ငလျင်အန္တရာယ်ကြောင့် ဘေးကင်းလုံခြုံရေးကို ထိတ်လန့်နေကြသည့် အစ္စတန်ဘူလ်မြို့ခံများ

ငလျင်အန္တရာယ်ကြောင့် ဘေးကင်းလုံခြုံရေးကို ထိတ်လန့်နေကြသည့် အစ္စတန်ဘူလ်မြို့ခံများ
Photo: AFP
Photo: AFP
Published 5 April 2023
မေသုတ

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်တွင်  ကြောက်မက်ဖွယ် အင်အားပြင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် ဒါးမတ်ယူဂန်အမည်ရှိအ မျိုးသား၏အဆောက်အအုံသည် ပြိုကျနိုင် ခြင်းရှိ မရှိကို  သံခမောက်ဆောင်းထားသော အင်ဂျင်နီယာတစ်ဦးက စမ်းသပ်စစ်ဆေးမှု များ ပြုလုပ်ခဲ့သည်။

“ကျွန်တော်ကတော့ ယုံကြည်ချက်ရှိ ပေမယ့် ကျွန်တော့်ကလေးတွေကတော့မယုံ ကြည်ကြပါဘူး။အဲဒါကြောင့် ကျွန်တော်တို့ တွေဒီလိုစမ်းသပ်စစ်ဆေးတာကို လုပ်ဆောင် လိုက်တာဖြစ်ပါတယ်”ဟု တူရကီမြို့တော်ကြီး ၏ ပိုမိုဆင်းရဲပြီး ပိုမိုလူဦးရေထူထပ်သိပ်သည်း သော ရပ်ကွက်များမှ တစ်ခုတွင်နေထိုင်သူ ယူဂန်က ပြောကြားခဲ့သည်။

“ရလဒ်က ကောင်းတယ်ဆိုရင် ကျွန် တော်တို့တွေ စိတ်အေးလက်အေးနေထိုင်နိုင် ပါလိမ့်မယ်။ဒါပေမဲ့  ငလျင်လှုပ်တဲ့အချိန်ကျွန် တော်တို့တွေ ဘယ်နေရာမှာရှိနေမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ကျွန်တော်တို့တွေစူပါ မားကတ် ဒါမှမဟုတ် အလုပ် တစ်နေရာရာမှာ ရှိနေနိုင်ပါတယ်။ဒါကကျွန်တော်တို့ကို စိုးရိမ် မှု ဖြစ်စေပါတယ်”ဟု၎င်းင်းကဆိုသည်။

အနက်ရောင် ဘယ်ရီကက်ဦးထုပ်ကို ဝတ်ဆင်ထားသည့် အသက် ၅၀ အရွယ်ယူ ဂန်သည် အစ္စတန်ဘူလ်တွင် စိုးရိမ်ပူပန်စွာ နေထိုင်သူများတွင် တစ်ဦးအပါအဝင်ဖြစ် သည်။

တူရကီ၏ယဉ်ကျေးမှုနှင့် စီးပွားရေးမြို့ တော်ဖြစ်သည့် အစ္စတန်ဘူလ်တွင် လူသန်း ၂၀ အထိ နေထိုင်နေပြီး လူအများအပြားသည် ၁၉၉၉ ခုနှစ်က အရှေ့ဘက်ပိုင်းတွင်လှုပ်ခတ် ခဲ့သော အင်အားပြင်းငလျင်၏ အမှတ်ရစရာ အတိတ်ဖြစ်ရပ်သည် ခြောက်လှန့်နေဆဲဖြစ် သည်။ယင်းငလျင်ကြောင့် အစ္စတန်ဘူလ်တွင် လူ ၁၀၀၀ အပါအဝင် တူရကီတွင် လူပေါင်း ၁၇,၀၀၀ ကျော် သေဆုံးခဲ့သည်။

ယင်းနောက်ပိုင်းတွင် မြို့တော်သည်သိ သိသာသာ ဖွံ့ဖြိုးလာခဲ့ပြီး လူများသည်မြို့၏ တောင်ဘက်အစွန်ပိုင်းတစ်လျှောက်ရှိ ပြတ် ရွေ့ကြောကို သတိမမူမိဘဲ ယင်းမြို့၏စီးပွား ရေး ကောင်းမွန်မှုက ၎င်းင်းတို့ကိုစွဲဆောင်လျက် ရှိသည်။ 

ဖေဖော်ဝါရီ ၆ ရက်တွင် တူရကီနိုင်ငံ တောင်ပိုင်းနှင့် ဆီးရီးယားနယ်စပ်တို့တွင် ရစ်ချ်တာစကေး ၇ ဒသမ ၈ ပြင်းအားရှိအင် အားပြင်းငလျင်တစ်ခု လှုပ်ခတ်မှုကြောင့်တူ ရကီတွင် သေဆုံးသူ ၄၈,၀၀၀ ကျော်ရှိပြီးဆီး ရီးယားတွင် လူ ၆၀၀၀ နီးပါးသေဆုံးခဲ့သည်။

