တောင်ကိုရီးယားပြည်သူများနှင့် နျူကလီးယားအိပ်မက်

တောင်ကိုရီးယားပြည်သူများနှင့် နျူကလီးယားအိပ်မက်
Published 23 April 2023
ခက်ဝေ

ဆိုးလ်မြို့ မြေအောက်စားသောက်ဆိုင်တစ်ဆိုင်အတွင်းရှိ သီးသန့်ခန်းထဲတွင် ပုန်းလျှိုးကွယ်လျှိုးတွေ့ပြီး ဆွေးနွေးနေကြသူ များရှိသည်။ ၎င်းတို့ထဲတွင် နိုင်ငံရေးသမား များ၊  သိပ္ပံပညာရှင်များ ၊ စစ်ဘက်မှ လူအချို့ ရောပါနေပြီး အချို့ပုဂ္ဂိုလ်များက မည်သူမည်ဝါ ထုတ်ပြော၍ပင် မဖြစ်ပေ။ နျူကလီးယားပေါ်လစီဖိုရမ် အစည်းအဝေးအဖြစ် တွေ့ဆုံကြခြင်းဖြစ်ပြီး ၎င်းတို့ ဆွေးနွေးကြသည့်အရာက ကြီးမားကျယ်ပြန့်လွန်းသည်။အမိတောင်ကိုရီးယားနိုင်ငံက တစ်နေ့ နျူကလီးယားလက်နက် ပိုင်ဆိုင်လာရေးကို ၎င်းတို့ ဆွေးနွေးနေကြခြင်းဖြစ်သည်။

ယင်းအတွေးအမြင်သည် ပြီးခဲ့သည့် လများကမှ တောင်ကိုရီးယားပြည်သူများ၏ စိတ်ဝယ် လွှမ်းမိုးနေရာယူလာခဲ့သည်။ တောင်ကိုရီးယားသမ္မတယွန်ဆော့ယိုကပင် ကာ ကွယ်ရေးအစည်းအဝေးတစ်ရပ်တွင် ယင်းကိစ္စဖြစ်နိုင်ခြေကို ထည့်ပြောသွားသေးသည်။ ယွန်သည် နောက်ပိုင်းနှစ်များအတွင်း ထိုအရေးကို ထုတ်ဖော်ပြောလာသည့် ပထမ ဆုံးတောင်ကိုရီးယားသမ္မတလည်း ဖြစ်သည်။

ယခုဆိုလျှင် သတင်းစာများ၌လည်း ထို အရေးကို ပေါ်ပေါ်ထင်ထင် နေ့စဉ် ဖော်ပြ လာကြပြီး ပို၍မယုံနိုင်စရာကောင်းသည်က ပြည်သူလူထု၏ လေးပုံသုံးပုံက ထိုအရေးကို ထောက်ခံကြသည်။  အိမ်နီးချင်း မြောက်ကို ရီးယားအပေါ် တောင်ကိုရီးယားပြည်သူများ ၏ ထိတ်လန့်ကြောင့်ကြနေမှုများက ကြီးထွား လာနေသည်။ အမေရိကန်-တောင်ကိုရီးယား မဟာမိတ်ဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်း အမှတ်အဖြစ် ဧပြီ ၂၄ ရက်မှ ၂၉ ရက်အထိ အမေရိကန်သို့ တောင်ကိုရီးယားသမ္မတ သွားရောက်မည်ဖြစ်ပြီး ဧပြီ ၂၆ ရက်တွင် သမ္မတယွန်နှင့် ဂျိုးဘိုင်ဒင်တို့ ခေါင်းဆောင် နှစ်ဦး ထိပ်သီးအစည်းအဝေး ပြုလုပ်ကာ သတင်းစာရှင်းလင်းပွဲလည်း ပူးတွဲပြုလုပ်ကြ မည်။

၁၉၇၀ အလွန်နှစ်များက တောင်ကို ရီးယားနိုင်ငံသည် (အလေးအနက်သိပ်မဟုတ် သည့်) နျူကလီးယားလက်နက်များ တည် ဆောက်မည့် စိတ်ကူး ရှိခဲ့ပြီး လျှို့ဝှက်အစီအစဉ်တစ်ရပ်ဆွဲခဲ့သည်။ သို့သော် အမေရိကန် က သိရှိသွားပြီး တောင်ကိုရီးယားအနေဖြင့် ရှေ့ဆက်တိုးလျှင် တိုး ၊ သို့မဟုတ် အမေရိကန် ၏ အကာအကွယ်ကိုသာ ယူဟု ရွေးချယ်ခိုင်း ခဲ့သည်။ တောင်ကိုရီးယားက အမေရိကန်၏အကာအကွယ်ကို ယူခဲ့သည်။ ယနေ့တိုင် အောင်လည်း အမေရိကန်စစ်သည်များ ကို ရီးယားကျွန်းဆွယ်တွင် အခြေစိုက်ထားကြ သည်။

