ယူကရိန်းကို အကူအညီပေးရန် ဥရောပသမဂ္ဂ (အီးယူ) က ခဲယမ်းကျည်ဆန် ထုတ်လုပ်မှုများကို မြန်မြန်ဆန်ဆန်မြှင့်တင်မည်

ယူကရိန်းကို အကူအညီပေးရန် ဥရောပသမဂ္ဂ (အီးယူ) က ခဲယမ်းကျည်ဆန် ထုတ်လုပ်မှုများကို မြန်မြန်ဆန်ဆန်မြှင့်တင်မည်
ဘတ်မွတ်အနီး ချာဆစ်ယာတွင် ယူကရိန်းစစ်သားတစ်ဦး တာဝန်ထမ်းဆောင်နေပုံကို မေလ  ၃ ရက်က တွေ့ရစဉ် (Photo – AFP)
ဘတ်မွတ်အနီး ချာဆစ်ယာတွင် ယူကရိန်းစစ်သားတစ်ဦး တာဝန်ထမ်းဆောင်နေပုံကို မေလ  ၃ ရက်က တွေ့ရစဉ် (Photo – AFP)
Published 4 May 2023
Ref: AP

ရုရှားနှင့် စစ်ဖြစ်နေသော ယူကရိန်းကိုလည်း အကျိုးအမြတ်ရှိစေရန်လည်းကောင်း ဥရောပသမဂ္ဂ၏ ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အရည်အချင်းများ တိုးတက်စေရန်လည်းကောင်း ကြိုးပမ်းသည့်အနေအဖြင့် ဥရောပသမဂ္ဂ(အီးယူ)သည် ခဲယမ်းကျဉ် အကြီးစား ထုတ်လုပ်မှုကို မြှင့်တင်ရန် လောလောလတ် လတ်အစီအစဉ်များကို ကြေညာခဲ့သည်။

ယူကရိန်းသည် ရုရှားသိမ်းပိုက်ထားသော နယ်မြေကို ပြန်လည်ရရှိရန် စီစဉ်ထားသည့် နွေဦးတန်ပြန်ထိုးစစ်တစ်ရပ်ကို ပြုလုပ်ရန် အသင့်ဖြစ်နေသည်ဆိုသော်လည်း ယူကရိန်းသည် ခဲယမ်းကျဉ်ဆန်များကို အလွန်မြန်ဆန်သောနှုန်းဖြင့် အသုံးပြုနေသည်ဟု လေ့လာဆန်းစစ်သူများကပြောကြားသည်။

အနောက်မဟာမိတ်များက ခဲယမ်းကျည်များ ပံ့ပိုးပေးထားပြီးယူကရိန်းအစိုးရကမူ ခဲယမ်းကျည်ဆန် များများပေးရန် တောင်းခံထားသည်။

“ယူကရိန်း ချက်ချင်း လိုအပ်နေတဲ့အရာကို အရင်ဆုံး ပေးကြပါစို့။ အရင်ဆုံးပို့ ပေးကြပါစို့။ အခုတစ်ဖန်လည်း မြေပြင်မှာ ဖြစ်ပျက်နေတာကို ကျွန်တော်တို့ တိတိကျကျသိထားပါတယ်”ဟု အီးယူ၏ တစ်ခုတည်းသောစျေးကွက်ဆိုင်ရာ ကော်မရှင်နာသီယာရီဘရီတန်က ပြောကြားသည်။

ယူကရိန်းကို ခဲယမ်းကျည်များပံ့ပိုးပေးခြင်းနှင့် အီးယူအဖွဲ့ဝင်နိုင်ငံများတွင် ခဲယမ်းများ ပြန်လည်ဖြည့်တင်းခြင်းဆိုသော ရည်ရွယ်ချက်ဖြင့် ၎င်းက ခဲယမ်းကျည်ထုတ်လုပ်မှု ထောက်ပံ့ရေးအက်ဥပဒေ (Act in Support of Ammunition) ကိုငွေကြေးပံ့ပိုးရန် အနည်းဆုံး ယူရိုဒေါ်လာတစ်ဘီလျံ (အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလျံ)အသုံးပြုလိုနေသည်။