ထိုအချိန်ကတည်းက အစ္စတန်ဘူလ်၌ နေထိုင်သူများတွင် စိတ်ကစဉ့်ကလျားအခြေ အနေကြုံတွေ့ခဲ့ကြပြီး ယူဂန်၏တိုက်ခန်းအ ဆောက်အအုံစစ်ဆေးမှုကဲ့သို့ စစ်ဆေးမှုပြု လုပ်ရန် တောင်းဆိုမှု ၁၄၀,၀၀၀ ကျော်ရှိခဲ့ သည်။

သဘာဝဘေးအန္တရာယ် ဖြစ်နိုင်ခြေ ၄၇ ရာခိုင်နှုန်း 

စည်ပင်သာယာအဖွဲ့၏ တရားဝင် ထုတ် ပြန်ချက်တွင် ရစ်ချ်တာစကေး ၇ ဒသမ ၅ ပြင်းအားရှိ ငလျင်လှုပ်ခတ်ချိန်တွင် အ ဆောက်အအုံ ၁၀၀,၀၀၀ နီးပါး ပြိုကျသို့မ ဟုတ် ဆိုးရွားစွာ ပျက်စီးလိမ့်မည်ဟု ဖော်ပြခဲ့ သည်။

ဖေဖော်ဝါရီလက ဖြစ်ပွားခဲ့သည့်သဘာ ဝဘေးအန္တရာယ်နောက်ပိုင်း အင်ဂျင်နီယာ အဖွဲ့ပေါင်း ၅၀ သည် မြို့တစ်ဝန်းသို့လှည့် လည်ပြီး ကွန်ကရစ်အရည်အသွေးနှင့်သံကူ ကွန်ကရစ်တိုင်များ၏ အကျယ်ကိုတိုင်းတာ ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆောက်အဦးပြိုကျနိုင်ခြေကအလွန် မြင့်နေသည်ဟု ယူဆပါက ဖြိုချရန်ထုတ်ပြန် ကြေညာပြီး နေထိုင်သူများကို ပြောင်းရွှေ့စေ သည်။

အစ္စတန်ဘူလ်၏ တောင်ပိုင်းခရိုင်အချို့ သည် လွန်ခဲ့သည့်လကလှုပ်ခတ်ခဲ့သော အ ရှေ့ Anatolian ပြတ်ရွေ့ကြောနှင့်ကွဲပြား သည့် မြောက် Antolian ပြတ်ရွေ့ကြောမှကိုး မိုင်အကွာတွင် တည်ရှိနေသည်။

မြေငလျင်ပညာရှင်များက နှစ်ပေါင်း ၃၀ အတွင်း အစ္စတန်ဘူလ်တွင် ရစ်ချ်တာစ ကေး ၇ ဒသမ ၃ ပြင်းအားအထက်ရှိ ငလျင် တစ်ခုလှုပ်ခတ်နိုင်ခြေ ၄၇ ရာခိုင်နှုန်းအခွင့် အလမ်းရှိသည်ဟု တွက်ချက်ထားသည်။

ယူဂန်၏အဆောက်အအုံမှ ဘလောက် နှစ်ခုအကွာရှိ ကုန်မာစတိုးဆိုင်ပိုင်ရှင်အလီ နီဇီယာက ကွန်ကရစ်တန်ချိန်များအောက်၌ ပိတ်မိနေမည်ကို စိုးရိမ်သော ဒေသခံများအား  ဝီစီများစတင်ရောင်းချခဲ့သည်။

“လူတွေက ကြောက်နေကြတယ်”ဟု ၁၂ ထပ်အဆောက်အအုံ၏မြေညီထပ်တွင် စျေးဆိုင်ဖွင့်လှစ်ထားသောနီဇီယာကပြော ကြားခဲ့သည်။

ဝီစီများနှင့် ရေပုလင်းများ 

အချို့ဒေသခံများက ညလယ်ခေါင်အ ချိန်တွင် ငလျင်လှုပ်ခတ်ခဲ့သည်ရှိသော်ပိတ် မိနေလျှင် အဆင်သင့်ဖြစ်စေရန်အတွက်၎င်းင်း တို့ အိပ်ရာများအောက်၌ ဘီစကစ်များနှင့်ရေ ပုလင်းများကို စတင်သိုလှောင်ထားကြသည် ဟု ဆိုသည်။

ယူဂန်ကလည်း အကူအညီစောင့်ဆိုင်း နေချိန်တွင် အသက်ရှင်သန်နိုင်ရန် ၎င်းင်းမိသား စုအတွက် အရေးပေါ်အိတ်အချို့ကိုပြင်ဆင် ထားသည်။

