အလိုအလျောက် ပို့ကုန်လိုင်စင်စနစ်ဖြင့် ကုန်စည်လိုင်းပေါင်း ၁၀၂၉၃ လိုင်းကို လိုင်စင်ထုတ်ပေးမှု ဧပြီ ၁ ရက်တွင် စတင်ခြင်းနှင့် ရန်ကုန်စတော့အိတ်ချိန်း၌ စတော့ရှယ်ယာများကို နိုင်ငံခြားသားများ ပါဝင်ရောင်းချရန် ခွင့်ပြုထားခြင်း

အလိုအလျောက် ပို့ကုန်လိုင်စင်စနစ်ဖြင့် ကုန်စည်လိုင်းပေါင်း ၁၀၂၉၃ လိုင်းကို လိုင်စင်ထုတ်ပေးမှု ဧပြီ ၁ ရက်တွင် စတင်ခြင်းနှင့် ရန်ကုန်စတော့အိတ်ချိန်း၌ စတော့ရှယ်ယာများကို နိုင်ငံခြားသားများ ပါဝင်ရောင်းချရန် ခွင့်ပြုထားခြင်း
Published 2 April 2023

ရန်ကုန်စတော့အိတ်ချိန်းတွင် စတော့ရှယ်ယာများကို နိုင်ငံခြားသားများ ပါဝင်ရောင်းချရန် ခွင့်ပြုထားကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

“YSX ရဲ့ ခုနစ်နှစ်တာ ဖြတ်သန်းခဲ့တဲ့ကာလမှာ တိုးတက်မှုအနေနဲ့ စာရင်းဝင်ကုမ္ပဏီတစ်ခုနဲ့စတင်ခဲ့ပြီး စာရင်းဝင်ကုမ္ပဏီခုနစ်ခု၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ ခြောက်ခုရှိခဲ့ပါတယ်။ အခုအချိန်မှာ စတော့ရှယ်ယာများကို အွန်လိုင်းနဲ့လည်း ရောင်းဝယ်နိုင်ပြီဖြစ်လို့ ဝယ်သူနဲ့ ရင်းနှီးမြှုပ်နှံသူတွေက မိမိတို့နေရာမှာတင် အစုရှယ်ယာများကို ရောင်းဝယ်မှု ပြုလုပ်နိုင်ပါတယ်။ နိုင်ငံခြားသားများ ပါဝင်ရောင်းချဖို့လည်း ခွင့်ပြုထားပါတယ်၊ မိမိတို့နှစ်သက်ရာ စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ဝယ်ယူနိုင်ပါတယ်။ Main Board ထက် အရွယ်အစားအားဖြင့် သေးငယ်တဲ့ အများပိုင်ကုမ္ပဏီများ အထူးသဖြင့် SME၊ MSME လုပ်ငန်းများကို စာရင်းဝင်ကုမ္ပဏီသို့ ရောက်ရှိလာအောင် Pre-Listing Board ကို တည်ထောင်ပြီးဖြစ်ပါတယ်၊ MSME လုပ်ငန်းများ ဝင်ရောက်ရောင်းဝယ်နိုင်ပြီဖြစ်ပါတယ်၊ စာရင်းဝင်ကုမ္ပဏီများကို နိုင်ငံတော်က Corpoarate Income Tax လျှော့ပေးထားပါတယ်။ နောင်တွင်လည်း ငွေချေးစာချုပ်စျေးကွက် (Corporate Bond Market)ကိုလည်း ထပ်မံဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံငွေချေး သက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၉၆ခုနှစ်၌ အရင်းအနှီးစျေးကွက်၏သန္ဓေဖြစ်သည့် Myanmar Securities Exchange Centre  ကို ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး စတော့အိတ်ချိန်း အစုရှယ်ယာများကို ရောင်းချပေးခဲ့ကြောင်းလည်း သမိုင်းမှတ်တမ်းများအရ သိရသည်။

မြန်မာနိုင်ငံတွင်၂၀၀၈ ခုနှစ်၌ Capital Market Development Committee ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရန် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ကိုလည်း ဖွဲ့စည်းခဲ့သည်။

ငွေချေးသက်သေခံလက်မှတ်များ အခိုင်အမာရှိစေရန်အတွက် ဥပဒေ၊ နည်းဥပဒေများကိုလည်း ၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည်။

လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများမှာ First Myanmar Investment (FMI) ၊ Myanamr Thilawa SEZ၊ Myanmar Citizens Bank (MCB)၊ First Private Bank၊ TMH Telecom Co.,Ltd၊ Amata Holding Co.,Ltd တို့ဖြစ်သည်။

တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီ မရှိသဖြင့် တင်ဒါပိတ်သိမ်း

တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုကို ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်းဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့သော်လည်း တင်ဒါအောင်မြင်သည့်ကုမ္ပဏီ         မရှိသဖြင့် တင်ဒါပိတ်သိမ်းကြောင်း ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုကို ပဏာမ စူးစမ်းလေ့လာမှုများ ဆောင်ရွက်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းလုပ်ငန်း (Re-Tender) ဆောင်ရွက်ရန် တင်ဒါအမှတ် Tender No.13/ DHIP(P&W)/ 2022-2023 (Re-Tender) ခေါ်ယူခဲ့သော်လည်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီ မရှိသဖြင့် တင်ဒါပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini-Budget) ခြောက်လအတွင်း လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၆၁၁၅ ဒသမ ၇၉ဖြင့် အများဆုံးဖြစ်ကာ ရေအားမှကီလို ဝပ ်နာရီ သန်းပေါင်း ၄၇၉၅ ဒသမ ၀၃ ထုတ်လုပ်ထားကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini-Budget) ဖြစ်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ ခုနှစ် မတ်လအတွင်း လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၆၁၁၅ ဒသမ ၇၉၊ ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၄၇၉၅ ဒသမ ၀၃၊ ဆိုလာမှ ကီလိုဝပ်နာရီသန်းပေါင်း  ၆၇  ဒသမ ၅၈၊ ဒီဇယ်မှ ကီလိုဝပ် နာရီသန်းပေါင်း ၅၈ ဒသမ ၉၉ ဖြင့် စုစုပေါင်း ကီလိုဝပ်နာရီသန်းပေါင်း ၁၁၀၃၇ ဒသမ ၃၉ ထုတ်လုပ်ထားသည်။

လအလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ကီလိုဝပ်နာရီသန်းပေါင်း ၂၁၁၆ ဒသမ ၈၄၊ နိုဝင်ဘာတွင် ကီလိုဝပ်နာရီသန်းပေါင်း၂၀၄၀ ဒသမ ၅၁၊ ဒီဇင်ဘာတွင် ကီလိုဝပ်နာရီ သန်းပေါင်း ၁၉၀၉ ဒသမ ၆၄၊ ၂၀၂၂ ခု နှစ် ဇန်နဝါရီတွင် ကီလိုဝပ်နာရီ သန်းပေါင်း ၁၇၉၁ ဒသမ ၅၀၊ ဖေ ဖော်ဝါရီတွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၅၃၈ ဒသမ ၈၇၊ မတ်လတွင် ကီလိုဝပ်နာရီ သန်းပေါင်း ၁၆၄၀ ဒသမ ၀၃  ထုတ်လုပ်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အား အမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ် နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ် နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ် ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှကီလိုဝပ် နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ရရဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာ ရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီ ဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မကြာမီ တင်ဒါခေါ်ယူရန် ပြင်ဆင်နေပြီး တရုတ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ  ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဆီမှာ  လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး မကြာခင်မှာ နိုင်ငံတော်အဆင့်အနေနဲ့ တင်ဒါခေါ်ယူဖို့တွေရှိပါတယ်။ ပြင်ဆင်နေပါတယ်။ လျှပ်စစ်လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ကြားလိုပါတယ်”ဟု ၎င်းကဆိုသည်။

မြန်မာ-တရုတ်(ချုံချင့်- ပိရှန်း ဒေသ) အကြား ပူးပေါင်းဆက်ဆံမှု တိုးမြှင့်လာစေရေး၊ အခွင့်အလမ်းများ ရှာဖွေနိုင်ရေး၊ နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမည့် စီမံကိန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တရုတ် (ချုံချင့်- ပိရှန်း)- မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဆက် ပွဲကို ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပစဉ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုန်စည်လိုင်းပေါင်း ၁၀၂၉၃ လိုင်းကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစ၍ အလိုအလျောက်ပို့ကုန်လိုင်စင်စနစ်ဖြင့် လိုင်စင်ထုတ်ပေးမည်

မြန်မာ့အကောက်ခွန်နှုန်းထား စာရင်း ၂၀၂၂ အရ ကုန်စည်လိုင်းပေါင်း ၁၀၂၉၃ လိုင်းကို ၂၀၂၃ ခု နှစ် ဧပြီ ၁ ရက်မှစ၍ အလိုအလျောက် ပို့ကုန်လိုင်စင်စနစ်ဖြင့် လိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ၏ မတ် ၂၈ ရက်စွဲပါ ကြေညာချက်အမှတ် (၀၀၂/၂၀၂၃)တွင် ဖော်ပြထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ၂၀၂၂ ခုနှစ် မတ် ၂၂ ရက်တွင် ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၆/ ၂၀၂၃) ဖြင့် Customs Tariff of Myanmar HS Version 2022 အရ H.S Code 10 Digit Level ရှိ ကုန်စည်လိုင်းပေါင်း ၁၀၂၉၃ လိုင်းအား Trade Net 2.0 စနစ်တွင် Auto Licensing စနစ်ဖြင့် လိုင်စင် ထုတ်ပေးခြင်းကို ၂၀၂၃ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်သည်။

Most Read

Most Recent