ဖိလစ်ပိုင်ရိ်ှုးပွဲတွင် ဂျန်းနီ၏ တိုပြတ်လွန်းသည့်ဝတ်စားမှု လူပြောစရာဖြစ်ခဲ့

ဖိလစ်ပိုင်ရိ်ှုးပွဲတွင် ဂျန်းနီ၏ တိုပြတ်လွန်းသည့်ဝတ်စားမှု လူပြောစရာဖြစ်ခဲ့
Photo - KBIZoom
Photo - KBIZoom
Published 30 March 2023

BLACKPINK အဖွဲ့၏ ဖိလစ်ပိုင်ဖျော်ဖြေမှုအတွင်း အဖွဲ့ဝင်ဂျန်းနီ၏ တင်ပါးလုံရုံ ဖုံးထားသည့် ဖက်ရှင်က လူအာရုံစိုက်စရာဖြစ်ခဲ့ရပြီး ဆိုရှယ်မီဒီယာတွင်လည်း လူပြောစရာ ဖြစ်လာခဲ့သည်။

BORN PINK ကမ္ဘာလှည့်ဖျော်ဖြေမှု တစ်စိတ်တစ်ပိုင်းအဖြစ် BLACKPINK အဖွဲ့က ဖိလစ်ပိုင်တွင် မတ် ၂၅ ရက်နှင့် ၂၆ ရက် နှစ်ညဖျော်ဖြေခဲ့ပြီး ဖျော်ဖြေပွဲတွင် ဂျန်းနီ ဝတ်ခဲ့သည့် မီနီစကတ်က ကျန်အဖွဲ့ဝင်များထက် ပိုတိုနေခဲ့သည်။

ယင်းစကတ်ဖြင့် ဂျန်းနီဖျော်ဖြေနေသည့် ဗီဒီယိုများ ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် ပျံ့နှံ့လာပြီး၊ ထိုအထဲမှာမှ ch_blackpink ဆိုသည့် TikTok အကောင့်ကတင်ထားသည့် မတ် ၂၆ ရက်ဗီဒီယိုက လူကြည့်များခဲ့သည်။

ထုံးစံအတိုင်း ဂျန်းနီ၏ သွယ်လျနေသည့်  ပေါင်တံများကို ချီးကျူးသူများရှိသကဲ့သို့ အရေးကြီးသည့်ခန္ဓာအစိတ်အပိုင်းများကို မမြင်ရစေမည့်အဝတ်အစားမျိုး ဆင်ပေးစေချင်သည်ဟု ပြောသူများလည်းရှိသည်။

မတ် ၂၁ ရက် YG Entertainment အဆိုအရ ဂျန်းနီ၏တစ်ကိုယ်တော်သီချင်း Solo က YouTube တွင် ကြည့်ရှုမှုအကြိမ်ရေသန်း  ၉၀၀ ကျော်သွားခဲ့ပြီး ကေပေါ့မိန်းကလေးအဆို တော်တစ်ဦး၏ လူကြည့်အများဆုံး သီချင်းဗီ ဒီယိုအဖြစ် စံချိန်တင်ခဲ့သည်။သီချင်းထွက် ထားသည်မှာ လေးနှစ်ကျော်ရှိပြီဖြစ်သည်။

ဂျန်းနီ၏အချစ်ရေးကလည်း ပရိသတ် စိတ်ဝင်စားမပျက်သည့်အကြောင်းအရာ တစ်ခုဖြစ်ပြီး မတ် ၂၀ ရက်က ဟယ်ရီစတိုင်၏  ဆိုးလ်ဖျော်ဖြေပွဲတွင် ဂျန်းနီနှင့် BTS အဖွဲ့ဝင် ဗွီတို့ကို ပရိသတ်က စိတ်ဝင်စားခဲ့သည်။ ပြီးခဲ့သည့်နှစ်က နှစ်ဦးတွဲဓာတ်ပုံများ ပျံ့လာပြီးကတည်းက ၎င်းတို့ကို ပရိသတ်က သို့လောသို့လော ထင်နေကြသည်။

Most Read

Most Recent