တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်း ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့သော်လည်း တင်ဒါအောင်မြင်သည့်ကုမ္ပဏီမရှိသဖြင့် တင်ဒါပိတ်သိမ်း

တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်း ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့သော်လည်း တင်ဒါအောင်မြင်သည့်ကုမ္ပဏီမရှိသဖြင့် တင်ဒါပိတ်သိမ်း
Published 29 March 2023

တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းလေးခုကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်း ဆောင်ရွက်ရန် တင်ဒါခေါ်ယူခဲ့သော်လည်း တင်ဒါအောင်မြင်သည့်ကုမ္ပဏီမရှိသဖြင့် တင်ဒါပိတ်သိမ်းကြောင်း ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီ မံကိန်းလေးခုအား ပဏာမစူးစမ်းလေ့လာမှုများ ဆောင်ရွက်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်း (Re-Tender) ဆောင်ရွက်ရန် တင်ဒါ အမှတ်Tender No.13/DHPI(P&W) /2022-2023 (Re-Tender) ခေါ်ယူခဲ့သော်လည်း တင်ဒါအောင်မြင်သည့်ကုမ္ပဏီမရှိသဖြင့် တင်ဒါပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget) ခြောက်လအတွင်း လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၆၁၁၅ ဒသမ ၇၉ ဖြင့်အများဆုံးဖြစ်ကာ ရေအားမှကီလိုဝပ်နာရီ သန်းပေါင်း ၄၇၉၅ ဒသမ  ၀၃ ထုတ်လုပ်ထားကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထာသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(Mini Budget)ဖြစ်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ မှ ၂၀၂၂ ခုနှစ် မတ်လအတွင်း လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၆၁၁၅ ဒသမ ၇၉၊ ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၄၇၉၅ ဒသမ ၀၃၊ ဆိုလာမှ ကီလိုဝပ်နာရီသန်းပေါင်း ၆၇  ဒသမ ၅၈၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၅၈ ဒသမ ၉၉ ဖြင့် စုစုပေါင်း ကီလိုဝပ်နာရီ သန်းပေါင်း ၁၁၀၃၇ ဒသမ ၃၉ ထုတ်လုပ် ထားသည်။

လအလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ကီလိုဝပ်နာရီသန်းပေါင်း ၂၁၁၆ ဒသမ ၈၄၊ နိုဝင်ဘာတွင် ကီလိုဝပ်နာရီသန်းပေါင်း ၂၀၄၀ ဒသမ ၅၁၊ ဒီဇင်ဘာတွင် ကီလိုဝပ်နာရီသန်း ပေါင်း ၁၉၀၉ ဒသမ ၆၄၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၇၉၁ ဒသမ ၅၀၊ ဖေဖော်ဝါရီတွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၅၃၈ ဒသမ ၈၇၊ မတ်လတွင် ကီလိုဝပ်နာရီသန်းပေါင်း ၁၆၄၀ ဒသမ ၀၃  ထုတ်လုပ်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အားအမျိုးအစားလိုက် လျှပ်စစ်ထုတ်လုပ်မှုအနေဖြင့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၁၂၂၇ ဒသမ ၈၂၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီသန်းပေါင်း ၉၃၆၆ ဒသမ ၅၆၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၂၁၆၉ ဒသမ ၇၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၄ ဒသမ ၇၃ ထုတ်လုပ်ထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ရေအားမှ ကီလိုဝပ်နာရီသန်းပေါင်း ၁၂၂၆၅ ဒသမ ၀၃၊ သဘာဝဓာတ်ငွေမှ ကီလိုဝပ်နာရီ သန်းပေါင်း ၇၄၅၉ ဒသမ ၂၂၊ ရေနွေးငွေ့မှ ကီလို ဝပ်နာရီသန်းပေါင်း ၁၀၈၀ ဒသမ ၆၀၊ ဒီဇယ်မှ ကီလိုဝပ်နာရီသန်းပေါင်း ၇၇ ဒသမ ၅၅ ထုတ်လုပ်ထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် မကြာမီ တင်ဒါခေါ်ယူရန် ပြင်ဆင်နေပြီး တရုတ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်းရင်းနှီးမြှုပ် နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဆီမှာ လျှပ်စစ်ဓာတ်အားနဲ့ ပတ်သက်ပြီး မကြာခင်မှာ နိုင်ငံတော်အဆင့်အနေနဲ့ တင်ဒါခေါ်ယူဖို့တွေရှိပါတယ်။ ပြင်ဆင်နေပါတယ်။ လျှပ်စစ်လုပ်ငန်းတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ကြား လိုပါတယ်” ဟု ၎င်းကဆိုသည်။

မြန်မာ-တရုတ်(ချုံချင့်-ပိရှန်းဒေသ)အကြား ပူးပေါင်းဆက်ဆံမှု တိုးမြှင့်လာစေရေး၊ အခွင့်အလမ်းများ ရှာဖွေနိုင်ရေး၊ နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမည့် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် တရုတ် (ချုံချင့်-ပိရှန်း)-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမိတ်ဆက်ပွဲကို ၂၀၂၃ ခုနှစ် မတ် ၂၂ ရက်က ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပစဉ် ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းဇော်ဦးက အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent