ခရီမိုနီဆီ - အမ်ပိုလီ (မြန်မာစံတော်ချိန် ဧပြီလ ၁၄ ရက် ည ၁၁:၀၀ နာရီ)
ခရီမိုနီဆီက တန်းဆင်းရမယ့်အသင်းဖြစ်ပြီး ခြေစွမ်းပိုင်း အရမ်းညံ့တယ်။ အဝေးကွင်းဖြစ်ပေမဲ့ အမ်ပိုလီ အမှတ်ရမယ့်ပွဲမျိုးပါပဲ။
စပီဇီယာ - လာဇီယို (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် နံနက် ၁:၁၅ နာရီ)
စပီဇီယာက တန်းမဆင်းရဖို့အတွက် ရုန်းကန်ရမယ့်အသင်းပါ။ ဒါပေမဲ့ အိမ်ကွင်းအားသာချက်တစ်ခုတည်းနဲ့တော့ လာဇီယိုကို ယှဉ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ လာဇီယိုရဲ့ လက်ရှိခြေစွမ်းက အကောင်းဆုံးပုံစံမှာ ရှိနေတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လာဇီယို အနိုင်ကစားပါလိမ့်မယ်။
ဗယ်လက်ကာနို - အိုဆာဆူနာ (မြန်မာစံတော်ချိန် ဧပြီလ ၁၅ ရက် နံနက် ၁:၃၀ နာရီ)
ဗယ်လက်ကာနိုကလည်း ဥရောပဝင်ခွင့်တစ်နေရာမျှော်လင့်ချက် ခပ်မှိန်မှိန်ဖမ်းဆုပ်ထားနိုင်တယ်။ ဒါကြောင့်အခုအိမ်ကွင်းပွဲမှာတော့ ဗယ်လက်ကာနိုတို့ အမှားခံမယ်မထင်ပါဘူး။ အိုဆာဆူနာခြေမဆိုးပေမယ့် ဗယ်လက်ကာနိုပဲနိုင်ပွဲယူမှာပါ။