အစ္စတန်ဘူလ် လက်ကားရောင်းချသူ အူဂွာအီရစ်ဆိုဂလူက လက်နှိပ်ဓာတ်မီးများ၊ စောင်များ၊ဆေးသေတ္တာများနှင့် လည်ပတ် များပါဝင်သောငလျင်အသက်ကယ်အိတ် များကို ၁၀ ဒေါ်လာဖြင့်ရောင်းချပေးနေသည်။

“ကျွန်တော်တစ်လကို အိတ် ၁၀၀၀ ရောင်းရပါတယ်။ ငလျင်လှုပ်ချိန်ကတည်းက အစ္စတန်ဘူလ်ကနေ အမှာ ၈၀၀၀ အပါအဝင် အမှာစာပေါင်း ၁၅၀၀၀ ရရှိခဲ့ပါတယ်”ဟု၎င်းင်း ကဆိုသည်။

တူရကီ၏အဓိကမြို့ကြီးနှင့်ပတ်သက်၍ ရုတ်တရက် အန္တရာယ်ခြိမ်းခြောက်မှုသတိပေး ချက်သည် အချို့သူများအား နေအိမ်များကို ပြောင်းရွှေ့ရန် အလေးအနက်ထားစဉ်းစားစေ ခဲ့သည်။

“အစ္စတန်ဘူလ်ရဲ့မြောက်ပိုင်းခရိုင် တွေ က ပြတ်ရွေ့ကြောနဲ့ ဝေးလို့ အဲဒီကနေအိမ် တွေက ဝယ်လိုအားမြင့်တက်နေပါတယ်”ဟု Zingat အိမ်ခြံမြေကုမ္ပဏီအထွေထွေမန်နေ ဂျာမာမက်အာကက်ကဆိုသည်။

အစ္စတန်ဘူလ်အနောက်မြောက်ပိုင်းကီ လိုမီတာ ၂၀၀ အကွာက ငလျင်လှုပ်ခတ်မှု နည်းပါးသော အီဒါးနီမြို့နှင့်ကာ့က်လာရီနီ မြို့ကဲ့သို့ မြို့များတွင် အိမ်ခြံမြေရှာဖွေမှုများ မြင့်တက်နေသည်။

    

သတိဖြင့် အစဉ်အမြဲနေထိုင်ခြင်း

စိတ်ပညာရှင် နီးလ်အေကက်က၎င်းင်း သည် အစ္စတန်ဘူလ်မှ ပြောင်းရွှေ့ရန်အလွန် တိကျသော အစီအမံများပြုလုပ်နေသည့်လူ နာများနှင့် တွေ့ဆုံခဲ့သည်ဟုဆိုသည်။

“လူအများစုဟာ သူတို့နေအိမ်တွေမှာ မလုံခြုံတော့ဘူးလို့ ခံစားနေရတယ်။သူတို့ တွေက အမြဲသတိနဲ့ နေနေကြတယ်။လမ်း ပေါ်ထွက်ရင်လည်း အဆောက်အအုံပြိုကျ ရင် ပိုလုံခြုံမယ့် လူသွားလမ်းတွေကိုရွေးချယ် ကြပါတယ်”ဟု၎င်းင်းကဆိုသည်။

“အချို့လူတွေ(လူနာအချို့)ဟာ ဆင် ခြင်တုံတရားနဲ့ မစဉ်းစားနိုင်ကြတော့ပါဘူူး” ဟု အေကက်က၎င်းင်း၏လုပ်ဖော်ကိုင်ဖက်များ ကို ပြောကြားခဲ့သည်။

ယင်းအကြောက်တရားသည် အသက် အရွယ် သို့မဟုတ် လူမှုအတန်းအစားများကို မခွဲခြားဘဲ လူတိုင်းတွင်စွဲကပ်နိုင်သည်ဟု အေကက်က ဆိုသည်။

၎င်း၏ ၁၂ ထပ်အမြင့်ရှိတိုက်ခန်းမှမြို့ ၏ အလှအပကို ကြည့်ရှုရခြင်းကို ကြိုက်နှစ် သက်သည့် လူငယ်တစ်ဦးဖြစ်သူ စီဆယ်အက် တီမာက အချို့အချိန်များတွင် အစ္စတန်ဘူလ် မှ ထွက်ခွာရန် စဉ်းစားမိသည်ဟု ပြောကြား ခဲ့သည်။

“ဖေဖော်ဝါရီလက ဖြစ်ပွားတဲ့သဘာဝ ဘေးအန္တရာယ်ဟာ ရွှေ့ပြောင်းဖို့အတွက်ဦး စားပေးကိစ္စရပ်ဖြစ်လာပါတယ်”ဟု၎င်းင်းက ပြောကြားခဲ့သည်။

“ကျွန်မအဆောက်အအုံမှာ ဘာမှဖြစ် မလာသေးပေမယ့် ကျွန်မမြင်တွေ့ရမယ့် အ ရာတွေကို ခံနိုင်ရည်ရှိမယ်မထင်ဘူး”ဟု အက်တီမာက ပြောကြားခဲ့သည်။

Ref: AFP

 

Most Read

Most Recent