မန်စီးတီးနှင့်ပွဲတွင် မာနေ ပါဝင်မည်ဟု တူဟယ်လ် အတည်ပြု

မန်စီးတီးနှင့်ပွဲတွင် မာနေ ပါဝင်မည်ဟု တူဟယ်လ် အတည်ပြု
Photo: Bild
Photo: Bild
Published 17 April 2023

မန်စီးတီးအသင်းနှင့်ကစားမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် အသင်းလူစာရင်း၌ မာနေ ပါဝင်လာမည်ဟု နည်းပြ တူဟယ်လ်က အတည်ပြုပြောကြားခဲ့သည်။

မာနေသည် အသင်းဖော် ဆာနေးနှင့် အချင်းများခဲ့ပြီးနောက် မျက်နှာကို လက်သီးဖြင့် ထိုးခဲ့သောကြောင့် ဟော်ဖန်ဟင်မ်နှင့်ပွဲ လူစာရင်းမှ ချန်လှပ်ခဲ့သည့်အပြင် ဒဏ်ငွေလည်း တပ်ရိုက်ခဲ့သည်။

''ဆာဒီယိုမာနေဟာ ဗုဒ္ဓဟူးနေ့ အသင်းလူစာရင်းမှာ ပါဝင်မှာပါ။ ဒီဖြစ်ရပ်က ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး သူလည်း တောင်းပန်ခဲ့ပါတယ်''ဟု တူဟယ်လ်က ပြောကြားခဲ့သည်။

Most Read

Most Recent