက်ခိုက်ခြင်းအတွက် ဆူဒန်နိုင်ငံခြားရေးဝန်ကြီးဌာနက နောက်ပိုင်းတွင် RSF ကို စွပ်စွဲထားသည်။

မြို့တော် တောင်ဘက် ကီလိုမီတာ ၃၀၀(၁၈၅ မိုင်) အကွာ အယ်လ်အိုဘေတွင် တိုက်ပွဲများဖြစ်ပွားနေသည်ဟု မျက်မြင်ကြုံသူများက ပြောကြာသည်။

အာဖရိကမြောက်ပိုင်းနိုင်ငံဖြစ်သော ဆူဒန်မှ လူ ၈၆၀,၀၀၀ ထွက်ခွာခြင်းအတွက် မိမိတို့ပြင်ဆင်ထားသည်ဟု ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ကို အောက်တိုဘာအထိ ထောက်ပံ့ရန် အမေရိကန်ဒေါ်လာ ၄၄၅ သန်းလိုအပ်လိမ့်မည်ဟု ဖြည့်စွက်ဖော်ပြထားသည်။

“လိုအပ်ချက်တွေဟာ များလာပါတယ်။ အကျပ်အတည်းဟာ ဆက်လက်ဖြစ်နေမယ်ဆိုရင် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ အန္တရာယ်ရှိလာနိုင်ပါတယ်”ဟု UNHCR ၏ လုပ်ငန်းစဉ်ဆိုင်ရာ လက်ထောက်အကြီး အကဲရာအုမာဇူးက ပြောကြားသည်။

Most Read

Most Recent