မတ်လ၊ ဧပြီနှင့် မေလအတွင်း နေ့အပူချိန်များ မြင့်တက်ရာမှ မိုးတိမ်တောင်များဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးရွာခြင်းများဖြစ်ပေါ်နိုင်

မတ်လ၊ ဧပြီနှင့် မေလအတွင်း နေ့အပူချိန်များ မြင့်တက်ရာမှ မိုးတိမ်တောင်များဖြစ်ပေါ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးရွာခြင်းများဖြစ်ပေါ်နိုင်
မိုးကုတ်မြို့တွင် မိုးသီးကြွေကျမှုကြောင့် အိမ်ခေါင်မိုးတွင် အပေါက်များဖြစ်နေသည်ကို တွေ့ရစဉ်
မိုးကုတ်မြို့တွင် မိုးသီးကြွေကျမှုကြောင့် အိမ်ခေါင်မိုးတွင် အပေါက်များဖြစ်နေသည်ကို တွေ့ရစဉ်
Published 15 March 2023

မတ်လ၊ ဧပြီနှင့်  မေလတို့တွင် နေ့အပူ ချိန်များ မြင့်တက်ရာမှ မိုးတိမ်တောင်များ ဖြစ် ပေါ်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ် ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးရွာခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မတ် ၁၅ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

နွေကာလတွင် ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင် သတိပေးနှိုးဆော်ချက်အနေဖြင့် မိုးဇလက ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအရပ်ရပ်၌ နွေကာလဖြစ်သည့် မတ်လ၊ ဧပြီနှင့် မေလတို့ အတွင်း နေ့အပူချိန်များ တဖြည်းဖြည်းမြင့် တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ၊ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ကြောင်း၊ အဆိုပါ မိုးတိမ်တောင် များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုး ထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ် များ ဖြစ်ပေါ်နိုင်ကြောင်း ပါရှိသည်။

ထိုသို့လေပြင်းတိုက်ခတ်စဉ် မြေပြင်/ ရေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ ယင်းအတွက် ကြောင့် ပြည်သူများအနေဖြင့် နွေကာလဖြစ် သည့် မတ်လ၊ ဧပြီနှင့် မေလတို့အတွင်း ဖြစ် ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးဂရုပြုနေထိုင်သွားကြပါ ရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များ အနေဖြင့်လည်း ကြို တင်သတိပြုနိုင်ပါရန် မိုးဇလက အသိပေး ထားကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းကလည်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း နှင့် အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် မန္တ လေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက် ပိုင်း) တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာ ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့သည်။

အလားတူ နေ့အပူချိန်များမှာ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မတ် လ၏ ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီစင်တီ ဂရိတ် ပိုခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်တို့အောက် နှစ်ဒီဂရီ စင်တီဂရိတ်နှင့် ချင်းပြည်နယ်တွင် မတ်လ၏ ပျမ်းမျှအပူချိန်အောက် သုံးဒီဂရီစင်တီဂရိတ် လျော့နည်းကာ ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်တို့တွင် မတ်လ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ကြောင်း သိရသည်။

ထူးခြားသည့် နေ့အပူချိန်များမှာ ချောက် မြို့တွင် ၄၁  ဒီဂရီစင်တီဂရိတ်၊ ညောင်ဦးမြို့ တွင် ၄၀ ဒီဂရီစင်တီဂရိတ်နှင့် ပေါက်မြို့တွင် ၃၉ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြကြောင်း၊ မှတ် သားဖွယ်ရာ မိုးရေချိန်များမှာ လွိုင်လင်မြို့တွင် သုည ဒသမ ၉၁ လက်မ၊ နောင်ချိုမြို့တွင် သုည ဒသမ ၄၃ လက်မ၊  နမ့်စန်မြို့တွင် သုည ဒသမ ၂၈ လက်မနှင့် ပူတာအိုမြို့နှင့် မချမ်း ဘောမြို့တို့တွင် သုည ဒသမ ၁၁ လက်မစီတို့ ဖြစ်ကြကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင် လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ် အသင့်အတင့် ဖြစ်ထွန်းနေခြင်းကြောင့် ကချင် ပြည်နယ်တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက် ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တန င်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း၊ ကျန်တိုင်းဒေ သကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်း ငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်း အမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် သုံးပေမှ ခုနစ်ပေခန့် ရှိနိုင်ကြောင်း သိရသည်။

လာမည့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုး ထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ သိရသည်။

Most Read

Most Recent