ရီးယဲလ်မက်ဒရစ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် နံနက် ၁:၃၀ နာရီ)
ရီးယဲလမ်မက်ဒရစ်က မနှစ်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ ချယ်လ်ဆီးနဲ့ ပြန်ရင်ဆိုင်ရမယ်။ ချယ်လ်ဆီးကွင်းမှာ ဂိုးပြတ်နိုင်ခဲ့ပြီးမှ အိမ်ကွင်းမှာ ဂိုးပြတ်ပြန်ရှုံးခဲ့ပြီး အချိန်ပိုကျမှ နောက်တစ်ဆင့်တက်နိုင်မယ့်ဂိုးကို ရခဲ့တာဖြစ်တယ်။ ချယ်လ်ဆီး ချန်ပီယံလိဂ်ရခဲ့တဲ့နှစ်ကလည်း ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်ခဲ့တာကို တွေ့ရတယ်။ အခု အချိန်မှာ ရီးယဲလ်မက်ဒရစ်က ပိုအားကောင်းနေပေမယ့် ချယ်လ်ဆီးက ချန်ပီယံလိဂ်မှာ ခြေစွမ်းကောင်းပြီး လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ ဒေါ့မွန်ကို ကျော်ဖြတ်ခဲ့တဲ့ပုံစံကလည်းအထင်ကြီးစရာဖြစ်တယ်။ ရီးယဲလ်မက်ဒရစ် နိုင်ပွဲရဖို့ ရှိပေမယ့် (၂-၁) လောက်နဲ့ ဒုတိယအကျော့အထိ ရင်ခုန်ရဦးမယ့်ပွဲ ဖြစ်နိုင်တယ်။
■ ရီးယဲလ်မက်ဒရစ်အသင်းသည် အင်္ဂလန်ကလပ်များနှင့်တွေ့ဆုံသည့် ချန်ပီယံလိဂ်အိမ်ကွင်းနောက်ဆုံး (၂)ပွဲဆက်တိုက် အနိုင်ရရှိထားသည်။
■ ချယ်လ်ဆီးအသင်းသည် ယခုရာသီချန်ပီယံလိဂ်အဝေးကွင်း (၄)ပွဲကစားထားရာ (၂)ပွဲနိုင်၊ (၂)ပွဲရှုံးခဲ့ပြီး ထူးခြားသည်မှာ ရှုံးနိမ့်ခဲ့သည့် (၂)ပွဲ စလုံး ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ချေ။
အေစီမီလန် - နာပိုလီ (မြန်မာစံတော်ချိန် ဧပြီလ ၁၃ ရက် နံနက် ၁:၃၀ နာရီ)
အေစီမီလန်က ပူပူနွေးနွေးပဲ နာပိုလီကို အံ့အားသင့်ဖွယ် ရလဒ်နဲ့ အနိုင်ယူထားတာ မကြာသေးပါဘူး။ ဒါကြောင့် ဒီပွဲအတွက်လည်း စိတ်ပိုင်းဆိုင်ရာအရ ယုံကြည်မှု ရှိနေလိမ့်မယ်။ လက်ရှိ ကစားသမားအင်အားအရ သိပ်မကွာဘူးလို့ ပြောလို့ရပေမယ့် ခြေစွမ်းပိုင်းအရတော့ နာပိုလီက ပိုကောင်းပါတယ်။ အေစီမီလန်က ခြေစွမ်းတည်ငြိမ်မှုအပိုင်းမှာရော၊ တိုက်စစ်ထက်မြက်မှုအပိုင်းမှာပါ နာပိုလီကိုယှဉ်နိုင်ဖို့ ခက်ပါတယ်။ နာပိုလီ ရလဒ်ကောင်းလိမ့်မယ်။
■ အေစီမီလန်အသင်းသည် နာပိုလီအသင်းကို အိမ်ကွင်းတွင်လက်ခံကစားသည့် နောက်ဆုံး (၃)ပွဲဆက် ရှုံးနိမ့်ခဲ့သည်။
■ အေစီမီလန်အသင်းသည် ချန်ပီယံလိဂ်နောက်ဆုံး (၄)ပွဲဆက် ရှုံးပွဲမရှိခဲ့ဘဲ ပွဲတိုင်းလည်း Clean Sheet ရရှိခဲ့သည်။















