ဆီဒိုးနားဟိုတယ် တည်ဆောက်ထားသောမြေမှာ အမွေဆက်ခံပိုင်ခွင့်ရှိသည့် မြေနေရာဖြစ်ပြီး အမွေဆက်ခံ သူ၏ သဘောတူခွင့်ပြုချက်မရှိဘဲ လွှဲပြောင်း  ပေါင်နှံ ရောင်းချခြင်း အစရှိသည်တို့ မပြုလုပ်ရန် ကြေညာ

ဆီဒိုးနားဟိုတယ် တည်ဆောက်ထားသောမြေမှာ အမွေဆက်ခံပိုင်ခွင့်ရှိသည့် မြေနေရာဖြစ်ပြီး အမွေဆက်ခံ သူ၏ သဘောတူခွင့်ပြုချက်မရှိဘဲ လွှဲပြောင်း  ပေါင်နှံ ရောင်းချခြင်း အစရှိသည်တို့ မပြုလုပ်ရန် ကြေညာ
Published 30 March 2023

ဆီဒိုးနားဟိုတယ် တည်ဆောက်ထားသောမြေမှာ အမွေဆက်ခံပိုင်ခွင့်ရှိသည့် မြေနေရာဖြစ်ပြီး အမွေဆက်ခံသူ၏ သဘောတူခွင့်ပြုချက်မရှိဘဲ လွှဲပြောင်း၊ ပေါင်နှံ၊ ရောင်းချခြင်း အစရှိသည်တို့ မပြုလုပ်ရန် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားချက်အရ သိရသည်။

အဆိုပါ မြေနေရာကို ပိုင်ဆိုင်သူမှာ ဦးရဲဝင်းအောင်ဆိုသူဖြစ်ကြောင်း၊ မြေနေရာမှာ ၎င်းအမွေ ဆက်ခံပိုင်ခွင့်ရှိသည့် မြေနေရာဖြစ်ကြောင်း၊ ဦးရဲဝင်းအောင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ သုခဝတီလမ်း၊ မြေတိုင်းရပ်ကွက် အမှတ် (၈၆)၊ ကံဘဲ့၊ ဦးပိုင်မြေ ကွက်အမှတ် ၈ ၊ ၁၅ နှင့် ၁၆၊ ဧရိယာအကျယ်အ ဝန်း (၂၇ ဒသမ ၀၁)၊ (၀ ဒသမ ၆၅)ဧကနှင့် (၀ ဒသမ ၁၉)ဧကရှိ မခွဲမစိတ်ရသေးသော မြေတို့မှာ စူနီရမ်ရပ်မရှား (Sooniran Rameshur) အမည်ပေါက်ဖြင့် ပိုင်ဆိုင်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်း ဖော်ပြထားသည်။

အဆိုပါ မြေများတွင်ရန်ကုန် ဆီဒိုးနား ဟိုတယ်တည်ဆောက်ထားသည့် မြေနေရာပါ ဝင်လျက်ရှိကြောင်း၊ ယင်းမြေနေရာကို မြေပိုင် ရှင်၏ သဘောတူခွင့်ပြုချက်မရှိဘဲ မည်သူ့ကို မျှ လွှဲပြောင်း၊ ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်း၊ စွန့်လွှတ်လှူဒါန်းခြင်း၊ ထပ်မံကျူးကျော်ဝင် ရောက်ခြင်းတို့ မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြေပိုင်ရှင်၏ လွှဲအပ်ညွှန် ကြားချက်အရ ၎င်းင်း၏ တရားလွှတ်တော်ရှေ့ နေမှ နိုင်ငံပိုင်သတင်းစာများတွင် ထည့်သွင်း ကြေညာထားသည်ကို တွေ့ရသည်။

Keppel ကော်ပိုရေးရှင်းသည် ဆီဒိုးနား ဟိုတယ် ရန်ကုန်ကို အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် ရောင်းချမည်ဟု NIKKIASIAN က ဖော်ပြထားသည်။

Keppel ကော်ပိုရေးရှင်းမှာ စင်ကာပူ အစိုးရကျောထောက်နောက်ခံ ပြုလုပ်ငန်းကြီး ဖြစ်ပြီး ၎င်း၏သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်း အားကောင်းစေရန် ပိုင်ဆိုင်ပစ္စည်း များ ရောင်းချမှုကို အရှိန်မြှင့်လုပ် ဆောင်လျက် ရှိသည်။

ကုမ္ပဏီသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် အဆုံးသတ်သော ဘဏ္ဍာရေးနှစ်တွင် ကူး စက်ရောဂါကြောင့် လုပ်ငန်းများ ရပ်ဆိုင်း ထားသောဟိုတယ်အတွက် တန်ဖိုးကိုသတ် မှတ်ခဲ့သည်။  

Keppel သည် ၎င်း၏ မြန်မာဟိုတယ် လုပ်ငန်းကို Spring Blossom Ventures  သို့ ရောင်းချ မည်ဖြစ်သည်။ Spring Blossom Ventures  သည် စင်ကာပူတွင် မှတ်ပုံတင် ထားသောကုမ္ပဏီဖြစ်ပြီး ၎င်းင်း၏ကနဦးစီးပွား ရေးလုပ်ငန်းကိုဟိုတယ် လုပ်ငန်းနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှု ဦးပိုင်လုပ်ငန်းနှင့် ရင်းနှီ း မြှုပ်နှံမှုလုပ်ငန်းအဖြစ် ဖော်ပြထားသည်။

ကုမ္ပဏီ အစုရှယ်ယာရောင်းချမှုသည် ၂၀၂၃ ခုနှစ် ပထမခြောက်လအတွင်းတွင် ပြီး စီးမည်ဟု မျှော်လင့်ရသည်။

ကုမ္ပဏီသည် အဆောက်အအုံကို ဟိုတယ်အဖြစ် ဆက်လက်လုပ်ကိုင်သွားရန်စီ စဉ်ထားသည်ဟု ၎င်းင်းကပြောကြားပြီး ဟိုတယ် လုပ်ငန်းရှင်သစ်ကို မိမိတို့မျှော်လင့်နေသည် ဟု ပြောကြားသည်။ ဟိုတယ်ပြန်လည်ဖွင့်လှစ် မည့်အချိန်ကို ဆုံးဖြတ်ခြင်းမရှိသေးပေ။

ဆီဒိုးနားဟိုတယ်ရန်ကုန်ကို ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဖွင့်လှစ်သည် ပထမဆုံးနိုင်ငံတကာဟိုတယ် များထဲတွင် ပါဝင်သော ဟိုတယ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အဆောက်အအုံ သစ်တစ်ခုကို ဖြည့်စွက်ဆောက်လုပ်ခဲ့ရာ အခန်းအရေအတွက် ၈၀၀ နီးပါးအထိရှိလာသည်။

Most Read

Most Recent