စပါးအသင်းသည် အဓိပ္ပာယ်မရှိသည့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ဂန္ထဝင်တိုက်စစ်မှူး ရှရင်ဂမ် ဝေဖန်

စပါးအသင်းသည် အဓိပ္ပာယ်မရှိသည့်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ဂန္ထဝင်တိုက်စစ်မှူး ရှရင်ဂမ် ဝေဖန်
Photo: Getty Images
Photo: Getty Images
Published 26 April 2023

 

စပါးအသင်းသည် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိကြောင်း အသင်းဂန္ထဝင်တိုက်စစ်မှူး တက်ဒီရှရင်ဂမ်က ပြစ်တင်ဝေဖန်ခဲ့သည်။ စပါးအသင်းအနေဖြင့် ရာသီကုန်အထိ ခန့်အပ်ထားသည့် ယာယီနည်းပြ ဆတယ်လီနီအားထုတ်ပယ်ပြီးနောက် ရှရင်ဂမ်က ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

သို့သော် ရှရင်ဂမ်က ကွန်တီအား ထုတ်ပယ်ပြီးနောက် အစားထိုးမည့်သူ မရှိသည့်အခြေအနေကို အဓိကထောက်ပြခဲ့သည်။ "သူတို့ ကွန်တီကို ထုတ်ပယ်ပြီးချိန်မှာ သူ့(ဆတယ်လီနီ)ကို ခန့်ခဲ့လို့ ကျွန်တော် အံ့အားသင့်ခဲ့ရတယ်။ အခုထုတ်ပယ်မှုကတော့ ကျွန်တော့်အတွက် အံ့သြစရာမရှိပါဘူး။ ကမ္ဘာကြီးမှာ ဒီလိုလုပ်ဆောင်တဲ့နည်းလမ်းက တစ်ခဏပါပဲ။ ပြီးခဲ့တဲ့ရက်သတ္တပတ်ကုန်မှာ ဆိုးရွားတဲ့ရလဒ်တစ်ခုကို ရရှိခဲ့တယ်။ ပြီး တော့ သူထွက်သွားရတယ်။ တော့တင်ဟမ်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော် အမှန်တကယ် မသိပါဘူး။ ကွန်တီကို ထုတ်ပယ်ပြီး အစားထိုးမယ့်သူမရှိတာဟာ ဒုက္ခရောက်စေမယ့် ဆုံးဖြတ်ချက်တစ်ခုပါပဲ"ဟု ရှရင်ဂမ်က talkSPORTသို့ ပြောကြားခဲ့သည်။  

ရှရင်ဂမ်သည် ၁၉၉၂ မှ ၂၀၀၃ အကြား စပါး အသင်း၌ကစားခဲ့သည့် ကာလနှစ်ခုအတွင်း ၁၂၄ ဂိုးအထိ သွင်းယူပေးခဲ့သူဖြစ်သည်။ ထို့ ပြင် ရှရင်ဂမ်သည် စပါးအသင်းသို့ ပိုချက်တီနို ပြန်လာလျှင် ပရိသတ်တိုင်းက ကျေနပ်မည် မဟုတ်သော်လည်း စပါးကစားသမား ၇၀ ရာခိုင်နှုန်း၏ထောက်ခံမှုရှိမည်ဟုလည်း သုံးသပ်ခဲ့သည်။ 

ယာယီနည်းပြနေရာတွင် စပါးနည်းပြဟောင်းများဖြစ်သည့် တင်မ်ရှားဝုဒ်၊ ဟယ်ရီရက်နက်ပ်စသည့် ပုဂ္ဂိုလ်များကိုသာ ခန့်အပ်ခဲ့သင့်သည်ဟုလည်း အကြံပြုခဲ့သည်။

Most Read

Most Recent