နောက်ပိုင်း ပထဝီဝင်နိုင်ငံရေးအခြေ အနေများက သိသိသာသာ ပြောင်းလဲလာ တော့သည်။ မြောက်ကိုရီးယားနိုင်ငံက ပိုမို ခေတ်မီဆန်းပြားသည့် နျူကလီးယားလက် နက်များကို တည်ဆောက်လာနေပြီး ယင်း လက်နက်များက အမေရိကန်ပြည်ထောင်စု တစ်ဝန်းရှိ မြို့ကြီးများသို့ပင် ရောက်နိုင်သည် အထိ  အဆင့်မြင့်လာသည့်အတွက် တောင်ကို ရီးယားပြည်သူများ၏စိတ်ဝယ်  အမေရိကန် က ၎င်းင်းတို့နိုင်ငံကို ကာကွယ်ပေးနိုင်ဦးမည် လား ဟူသည့် သံသယများ ဝင်လာခဲ့သည်။

သီးသန့်ခန်းအတွင်းရှိ လျှို့ဝှက်အစည်း အဝေးပြုလုပ်နေကြသူများက အနာဂတ်ဖြစ် နိုင်ခြေတစ်ရပ်ကို စဉ်းစားထားကြသည်။မြောက်ကိုရီးယား   ခေါင်းဆောင်ကင်ဂျုံအွန်က တောင်ကိုရီးယားကို တိုက်ခိုက်လာသည် ဆို ပါစို့။ ထိုအခါ အမေရိကန်က ကြားဝင်လိမ့် မည်။ စစ်ပွဲတွင် ဝင်မပါရန်၊ ပြောမရပါက အမေရိကန်ပြည်မကြီးကို နျူကလီးယားဗုံးဖြင့် ဖောက်ခွဲမည်ဟု ကင်ဂျုံအွန်ဘက်က ခြိမ်း ခြောက်လိမ့်မည်။ ထိုအခါ အမေရိကန် မည် သို့တုံ့ပြန်မည်နည်း။ ဆိုးလ်အတွက်ဖြင့်  ဆန် ဖရန်စစ္စကိုမြို့ကို ပြာကျခံမည်လား။ အမေ ရိကန်က ထိုသို့အဖြစ်ခံမည်မဟုတ် ဆိုသည် မှာ ၎င်းင်းအစည်းအဝေး၏ အဖြေပင် ဖြစ် သည်။

 “ငါတို့ကို အခြားတစ်နိုင်ငံက ကာကွယ် ပေးလိမ့်မယ်လို့ တွေးရတာမျိုးက ယုတ္တိမှ မရှိ ပဲ။ ဒါဟာ ငါတို့ရဲ့ ပြဿနာ ၊ ငါတို့ရဲ့တာဝန် ပါ”ဟု လာဆွေးနွေးသူတစ်ဦးလည်း ဖြစ်၊ တောင်ကိုရီးယားနိုင်ငံ၏အာဏာရ ပြည်သူ့ စွမ်းအားပါတီမှ အဖွဲ့ဝင်လည်းဖြစ်သည့် ချွဲဂျီ ယောင်းဆိုသူက ပြောသည်။

ဖိုရမ်အစည်းအဝေးဥက္ကဋ္ဌဖြစ်သူ ချောင် ဆောင်းချန်က ၎င်းတို့၏သဘောထားကို တင်ပြသည်။နောက်တစ်ကြိမ် မြောက်ကိုရီး ယားက နျူကလီးယားလက်နက် စမ်းသပ်လာ မည်ဆိုလျှင်  တောင်ကိုရီးယားကလည်း ဏြွှ ခေါ် နျူကလီးယားလက်နက် မပြန့်ပွားရေး သဘောတူညီချက်မှ နုတ်ထွက်သင့်သည်။ ခြောက်လအတွင်း ခေါင်းဆောင်ကင်က  နျူကလီးယားလက်နက်များကို စွန့်လွှတ်ရန် သဘောမတူခဲ့လျှင် တောင်ကိုရီးယားက လည်း ကိုယ်ပိုင်နျူကလီးယားလက်နက်များ ထုတ်သင့်သည်ဟု ၎င်းင်းတို့က မြင်ကြသည်။ထိုနည်းကသာ ကိုရီးယားကျွန်းဆွယ်တွင် နျူ ကလီးယားစစ်ပွဲဖြစ်နိုင်ခြေ လျော့စေလိမ့် မည်၊ တောင်ကိုရီးယားဘက်က တန်ပြန်တိုက် ခိုက်လိမ့်မည်ဆိုသည့်အသိက ကင်၏ခေါင်း ထဲတွင် ရှိနေလိမ့်မည်ဟု ချောင်ဆောင်းချန်က ပြောသည်။

သို့သော် အမေရိကန်အခြေစိုက် နိုင်ငံ ရေး၊ လူမှုရေး၊ စီးပွားရေးအကြံပေးအဖွဲ့  ၃၈ ဖွဲ့ (North) မှ တောင်းဆိုသူ ဂျင်နီက တောင် ကိုရီးယားက နျူကလီးယားလက်နက် ပိုင် ဆိုင်လိုက်သည်နှင့် မြောက်ကိုရီးယား၏ ရဲ တင်းမှု လျော့ သွားလိမ့်မည်ဆိုသည့်အမြင်ကို မထောက်ခံပေ။ “နျူလက်နက်တွေ ပိုရှိလာလို့ ကမ္ဘာကြီးက ပိုလုံခြုံသွားမှာမဟုတ်ပါဘူး။ အိန္ဒိယနဲ့  ပါကစ္စတန်ကိုပဲ ဥပမာကြည့်ကြပါစို့။ အထင် နဲ့အမြင် တူမနေပါဘူး။ နျူကလီးယား လက်နက်ရှိတာဟာ နှစ်နိုင်ငံစလုံးကို ပိုရှေ့ တိုးဖို့ ခွင့်ပြုလိုက်သလိုပါပဲ”ဟု ဆိုသည်။

၂၀၁၆ ခုနှစ်တွင် အမေရိကန်သမ္မတ ဟောင်း ဒေါ်နယ်ထရန့်က  တောင်ကိုရီးယား ကို ကပ်ပါးရပ်ပါးဟု ပြောခဲ့သည်။တောင်ကို ရီးယားသို့ ပို့ထားသည့် အမေရိကန်စစ်သည် များအတွက် တောင်ကိုရီးယားက စရိတ်ပေး လျှင် ပေး ၊ မပေးလျှင် အမေရိကန်တပ်ကို ပြန်ရုပ်သိမ်းမည်ဟု ထရန့်က ခြိမ်းခြောက်ခဲ့ သည်။ ထိုစကားများမှ သွတ်သွင်းပေးခဲ့သည့် ကြောက်စိတ်များက တောင်ကိုရီးယားလူထု ၏ စိတ်မှ လျော့မသွားပေ။ ယခု နျူကလီးယား လက်နက်နိုင်ငံဖြစ်လာရေးကို လိုလားသည့် ပြည်သူများ များလာသည်။

ဆိုးလ်ရှိ ချွေးထုတ်ခန်းတစ်ခုတွင် အ သက်ကြီးငယ်၊ အလွှာမရွေး လူတန်းစားစုံ လာစု အညောင်းဖြေနေတတ်သည်။ ထိုနေရာ မျိုး၌လည်း နျူကလီးယားအရေး ပြောနေကြ ပြီဖြစ်သည်။ “အမေရိကန်က သူ့ရဲ့နျူကလီး ယားတွေ သုံးပြီး ငါတို့ကို ကာကွယ်ပေးမှာ မ ဟုတ်ဘူး။ ဒီတော့ ကိုယ့်ကိုယ့်ကိုယ် ကာကွယ် နိုင်အောင် နေရမှာ”ဟု အသက် ၃၁ နှစ် အ ရွယ်ရှိ ကူဆောင်ဝုကပြောသည်။ ၎င်းင်းသည် ၂၀၁၀ ခုနှစ်က တောင်ကိုရီးယားကျွန်းတစ် ခုကို မြောက်ကိုရီးယားက ဗုံးကြဲချိန် စစ်တပ် တွင် တာဝန်ထမ်းဆောင်နေခဲ့သည်။

 “တကယ့်ကို အရေးပေါ်ပါပဲ။ မိဘတွေ ကို ဆက်သွယ်၊ နှုတ်ဆက်စာတွေ ရေး။ ငါတို့ ကို အင်အားကြီးနိုင်ငံတွေက ၀ိုင်းနေတာ။ တန်းတူယှဉ်နိုင်ဖို့ဆို နျူကလီးယားရှိဖို့ လို လာပြီ”ဟု ပြန်တွေးကာ ပြောသည်။ ယခု ၎င်းင်း စိတ်ပူနေသည့်အရာက မြောက်ကိုရီးယား တင်မဟုတ်၊ တရုတ်နိုင်ငံလည်း ပါလာပြီဖြစ် သည်။

ချွေးထုတ်ခန်းရှိ အားလုံးနီးပါးက သ ဘောတူထောက်ခံကြရာ အသက် ၈၂ နှစ် အရွယ်ရှိ ဟုန်အင်ဆူလည်း ပါဝင်သည်။       ၁၉၅၀ ပြည့်နှစ်များက ကိုရီးယားစစ်ပွဲဖြစ် နေချိန် ဟုန်အင်ဆူသည် ကလေးအရွယ်သာ ရှိသေးသည်။ ၎င်းင်းသည် အစက နျူကလီးယား လက်နက်ကို ဆန့်ကျင်သူဖြစ်သည်။ယခုမူ ၎င်းင်းက “တခြားနိုင်ငံတွေလည်း သူတို့ ဘာ သာ ထုတ်နေကြတာပဲ။ ကမ္ဘာကြီးက ပြောင်း လဲနေပြီ။ ငါတို့ရော အဲဒီလက်နက်တွေ မရှိဘဲ ဘယ်လို ရှေ့ဆက်ကြမလဲ” ဟု ပြောင်းတွေး လာသည်။

ဆိုးလ်အခြေစိုက် ကာကွယ်ရေးဆိုင် ရာလေ့လာသုံးသပ်သူ ယန်ယူကေသည်  တောင်ကိုရီးယားနှင့် နျူကလီးယားလက်နက် အရေးကို သမ္မတယွန်ဆော့ယို အစည်းအ ဝေး၌ ပြောကြားချိန် အခန်းထဲတွင် အတူ ရှိနေခဲ့သည်။ သမ္မတယွန်က အမေရိကန်ကို သွယ်ဝိုက်သောနည်းဖြင့် ဖိအားပေးထား သည်ဟု ၎င်းင်းက ပြောသည်။ “အမေရိကန်က တောင်ကိုရီးယားနဲ့ နျူကလီးယားကိစ္စ ဆွေး နွေးဖို့ သိပ်လက်တွန့်နေတယ်။ တကယ်လို့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား စစ် ဖြစ်ခဲ့ရင် အထိအခိုက်အများဆုံးဖြစ်လာမှာက ငါတို့ပဲ”ဟုလည်း ၎င်းက ဆိုသည်။

တောင်ကိုရီးယားသည် နျူကလီးယား လက်နက်အသုံးပြုမှုကိစ္စ အကောင်အထည် ဖော်ရာတွင် အမေရိကန်နျူကလီးယား လက် နက်များကို တောင်ကိုရီးယားတွင် အခြေစိုက် စေသည့်နည်းဖြင့်လည်းကောင်း၊  ဥရောပတွင် သုံးသည့်အတိုင်း နျူကလီးယားမျှဝေရေးအစီအစဉ်ဖြင့်လည်းကောင်း ရှေ့တိုးနိုင်သည်။စစ်ဖြစ်ခဲ့သည်ရှိသော် တောင်ကိုရီးယားက အမေရိကန်လက်နက်များကို သုံးစွဲနိုင်မည် ဖြစ်သည်။

သို့သော်လက်ရှိ နိုင်ငံတကာစည်းမျဉ်း ညွှန်ကြားထားချက်က နျူကလီးယားလက် နက်မပြန့်ပွားရေးဆိုသည့်မူကို အခြေခံထား ခြင်းဖြစ်သည်။ ယင်းကိုမလိုက်နာဘဲ ချိုး ဖောက်နေသည့် အီရန်နှင့် မြောက်ကိုရီးယား ကဲ့သို့ နိုင်ငံများက အကျိုးဆက်ကို ကြီးကြီး မားမား ပြန်ပေးဆပ်နေရသည်။

ကျွမ်းကျင်သူများကမူ တောင်ကိုရီး ယားပြည်သူများက ယင်းအကျိုးဆက်များကို တွေးမိချင်မှ တွေးမိလိမ့်မည်ဟု ထောက်ပြနေ ကြသည်။ အမေရိကန်က ၎င်းင်း၏ကာကွယ်ရေး ဆိုင်ရာ ကတိကဝတ်များကို ရုပ်သိမ်းလိုက်ပါ က တရုတ်ကလည်း တောင်ကိုရီးယားကို ပိတ် ဆို့မှုများနှင့် လက်တုံ့ပြန်လာနိုင်သည်။ ထို အခါ တောင်ကိုရီးယားသည် အပယ်ခံနိုင်ငံ စာရင်းကို ဝင်သွားပြီး အထီးကျန်ဇာတ်သိမ်း နှင့် ရင်ဆိုင်ရမည့်အကျိုးဆက်မျိုးကို ကျွမ်း ကျင်သူများက စိုးရိမ်နေကြသည်။

Ref: BBC

Photo: BBC

 

Most Read

Most Recent