John Wick ရိုက်ကူးရေးစတန့်အတွင်း မတော်တဆမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဦးခေါင်းဒဏ်ရာရခဲ့ကြောင်း ကင်နူးရိဖ် ပြောကြား

John Wick ရိုက်ကူးရေးစတန့်အတွင်း မတော်တဆမှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဦးခေါင်းဒဏ်ရာရခဲ့ကြောင်း ကင်နူးရိဖ် ပြောကြား
Photo - AFP
Photo - AFP
Published 25 March 2023

မင်းသားကင်နူးရိဖ်က John Wick: Chapter 4 မထွက်ရှိမီ John Wick ရိုက်ကူးရေးအတွင်း လူတစ်ဦးကို မတော်တဆခေါင်း ကွဲအောင် ပြုလုပ်မိကြောင်း ထုတ်ဖော်ပြော ကြားခဲ့သည်။

John Wick: Chapter 4 မထွက်ရှိမီ မကြာသေးမီကပြုလုပ်သည့် အင်တာဗျူးအတွင်း ကင်နူးရိဖ်က ရုပ်ရှင်ရိုက်ကူးရေးအတွင်း စိတ်မကောင်းဖြစ်ရသည့် အခိုက်အတန့်ရှိခဲ့သည်ဟုဆိုသည်။

ဖြစ်ရပ်တစ်ခု၌ သူသည် မတော်တဆလူ တစ်ဦးကို ခေါင်းကွဲအောင်လုပ်မိခဲ့သည်ဟုဆိုသည်။ ရိဖ်က စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပြီး ရိုက်ကူးရေးတွင် ဘေးကင်းလုံခြုံမှုစီမံချက်များသည် အရေးကြီးကြောင်း အသိအမှတ်ပြုပြောကြားခဲ့သည်။

သူသည် စတန့်တစ်ခုအတွင်း အမျိုးသားတစ်ဦးကို ကားနဲ့ တိုက်မိခဲ့ကြောင်း ပြောကြားခဲ့ပြီး ထိုအမျိုးသားကို ဆေးရုံဆီအလျင်အမြန် ပို့ဆောင်ခဲ့သည်ဟုဆိုသည်။

“အခြားအရာတွေထက် ကျွန်တော် လူတစ်ယောက်ကို ကားနဲ့တိုက်မိခဲ့တယ်။ ကျွန်တော်က ကားထဲမှာရောက်နေတာဆိုတော့ သူ့ကို ဆေးရုံပို့ပေးခဲ့ပေမဲ့ သူအဆင်ပြေပါတယ်”ဟု ရိဖ်က ပြောကြားခဲ့သည်။

စတန့်ပြကွက်များသည် ပြင်းထန်သော်လည်း ရိုက်ကွင်းတွင် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်း ရိဖ်ကဆိုသည်။ ရိဖ်က ဂရုစိုက်ခြင်းနှင့် လူတိုင်းဘေးကင်းမှုသည် အရေးပါကြောင်း အသိအမှတ်ပြုပြောကြားခဲ့ပြီး တစ်ဦးနှင့်တစ်ဦး အမြဲဂရုတစိုက်ရှိပေးနေသည့် ၎င်း၏အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ “ရိုက်ကွင်းမှာ အချို့တွေ ပွန်းရာခြစ်ရာတွေရှိခဲ့ပေမဲ့ ဆိုးဆိုးရွားရွား ထိခိုက်တဲ့သူမရှိပါဘူး”ဟု ရိဖ်က ပြောကြားခဲ့သည်။

Most Read

Most Recent