အီးယူရန်ပုံငွေများက ငွေတစ်ဝက်ကို ပံ့ပိုးပေးမည်ဖြစ်ပြီး ကျန်သောတစ်ဝက်ကို အဖွဲ့ဝင်နိုင်ငံများက ပူးပေါင်းပံ့ပိုးကြရမည်ဟု ဆိုသည်။

ဆယ်စုနှစ်များစွာ ငြိမ်းငြိမ်းချမ်းချမ်းရှိခဲ့ပြီး နေတိုးမဟာမိတ်အဖွဲ့မှတစ်ဆင့် အမေရိကန်၏စစ်ရေးအကာအကွယ်ကိုရရှိနေသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည်  ခဲယမ်းကျည်ထုတ်လုပ်မှုအပိုင်းတွင် ရင်းနှီးမြှုပ်နှံမှု အလွန်ပင် လျော့နည်းခဲ့သည်။ အဖွဲ့ ဝင် ၂၇ နိုင်ငံပါဝင်သောအီးယူသည် ၎င်း၏ တခါးဝတွင် စစ်ပွဲ ဖြစ်ပွားနေသောကြောင့် ယခုအခါ  ခဲယမ်းကျည်ကို စံချိန်တင်နှုန်းဖြင့် ထုတ်လုပ်ရန် ဆန္ဒရှိနေသည်။

အီးယူတွင် များများစားစားထုတ်လုပ်နိုင်စွမ်းရှိသော ထုတ်လုပ်မှု အခြေစိုက်နေရာရှိထားသည်ဟု ဘရီတန်က ပြောကြားသည်။ အထူးသဖြင့် စုပေါင်းအားထုတ်သော ကြိုးပမ်းမှုဖြင့် အသုံးပြုနိုင်သည့် အခြေစိုက်နေရာသည် အီးယူအရှေ့ပိုင်းတွင်ရှိနေသည်ဟု ဆိုသည်။

“နောက်နှစ်လောက်မှာ ယူကရိန်းအတွက်ဥရောပက လက်နက်ကြီးကျည်ဆန် အနည်းဆုံး တစ်သန်းထုတ်လုပ်နိုင်တဲ့ ကျွန်တော်တို့ရဲ့ စက်မှုဆိုင်ရာ အခြေစိုက်နေရာကို ကျွန်တော်တို့ အရည်အသွေးသစ်ရှိလာအောင်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းကပြောကြားသည်။

သံချပ်ကာယာဉ် ၁,၅၅၀ ကျော်၊ တင့်ကားများနှင့် အခြားပစ္စည်းကိရိယာ ၂၃ဝတို့ နှင့်အတူ ယူကရိန်း၏ မဟာမိတ်များသည် ခဲယမ်းကျည်ပမာဏ အများအပြားကို ပေးပို့ထားပြီး ယူကရိန်းတပ်မဟာသစ်ကိုးခုကျော်ကို သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းတို့လုပ်ဆောင်ထားသည်ဟု နေတိုးအတွင်းရေးမှူးချုပ်ဂျန်စတိုလ်တင်ဘတ်က လွန်ခဲ့သောသီတင်းပတ်တွင် ပြောကြားခဲ့သည်။

အမေရိကန်က ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီသစ်များပေးအပ်ခဲ့ရာ ယင်းအကူအညီများ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၃၀၀ ရှိပြီး လက်နက်ကြီးကျည်ဆန်များ၊ ဟောင်ဝဇ္ဇာများ၊ ဝေဟင်မှ မြေပြင် ပစ်ဒုံးကျည်များ၊ ခဲယမ်းကျည်ဆန်များပါဝင်သည်။ ယူကရိန်းက နွေဦးတန်ပြန်ထိုးစစ်တစ်ရပ်ဆင်နွှဲရန်စီစဉ်ထားသော အမေရိကန်က စစ်ရေးအကူအညီထပ်မံပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent